စောဘဦးကြီး၏မူ(၄)ရပ်

For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

Archives

ထိုင်းနယ်စပ်သို့ စစ်အစိုးရ လက်နက်ပစ္စည်းဖြည့် - လက်နက်ကြီးတပ်ဆင်ဖို့နှင့်ဆက်စပ်မှုရှိနိုင်ဟု SSA ဥက္ကဌသုံးသပ်

Wednesday, November 26, 2008

ထိုင်းနယ်စပ်သို့ စစ်အစိုးရ လက်နက်ပစ္စည်းဖြည့် - လက်နက်ကြီးတပ်ဆင်ဖို့နှင့်ဆက်စပ်မှုရှိနိုင်ဟု SSA ဥက္ကဌသုံးသပ်
တနင်္လာနေ့၊ 17 နိုဝင်ဘာလ 2008 သျှမ်းသံတော်ဆင့်
စစ်လက်နက်ပစ္စည်းအပြည့်တင်ဆောင်သော စစ်အစိုးရ၏တရုတ်ဖြစ် တုန်းဖုန်းစစ်ယာဉ်တန်းများ သျှမ်းပြည်အရှေ့ပိုင်းသို့ ရောက် လာရာ နယ်စပ်တလျောက် နအဖတို့လက်နက်ကြီးတပ်ဆင်ရန်စီစဉ်နေမှုနှင့် ဆက်စပ်မှုရှိနိုင်ကြောင်း သျှမ်းပြည်တပ်မတော် SSA ဥက္ကဌ ဗိုလ်မှုးကြီးယွက်စစ်က ပြောသည်။

ယခုလ ၉ ရက်နေ့က နအဖစစ်အစိုးရ၏ တုန်းဖုန်းစစ်ယာဉ်တန်း ၁၅ စီး တာ့ကော့တံတားဖြတ်သန်းသွားကြောင်း၊ မည်သည့်အရပ် သို့ ဆက်သွားမည်ကို မသိရကြောင်း အသက် ၄၀ ကျော် မိုင်းပြင်းဒေသခံ အမျိုးသား တစ်ဦးကပြောပြ သည်။

မိုင်းပြင်းအခြေစိုက် နအဖစစ်တပ်နှင့် အ၀င်အထွက်ရှိသူ အဆိုပါဒေသခံက “ ခဲယမ်းမီးကျောက်နဲ့ကျည်ဆံတွေတဲ့။ ဒေသခံ နအဖှ အရာရှိငယ်တွေ ပြောတယ်။ လုံòခံရေးအက်စ်ကော့ဒ်က အယောက် ၂၀ လောက်ဘဲရှိတယ်။ လမ်းတလျောက် ကင်းတဲတွေ စစ်သား တွေ မိုင်ဝက် ၁ မိုင်အကွာ ၃-၄ ယောက် ၁ ဖွဲ့လုံòခံရေးပိုထူတယ်။ ဆင့်ဆိုခံရတဲ့ အရပ်သားတွေလဲ တွေ့ရတယ်တဲ့၊ အဲဒီနေ့က ထော်လာဂျီသမားတွေပြောပြတာ” ဟု ဆို၏။

၎င်းနှင့် ပတ်သက်၍ သျှမ်းပြည်တပ်မတောှ် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဌ ဗိုလ်မှုးကြီးယွက်စစ်က “ထိုင်းနယ် စပ်တလေဋာက် တာချီလိတ်၊ ဟိုမိန်း၊ မိုင်းတုံ္မမ့နယ်တွေမှာ နအဖလက်နက်ကြီးတွေလာထားမယ်လို့ကြားရတာကြာပြီ။ ၁၂၀ မမနဲ့ ၁၅၀ မမ လို့ကြားရတယ်။ တပ်ဆင်မယ့်နေရာလည်းလုပ်ထားပြီးပြီတဲ့။ အခုလာတဲ့ ခဲယမ်းမီးကျောက်ကားတွေက လက်နက်ကြီး တပ်မယ့်ဟာနဲ့ ဆက်စပ်မှုရှိနိုင်တယ်။ နောက်တစ်ခုက သိပ်မကြာသေးခင်ကဘဲ မိုင်းဆတ်လေယာဉ်ကွင်းမှာ စစ်လေယာဉ် ထိန်းချုပ် တဲ့ ကွန်ပြူတာစက် တပ်ဆင်ထားပြီလို့ လဲကြားရတယ်” ဟု သျှမ်းသံတော်ဆင့်သို့ပြော၏။

၎င်းနှင့်ပါတ်သက်၍ နယ်စပ်မှ ထိုင်းအာဏာပိုင်တစ်ဦးက“ ၁၂၀ မမ ဆိုရင်တော့ SSA ကိုထိုးစစ်ဆင်တုန်းက သုံးတာ တွေ့ရတယ်။ ၁၅၀ မမ ဆိုရင် ဒါအဝေးပစ်ဘဲ။ သူတို့ ဘယ်ကိုပစ်မလဲ။ စိတ်ဝင်စားစရာဘဲ” ဟု ပြော၏။
သံလွင်အရှေ့ခြမ်းသို့ အဆိုပါစစ်ယာဉ်တန်းမရောက်လာမီ ၁ ရက်အလို ယခုလ ၈ ရက်နေ့ကလည်း ခလရ ၂၇၇ နှင့် ခလရ ၂၂၅ တို့က ကျိုင်းတုံ-နားကောင်းမူး ကားလမ်းတစ်လေဋာက်လုံòခံရေးချထားသည်ကိုတွေ့ရပြီးဒေသခံလူထုအားလည်း “လူကြီးလာ မည်” ဟုသာပြောထား၏။ ထိုနောက်ပိုင်း မကြာမီ တစ်စီးလျင် လုံòခံရေး ၅ ယောက်စီပါသည့်စစ်ယာဉ်တန်း ၅ စီးရောက်လာပြီး ပုံပါကျင်သို့ ၂ စီး၊ မိုင်းကဋ္ဌတ်သို့ ၂ စီး၊ နားကောင်းမူးသို့ ၁ စီး သွားသည်ဟုဆို၏။ သို့သော် ပုံပါကျင်ဒေသခံတစ်ဦးက “ဆောင်း တွင်းမို့လို့ စစ်သားတွေအတွက် အနွေးထည်တွေနဲ့ ရိက္ခာတွေ တင်လာတာတဲ့ ” ဟု စစ်တပ်အသိုင်းအ၀ိုင်းမှ ကြားသိရကြောင်း ပြောပြသည်။

သျှမ်းသံတော်ဆင့်မှကူးယူဖော်ပြသည်။

0 comments: