စောဘဦးကြီး၏မူ(၄)ရပ်

For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

Archives

မြန်မာနိုင်ငံတွင်း အိုးမဲ့အိမ်မဲ့ရှောင်တိမ်းနေရသူပေါင်း ၄၅၀,၀၀၀ ကျော်ရှိ NEJ/ ၅ နိုဝင်ဘာ ၂၀၀၈

Friday, November 7, 2008


၂၀၀၈ ခုနှစ်ထိ မြန်မာနိုင်ငံတွင်း အိုးမဲ့အိမ်မဲ့ရှောင်တိမ်းနေရသူပေါင်း ၄၅၀,၀၀၀ ကျော်ရှိပြီး ရှမ်းပြည်နယ်ရှိ အိုးမဲ့အိမ်မဲ့ရှောင်တိမ်းနေရသူ အရေအတွက်မှာ စုစုပေါင်းအရေအတွက်၏ ၃၀ ရာနှုန်းဖြင့် အများဆုံးဖြစ်နေသည်ဟု လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ထုတ်ပြန်သည့် နိုင်ငံခြားလူမှုရေးအဖွဲ့တခု အစီရင်ခံစာတွင် ဖော်ပြထားသည်။

တီဘီဘီစီ ခေါ် ထိုင်းမြန်မာနယ်စပ် အကူအညီပေးရေးအဖွဲ့ The Thailand Burma Border Consortium ၏ အောက်တိုဘာ ၂၀၀၈ နေ့စွဲဖြင့် ထုတ်ပြန်သည့် Internal Displacement and International Law in Eastern Burma အစီရင်ခံစာတွင် ယခုကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။

၂၀၀၈ ခုနှစ်ထိ ကရင်ပြည်နယ်ရှိ အိုးမဲ့အိမ်မဲ့ရှောင်တိမ်းနေရသူ အရေအတွက်မှာ တီဘီဘီစီလေ့လာထားသည့် တိုင်းနှင့်ပြည်နယ် ၆ ခုရှိ စုစုပေါင်းဦးရေ၏ ၂၃ ရာနှုန်းရှိပြီး ဒုတိယအများဆုံးဖြစ်သည်။


၁၉၉၆ ခုနှစ်မှ ၂၀၀၈ ခုနှစ်ထိ ၁၂ နှစ်တာကာလအတွင်း မြန်မာနိုင်ငံတွင်း အဖျက်ခံရသည့် ကျေးရွာ၊ အရွှေ့ ပြောင်းခံရသည့်ကျေးရွာနှင့် စွန့်ပစ်ခဲ့ရသည့် တီဘီဘီစီလေ့လာထားသည့် တိုင်းနှင့်ပြည်နယ် ၆ ခုရှိ ကျေးရွာစုစုပေါင်းမှာ ၃,၃၈၆ ရှိပြီး ရှမ်းပြည်နယ်တခုတည်းမှာပင် ရွာပေါင်း ၁၆၀၀ ရှိသည်။

သို့သော် ၁၉၉၆-၂၀၀၂ ကာလအတွင်း အဖျက်ခံရသည့် ကျေးရွာ၊ အရွှေ့ ပြောင်းခံရသည့်ကျေးရွာနှင့် စွန့်ပစ်ခဲ့ရသည့် ကျေးရွာစုစုပေါင်းမှာ ၂၅၃၆ ရှိသော်လည်း ၂၀၀၈ ခုနှစ်တွင် ၁၄၂ ရွာသာရှိတော့သည့်အတွက် ၉၅ ရာနှုန်း ကျဆင်းသွားသည်။

0 comments: