မြန်မာငွေတန်ဖိုးမြင့်
ထိုင်း-မြန်မာနယ်စပ်ဖြတ်ခ တိုးကောက်
NEJ /၃ မတ် ၂၀၀၉
line
ဘတ်စ်ကားဖြင့် ဘန်ကောက်မှပြန်လာသည့် မြန်မာအလုပ်သမားများအား နယ်စပ်ဖြတ်ကျော်ခကို ယခင်က တဦးလျှင် ဘတ် (၁,၂၀၀) နှုန်း တရားမ၀င် ကောက်ခံရာမှ ယခင်လမှစပြီး မြန်မာငွေတန်ဖိုး မြင့်တက်လာ သောကြောင့် ဘတ် (၁,၅၀၀) သို့ တိုးကောက်ရခြင်းဖြစ်သည်ဟု မြန်မာလူပွဲစားများက ပြောသည်။
ဒီကေဘီအေ (၉၉၉) ဂိတ်မှ လူပွဲစားတဦးက “ငွေဈေးတက်တော့ (၁,၅၀၀) အနည်းဆုံးယူရတယ်။ ပေးရတဲ့အဖွဲ့တွေများတော့ တွက်ခြေမကိုက်ဘူး။ ပြန်လာတဲ့လူတွေရဲ့ နေရေးထိုင်ရေးကအစ တာဝန်ယူရတော့ အခုလို တိုးတောင်းရတာ ဖြစ်တယ်” ဟု ပြောသည်။
ယခင်က ဘန်ကောက်မှကားဖြင့် ပြန်လာသူများကို ထိုင်းဘက်ခြမ်း ထာ့အာရွာရှိ အမှတ် (၁) ဂိတ်မှတဆင့် မြန်မာဘက်ခြမ်း ဒီကေဘီအေဂိတ်သို့ ပြန်ပို့သော်လည်း ယခုအခါ ဘန်ကောက်ပြန်များအား လက်ရှိပို့ဆောင် နေသည့်ဂိတ်မှ မြဝတီမြို့တောင်ဘက်ရှိ ထိုင်းဘက် အမှတ် (၁၆) ဂိတ်မှတဆင့် မြန်မာဘက်ကမ်း (၉၉၉) ဒီကေဘီအေ ဂိတ်အသစ်တည်ရှိရာ ကြံခင်းဘက်သို့ ယခင်လဆန်းမှစတင်ကာ ထိုင်းလဝကမှ ပြောင်းလဲပို့ဆောင်ပေးသည်။
ယခုကဲ့သို့ ဂိတ်ပြောင်းရွှေ့ရခြင်းမှာ ယမန်နှစ်ကုန်ပိုင်းက လူပွဲစားများနှင့် လူကယ်ရီများ ကျက်စားရာ (၉၉၉) ဒီကေဘီအေဂိတ်သို့ နေပြည်တော်မှ လာရောက်ဖမ်းဆီးမှု ဖြစ်ပွားခဲ့အပြီးတွင် နာမည်ဆိုးဖြင့် ကျော်ကြားသည့် ယခင်ဂိတ်ဟောင်းမှ ယခုဂိတ်သစ်သို့ ပြောင်းလဲလုပ်ကိုင်ခြင်းဖြစ်သည်ဟု သိရသည်။
မြန်မာလူပွဲစားတဦးက “အခုထိုင်း လဝက က အမှတ် (၁၆) ဂိတ်ကနေတဆင့် ကြံခင်း (၉၉၉) ဂိတ်အသစ်ကို ပို့ပေးတယ်။ ဂိတ်ဟောင်းက အတော်နာမည်ပျက်နေပြီ။ ဒီကေဘီအေရယ်၊ လူပွဲစားရယ်၊ ထိုင်းဘက်ရယ် ဝေစားမျှစား လုပ်ကြတော့ နေပြည်တော်ကဆင်းပြီး ဖမ်းရတဲ့အထိဖြစ်တယ်။ တီဗွီထဲပါ၊ နိုင်ငံခြားသတင်းတွေ ထဲပါတော့ အခုလို ဂိတ်ပြောင်းလိုက်ရတာဖြစ်တယ်။ ဂိတ်ဟောင်းမှာလည်း တခါတခါ ပို့တာရှိတယ်။ ဒီကေဘီအေက ဒီလိုမှ ကွက်ကျော်မရိုက်ရင် သူလည်း ရပ်တည်ရခက်မယ်။ ဒါကြောင့် ခွင်ပြောင်းလိုက်တာ” ဟု ပြောသည်။
ဘန်ကောက်ပြန်အလုပ်သမားတဦးက “ဘန်ကောက်မှာ စီးပွားရေးကျတော့ စက်ရုံမှာ အလုပ်သမား တော်တော် အလုပ်ဖြုတ်ခံရတယ်။ ကျနော်တို့ စက်ယက္ကန်းရုံမှာဆို လူ (၅၀၀) ထဲက ကျနော်အပါအဝင် လူ (၁၅၀) ကို အလုပ်ဖြုတ်လိုက်တယ်။ ဒီကေဘီအေဂိတ်ရောက်တော့ ပွဲစားကို (၁,၅၀၀) ပေးရတဲ့အပြင် တယ်လီဖုန်းတလုံး (၅၀၀)၊ ကင်မရာတလုံး (၅၀၀)၊ တီဗွီ အောက်စက်တစုံ (၁,၀၀၀) သတ်သတ် ပေးရသေးတယ်။ ဒါတောင် ဒီကေဘီအေ နယ်စပ်ဂိတ်ပဲရှိသေးတယ်။ မြဝတီကနေ အောက်ဆင်းရင် ဘယ်လောက်ထပ်ကုန်အုံးမလဲ မသိဘူး” ဟု ပြောသည်။
ဒီကေဘီအေတပ်ဖွဲ့မှ အရာရှိတဦးက ယခုရရှိသည့်ငွေများအား အဖွဲ့၏ရန်ပုံငွေအဖြစ် အသုံးပြုခြင်းဖြစ်ပြီး အဓိက လူမှုရေး၊ ဘာသာရေး၊ ကျန်းမာရေးအတွက် အသုံးပြုသည်ဟု ပြောသည်။
ဘန်ကောက်ရှိ မြန်မာအလုပ်သမားများမှာ မြန်မာပြည်ပြန်သည့်အခါ ဘန်ကောက် မော်ချိကားဂိတ်မှ မဲဆောက်သို့ ဘတ်စ်ကားကြီးများဖြင့် ပြန်လာကြပြီး မဲဆောက်မြို့အဝင်ရှိ ဟွေ့ဟင်ဖွန် စစ်ဆေးရေးဂိတ် အရောက်တွင် ထိုင်းလဝကများ၏ ဖမ်းဆီးခြင်း ခံကြရသည်။
အဖမ်းခံရသူများအား ထိုင်းလဝကမှ အချုပ်ကားဖြင့် မဲဆောက်ကမ်းနားရှိ လဝကရုံးသို့ ခေါ်ဆောင်သွားပြီး ကိုယ်ရေး အချက်အလက်နှင့် ဓာတ်ပုံရိုက်ယူပြီးနောက် မြန်မာဘက်ခြမ်းရှိ ဒီကေဘီအေ (၉၉၉) ဂိတ်သို့ လွှဲပြောင်း ပို့ဆောင်ပေးခြင်းဖြစ်သည်။
ရာနှင့်ချီပို့ဆောင်ခံရသူများမှာ ဒီကေဘီအေဂိတ်အရောက်တွင် လူပွဲစားများက တဦးလျှင် ဘတ် (၉၀၀) နှုန်းဖြင့် ဒီကေဘီအေထံမှ ဝယ်ယူပြီး ပွဲစားများက အသီးသီးခေါ်ဆောင်သွားကာ တဦးလျှင် ဘတ် (၁,၅၀၀) နှုန်းဖြင့် တဆင့် ထပ်တောင်းပြီးမှ လိုရာသွားခွင့်ပြုခြင်းဖြစ်သည်။
ဒီကေဘီအေအဖွဲ့မှရရှိသည့် လူတဦးအတွက် ဘတ် (၉၀၀) ကို အချိုးကျနှုန်းဖြင့် မြန်မာများလာပို့သည့် ထိုင်းလဝကကိုလည်း တရားမဝင်နည်းဖြင့် ပြန်ခွဲဝေပေးရကြောင်း၊ မြန်မာအာဏာပိုင်များ၊ ဒီကေဘီအေနှင့် လူပွဲစားများ နားလည်မှုယူ လုပ်ကိုင်သည့်ကိစ္စဖြစ်သောကြောင့် ရှေ့ဆက် ပုံမှန်တည်ရှိနေဦးမည်ဖြစ်ကြောင်း မြန်မာလူပွဲစားတဦးက ပြောသည်။
စောဘဦးကြီး၏မူ(၄)ရပ်
For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
မြန်မာငွေတန်ဖိုးမြင့် ထိုင်း-မြန်မာနယ်စပ်ဖြတ်ခ တိုးကောက်
Tuesday, March 3, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment