စောဘဦးကြီး၏မူ(၄)ရပ်

For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

Archives

ဗိုလ်ထိန်မောင်အဖွဲ့နှင့် ပူးပေါင်းသူများ ရွာသားတွေဖြစ်ဟု ကေအန်ယူငြင်းဆို

Monday, February 23, 2009

ဗိုလ်ထိန်မောင်အဖွဲ့နှင့် ပူးပေါင်းသူများ
ရွာသားတွေဖြစ်ဟု ကေအန်ယူငြင်းဆို

NEJ / ၂၃ ဖေဖော်ဝါရီ ၂၀၀၉


ဗုဒ္ဓဟူးနေ့က ကေအန်ယူ၊ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့် သွားရောက် ပူးပေါင်းခဲ့သူ (၁၃) ဦးသည် ကရင်အမျိုးသား လွတ်မြှောက်ရေးတပ်မတော်မှ စစ်သည်များ မဟုတ်ဘဲ ကော့ကရိတ်မြို့နယ်ရှိ စက်က၀က်ရွာမှ ရွာသားများသာဖြစ်သည်ဟု ကရင်အမျိုးသား လွတ်မြှောက်ရေးတပ်မတော် တပ်မဟာ (၆) တပ်မဟာစစ်ရုံးမှ ဒု-ဗိုလ်မှူးကြီးတဦးက ခေတ်ပြိုင်သို့ပြောသည်။

၎င်းက " ဒီလ (၁၈) ရက်နေ့ ညနေက တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၁၈) တပ်ခွဲ (၃) က M- ၁၆ (၄) လက်၊ M- ၁၆ (၇၉) မော်တာ (၁) လက်၊ M- ၁၆ ကျည် (၁၆၀) ၊ M- ၇၉ ကျည် (၂၁) လုံး၊ စကားပြောစက် (၁) လုံးနဲ့အတူ သွားပြီးပူးပေါင်းကြတဲ့ လူတွေဟာ စက်က၀က်ရွာသားတွေဖြစ်တယ်။ ရှေ့တန်းမှာ ကျနော်တို့ ရဲဘော်တွေဟာ ရွာသားတွေနဲ့ အတူနေပြီးသွားလာလှုပ်ရှားတယ်။ ကိုယ်ရောင်ဖျောက်ပြီး သွားလာတဲ့အခါမှာ လိုအပ်လို့ရှိရင် လက်နက်တွေကို ရွာသားတွေဆီမှာပဲ အပ်ထားတယ်။ အဲ့ဒီရွာသားတွေက အပ်ထားတဲ့ လက်နက်ကိုယူပြီးတော့ ဗိုလ်ထိန်မောင်တို့အဖွဲ့နဲ့ သွားပူးပေါင်းတာဖြစ်တယ်" ဟု ပြောသည်။

အဆိုပါရွာသားများမှာ စောဖါးကျော့၊ ကျော်နီဟဲ၊ ဖားထီးသိုး၊ ကျော်မူးဂေ၊ ဖားအော်တူး၊ ကျော်ဖရီး၊ ကျော်အဲ၊ ဖားကလိ၊ ဖားအော်လဲ၊ ဖားမော်းကို၊ မောင်ထွေး၊ ကျော်ယု၊ ကျော်ပလဲထူး တို့ဖြစ်သည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ကေအန်ယူ၊ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီမှ ပုံကြီးချဲ့၍ ၀ါဒဖြန့်နေသော်လည်း ဖြစ်စဉ်အမှန်ကို သိရှိနိုင်ရန်အတွက် ရှင်းပြခြင်း ဖြစ်ကြောင်း ၄င်း ဒု-ဗိုလ်မှူးကြီးက ဖြည့်စွက်ပြောကြားသည်။

အခြေအနေမှန်ကို အသေးစိတ်သိရှိနိုင်ရန် ကေအန်ယူ၊ ကေအန်အယ်လ်အေငြိမ်းချမ်းရေး ကောင်စီအဖွဲ့မှ ဗိုလ်ချုပ်ယဉ်နုအား ခေတ်ပြိုင်မှ ဆက်သွယ်မေးမြန်ရာ ဖုန်းပိတ်ထားသည်။

0 comments: