ကင်တားနား၏ ဘားအံခရီးစဉ်
ကေအန်ယူခွဲထွက် လက်နက်ချအဖွဲ့များနှင့်သာ အဓိက တွေ့ခွင့်ရ
မင်းနိုင်သူ / ၁၇ ဖေဖော်ဝါရီ ၂၀၀၉
ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာတောမတ်ကင်တားနား၏ ဘားအံခရီး စဉ်တွင် ငြိမ်းချမ်းရေးအဖွဲ့များနှင့်တွေ့ဆုံခဲ့ပြီး ရခိုင်နှင့် ကချင်ပြည်နယ် ခရီးစဉ်များသွားဖြစ် လိမ့်မည် မဟုတ်ကြောင်း ရန်ကုန်ကုလသမဂ္ဂရုံး ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက ယနေ့ ထုတ်ပြန်ပြောကြားသည်။
မစ္စတာတောမတ်ကင်တားနားသည် ယနေ့ ရန်ကုန်မြို့တွင်ပင်ရှိနေပြီး သံတမန်အချို့နှင့် အချိန်အတော်ကြာ တွေ့ဆုံခဲ့ပြီး ကုလအဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံနေကြောင်းသိရသည်။ ကင်တားနားနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ခွင့်ရရေးကိစ္စမှာ အလားအလာနည်းပါးသည်ဟု ရန်ကုန် နိုင်ငံခြားသတင်းထောက်အချို့က သုံးသပ်သည်။
လွန်ခဲ့သောစနေနေ့က မြန်မာနိုင်ငံသို့ရောက်ရှိခဲ့သော မစ္စတာတောမတ်ကင်တားနားသည် လူအခွင့်အရေး စုံစမ်းမှုခရီးစဉ်အဖြစ် ဘားအံသို့ ဦးစွာသွားရောက်ခဲ့ပြီး ဗိုလ်ချုပ်စောဌေးမောင် ၏ KNU-KNLA ငြိမ်းချမ်းရေးကောင်စီအဖွဲ့၊ ပဒိုအောင်ဆန်း၏ ဘုရားကုန်းငြိမ်းချမ်းရေးအဖွဲ့၊ ဦးသာထူးကျော်၏ ဒီကေဘီအေ ငြိမ်းချမ်းရေးအဖွဲ့များနှင့် တွေ့ဆုံခဲ့ကာ ဘားအံ အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများနှင့်လည်း တွေ့ဆုံခဲ့သည်ဟု ဦးအေးဝင်း ကပြောသည်။
ယမန်နေ့ကမူ အင်းစိန်အကျဉ်းထောင်သို့သွားရောက်ကာ ဒေါက်တာတင်မင်းထွဋ်၊ ကိုကျော်ကိုကို၊ ဦးညီညီထွေး၊ ဦးညီပု၊ ပုဏ္ဏမီခေါ် ဒေါ်မြညွှန့်တို့နှင့် တွေ့ဆုံခဲ့ကြောင်း၊ အကျဉ်းသားတဦးလျှင် မစ္စတာကင်တားနားနှင့် (၁၀)မိနစ်၊ (၁၅)မိနစ်ခန့် စကားပြောခွင့် ရခဲ့ကြောင်းသိရသည်။
မစ္စတာတောမတ်ကင်တားနား၏ မြန်မာနိုင်ငံခရီးစဉ်အစတွင် နိုင်ငံရေးအကျဉ်းသား အများအပြားထိန်းသိမ်းထားရာ ရခိုင်နှင့်ကချင်ပြည်နယ်များသို့ သွားရောက်မည်ဟု သတင်းများပေါ်ထွက်ခဲ့သော်လည်း ယခုအခါ သွားရောက်ဖြစ်တော့မည် မဟုတ်ကြောင်း ဦးအေးဝင်းက ဆိုသည်။
“အဲဒီခရီးစဉ်တွေသွားဖြစ်မှာ မဟုတ်တော့ပါဘူး။အကြောင်းမညီညွတ်လို့မသွားဖြစ်တာပါ”ဟု ဦးအေးဝင်းက ပြောသည်။
ရခိုင်နှင် ကချင်ပြည်နယ်များတွင် လူအခွင့်အရေး ချိုးဖောက်မှုများရှိကြောင်း ကင်တားနားကို တိုင်ကြားမှုများရှိနေသည့်ကြားမှ ခရီးစဉ်ပျက်ခဲ့ရခြင်းဖြစ်သည်။ ၂၀၀၈ ခုနှစ် ခရီးစဉ်အတွင်း စစ်အစိုးရအား ကင်တားနားအကြံပေးချက် (၄) ချက်အနက် “နှိမ်ချခွဲခြားဆက်ဆံထားသည့် ဥပဒေများကို ပယ်ဖျက်ပစ်ရမည်။ အထူးသဖြင့် မွတ်စလင် အသိုင်းအ၀န်း အများအပြား နေထိုင်ရာ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ခွဲခြားနှိမ်ချထားသည့် ဥပဒေများကိုပယ်ဖျက်ရန်နှင့် ခွဲခြားဆက်ဆံမှုများကို ရှောင်ကြဉ်ရန်” ဆိုပြီးထည့်သွင်းထားသည့်အတွက် ရခိုင်ပြည်နယ်မှာ ခွဲခြားဆက်ဆံမှုများရှိနေကြောင်း ထင်ရှားသည်။ မည်သည့်အတွက် စစ်အစိုးရက ကင်တားနား အား ရခိုင်နှင့် ကချင်ခရီးစဉ်တွေ ဖျက်ခဲ့သည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
The NEJမှကူးယူဖေါ်ပြသည်။
စောဘဦးကြီး၏မူ(၄)ရပ်
For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
ကင်တားနား၏ ဘားအံခရီးစဉ် ကေအန်ယူခွဲထွက် လက်နက်ချအဖွဲ့များနှင့်သာ အဓိက တွေ့ခွင့်ရ
Wednesday, February 18, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment