ကိုးဒီသွေး
လေကလူမြူဆွယ်ရာမျော
ငွေနှင်းဖြူလေဟုန်မှာမော
လေအဝှေ့ သင်းပြန့် ခွာညို
ရာသီမ္ကာရအချမ်းကပို။
နှင်းကမ္ဘာခြုံကာသိုင်းလဲ
မမှုပေါင်ချွေးသံစိုရွှဲ
စည်းချက်ညီကိုယ်ဟန်မူနွဲ့ 
တေးဆိုကာ မာန်ပါသီဖွဲ့ ။
ဝေး လေးလေး ဘယ်ပြည်သားလဲ
မောင်ရိုးဆို ကိုးဒီသားဘဲ
ဒို့ အမျိုးပြည်လာမထိနဲ့ 
မီးပွင့်မယ် ပအာဝနာသွေးတဲ့။
ဤကမ္ဘာမြေမည်သို့ ကျယ်စေ
ဒို့ ပိုင်ရာမြေကော်သူးလေ
တစ်လက္မတိုင်း ဒို့ မြေဖိုးတွက်
ပေးဆပ်ရမယ် ဒင်းတို့ သွေးစက်။
တို့ ကရင်တွေစည်းလုံးပါလို့ 
အမျိုးပြည်ရွာကာကွယ်ကြဖို့ 
နောက်ဆုတ်သူ သူရဲဘောကြောင်
သွေးမစစ်တဲ့ မျိုးဖောက်အကောင်
သွေးမကြောင် ကိုးဒီသားဗျို့ 
သွေးချင်းဆက်ညီရင်းအစ်ကိုတို့ 
ချီတက်မယ် တော်လှန်လမ်းသို့ 
ဝေး လေးလေး မောင်ရိုး။
စအိုင်ခန့် (နှင်းခဲမြေ)
ဝန်ခံချက်
အမိကရင်ပြည်နဲ့  ကမ္ဘာအရပ်ရပ်တွင်ရောက်ရှိနေကြသော မျိုးချစ်ကရင်လူငယ်မောင်မယ်များ
ကရင်နှစ်သစ်ကူနီးလာပြီဟေ့ဆိုတာနဲ့  ရိုးရာယဉ်ကျေးမှုဒုံးအကကိုတင်ဆက်ဖျော်ဖြေကပြနိုင်
ရန်အတွက်တောင်ယာ၊လယ်ယာနှင့်စက်ရုံအလုပ်ရုံများမှပင်ပန်းနွမ်းနယ်မှုတို့ ကိုဘေးဖယ်ထားပြီး
ဆိုးရွားတဲ့ရာသီဥတုဒဏ်နှင့်ဘေးအန္တရာယ်ကိုပါဂရုမမူနိုင်ဘဲ၎င်းတို့ ၏အမိယဉ်ကျေးမှုအားချစ်
ချစ်မြတ်နိုးပုံ အနစ်နာခံပုံနှင့်၎င်းတို့ ၏သီချင်းစာသားတို့ မှကောက်နှုတ်ချက်တချို့ တို့ အားကဗျာ
ရေးဖွဲ့ ပြီး ဤကဗျာဖြင့်ပြန်လည်ဂုဏ်ပြုအပ်ပါသည်။
စောဘဦးကြီး၏မူ(၄)ရပ်
For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
ကိုးဒီသွေး
Thursday, January 22, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment