စောဘဦးကြီး၏မူ(၄)ရပ်

For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

Archives

ဥပဒေကျောင်းသူမဟန်နီဦးကို

Friday, December 19, 2008

ပြီးခဲ့သည့်လပိုင်းအတွင်း ဖမ်းဆီးထောင်ချခြင်းခံခဲ့ရသည့် နောက်ဆုံးနှစ်ဥပဒေကျောင်းသူ မဟန်နီဦးအား ရန်ကုန်အင်းစိန်ထောင်မှ လားရှိုးထောင်သို့ နိုဝင်ဘာ (၂၄) ရက်တွင် ပြောင်းရွှေ့ခဲ့သည်ဟု ဖခင်ဖြစ်သူက ခေတ်ပြိုင်သို့ ပြောသည်။

မဟန်နီဦးအား အာဏာပိုင်များက အသင်းအဖွဲ့ ပုဒ်မ(၆)၊ ၅၀၅/ခ စသည့်ပုဒ်မများဖြင့် ထောင်ဒဏ် (၉) နှစ်ခွဲချမှတ်ခဲ့ပြီး ယခုကဲ့သို့ လားရှိုးထောင်သို့ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ လားရှိုးထောင်တွင် ဒေါပုံမြို့နယ်မှ ကိုအုံးဂျော်၊ ကိုထွန်းမြင့်ထွန်း၊ ကိုမင်းဇေယျ၊ ကိုမြင့်ဟန်၊ မဂ္ဂင်ဆရာတော်တို့လည်း ရှိသည်။

မဟန်နီဦးအား စစ်အစိုးရအာဏာပိုင်များက ပြီးခဲ့သည့်နှစ် စက်တင်ဘာအရေးအခင်းအပြီးတွင် ဖမ်းဆီးခဲ့ပြီး သူမနှင့်အတူ ကိုစည်သူမောင်ကိုလည်း ဖမ်းဆီးခဲ့ကာ ယခုကဲ့သို့ပြစ်ဒဏ်များချမှတ်ခြင်းခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးနှစ်ဥပဒေကျောင်းသူ မဟန်နီဦးသည် စက်တင်ဘာ လူထုချီတက်လမ်းလျှောက်ဆန္ဒပြပွဲတွင် တက်ကြွစွာပါဝင်လှုပ်ရှားခဲ့သူတဦးလည်းဖြစ်ကြောင်း သူမ၏ဖခင်က ပြောသည်။

“ထောင်ဝင်စာတွေ့ စဉ်ကလည်း ကျနော်တို့ကို (၁၅) မိနစ်လောက်ပဲ တွေ့ခွင့်ပေးတာပါ။
နောက်ရက်ကျတော့ စကားတောင်ပြောခွင့်မပေးတော့ဘူးလို့တောင်ပြောတယ်။ ဒါပေမယ့် ကျနော်တို့က အတင်းတောင်းဆိုတော့မှ စကားပြောခွင့်ပေးပါတယ်။ ကျနော်စိုးရိမ်တာက ကျနော့်သမီးမှာ လေးဘက်နာရောဂါရှိတယ်။ အခုရောက်နေတဲ့ထောင်ကလည်း ရှမ်းပြည်နယ်ဆိုတော့ အအေးကတော့ သိတဲ့အတိုင်းပဲ။ ကျန်းမာရေးအတွက် အရမ်းကိုစိုးရိမ်ပါတယ်။ ခရီးကလည်း အရမ်းကိုဝေးကွာနေပြီး တကယ်လို့ သမီးတခုခုဖြစ်ရင်တောင် ကျနော်တို့အချိန်မီ သိဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါကြောင့်လည်း သမီးရဲ့ ကျန်းမာရေးအတွက် အရမ်းကိုစိုးရိမ်မိပါတယ်ဟု” မဟန်နီဦး၏ဖခင်က ခေတ်ပြိုင်သို့ ပြောကြားသည်။

0 comments: