စောဘဦးကြီး၏မူ(၄)ရပ်

For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

Archives

မြ၀တီမြို့ လက်နက်ကြီးထိ

Monday, February 16, 2009

မြ၀တီမြို့ လက်နက်ကြီးထိ
ဧရာဝတီ
Monday, 16 February 2009 18:29 ဇာနည်ဝင်း
ကမ္ဘာ့ ကုလသမဂ္ဂ အရာရှိကြီးတဦး ကရင်ပြည်နယ်သို့ သွားရောက် စစ်ဆေးသည့် အချိန်တွင် အဆိုပါ ဒေသအတွင်း လက်နက်ကြီး ကျည်ဆန် ၄ လုံး ကျရောက် ပေါက်ကွဲခဲ့သည် ဟု မြန်မာစစ်အစိုးရက ကြေညာလိုက်သည်။

ကရင်ပြည်နယ် မြဝတီမြို့ပြင်တွင် ကျည်ဆန် ၂ လုံး ကျရောက်ခဲ့ပြီး ကျန် ၂လုံးမှာ ‘ဇေ’တည်းခိုခန်းအနီး နှင့် တောရဘုန်းကြီးကျောင်းဝင်းအတွင်း ကျရောက်ခဲ့သည်ဟု ဆိုသည်။ ထိခိုက်သေဆုံးမှုမရှိဟု သတင်းစာတွင် ဖော်ပြထားသည်။

ကရင်အမျိုးသားအစည်းအရုံး KNU ၏ လက်ချက်ဖြစ်သည်ဟု သတင်းစာတွင် ဖော်ပြထားသည်။

ဤအတောအတွင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တာနားသည် ကရင်ပြည်နယ်ရှိ ဘားအံမြို့အကျဉ်းထောင်၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ၏ မြိုင်ကြီးငူ ဌာနချုပ်တို့ကို သွားရောက်စစ်ဆေးခဲ့သည်။

ကုလသမဂ္ဂ ကိုယ်စားလှယ် ရောက်ရှိနေချိန်နှင့် အချိန်ကိုက်ပြီး အဆိုပါသတင်းကို ထုတ်ပြန်ခြင်းဖြစ်သည်ဟု KNU ၏ ဒုတိယ ဥက္ကဋ္ဌ ဒေးဗစ်သာကပေါ က ပြောလိုက်သည်။

“မစ္စတာ ကင်တာနား ရောက်နေတဲ့အချိန်မှာ စစ်အစိုးရက KNU ကို အကြမ်းဖက် အဖွဲ့အစည်း ဆိုပြီး စွပ်စွဲချင်၊ ပြောချင်တဲ့ သဘောပါ” ဟု ဦးဒေးဗစ်သာကပေါ က ဧရာဝတီသို့ ပြောသည်။

ထိုင်း မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးဋ္ဌေးအောင်ကလည်း KNUတွင် အဝေးမှလှမ်းပစ်သည့်လက်နက် မရှိသဖြင့် KNU၏ လက်ချက် မဖြစ်နိုင်ဟု သုံးသပ်သည်။

“နယ်စပ်တကြောလုံးမှာ တန်းစီထားတာ နအဖ တပ်တွေရော ဒီကေဘီအေ တပ်တွေရော အထပ်ထပ် စိတ်နေအောင် တန်းစီထားတယ်လေ။ အဝေးက လှမ်းပစ်ဖို့ဆိုတာ ထိုင်းနိုင်ငံထဲက လှမ်းပစ်တာလည်း မဖြစ်နိုင်ဘူးဗျ။ ထိုင်းကလည်း လက်ခံမှာ မဟုတ်ဘူး” ဟု ဦးဋ္ဌေးအောင်က ဧရာဝတီကို ပြောပြသည်။

မြ၀တီမြို့အနီးတ၀ိုက်တွင် မြန်မာအစိုးရစစ်တပ်၊ အပစ်ရပ်အဖွဲ့ DKBA နှင့် KNU တပ်များ လှုပ်ရှားလျက်ရှိသည်။

KNU သည် နှစ်ပေါင်း ၆ဝ သက်တမ်းရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကြီး ဖြစ်သည်။ မြန်မာအာဏာပိုင်တို့နှင့် ဆွေးနွေးပွဲများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြသော်လည်း ယခုအချိန်အထိ အပစ်အခတ် ရပ်စဲနိုင်ခြင်း မရှိသေးပေ။

0 comments: