Thursday, 05 March 2009 19:36 ဧရာဝတီ
ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) စစ်ဘက် ထိပ်ပိုင်း ခေါင်းဆောင်များကို ထိုင်းနိုင်ငံတွင်းမှ ထွက်ခွာ၍ ၎င်းတို့ ပိုင်နက်နယ်မြေသို့ ပြန်ရန် ထိုင်းအာဏာပိုင်များက ဖိအားပေးနေကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။
ယင်းဖိအားပေးမှုသည် ယခုနှစ် အစောပိုင်းက ထိုင်း-မြန်မာ နယ်စပ်မြို့ ကရင်ပြည်နယ် မြ၀တီမြို့၌ ပြုလုပ်ခဲ့ သည့် နှစ်နိုင်ငံ နယ်စပ်ကော်မတီ အစည်းအဝေးနောက်ပိုင်းတွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု နယ်စပ် သတင်း ရပ်ကွက်များက ဆိုသည်။
မြ၀တီ မြို့နှင့် မျက်နှာချင်းဆိုင် ထိုင်းနိုင်ငံ တာ့ခ် ခရိုင် မဲဆောက်မြို့ရှိ မြန်မာစစ်အစိုးရကို ဆန့်ကျင် တိုက်ခိုက်နေ သည့် ကေအန်ယူ အဖွဲ့နှင့် ကေအန်ယူ လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) တို့နှင့် ပတ်သက်သည့် ရုံးများ၊ အိမ်များကို ထိုင်းအာဏာပိုင်များက ပိတ်ပစ်ရန် ဖိအားပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်း-မြန်မာ နယ်စပ် အနီး အခြေစိုက် ကေအန်အယ်လ်အေ တပ်ဖွဲ့ဝင် ကရင်စစ်သားများကိုတွေ့ရစဉ် (ဓာတ်ပုံ - ယူဇို/ဧရာဝတီ)
ကေအန်အယ်လ်အေ ထိပ်ပိုင်း အရာရှိများနှင့် ၎င်းတို့၏ နေအိမ်၊ ရုံးခန်းများကို ပြောင်းရွှေ့ထွက်ခွာရန် ထိုင်းအာဏာပိုင်များက ပြောဆိုခြင်းဖြစ်သည်ဟု ကေအန်ယူ ဗဟိုကော်မတီဝင် ဒေးဗစ်ထော က ပြောသည်။
“တရားဝင်စာလို့တော့ ကျနော် မပြောလိုဘူး၊ အဲဒီလိုမျိုး အလားတူ စာတွေတော့ ပို့တာရှိပါတယ်၊ သူတို့က စစ်ရေးအရ ညွှန်ကြားနိုင်တဲ့ ပုဂ္ဂိုလ်တွေကို ကိုယ့်ရဲ့ဒေသမှာနေပြီး ညွန်ကြားပါ၊ သူတို့နိုင်ငံကို အခြေခံပြီး ညွန်ကြားတာမျိုး သူတို့ အနေနဲ့ မလိုလားဘူး၊ တိုင်တာတွေ ရှိတယ်ဆိုတဲ့အပေါ်မှာလေ”ဟု ၎င်းက ပြောသည်။
ထိုင်းအာဏာပိုင်များ ပြောသကဲ့သို့ ကေအန်အယ်လ်အေ တပ်ဖွဲ့နှင့် တာဝန်ရှိ စစ်ခေါင်းဆောင်များအနေနှင့် မိမိတို့ပိုင်နက်နယ်မြေတွင်သာ နေထိုင်လှုပ်ရှားသင့်ကြောင်း ထင်မြင်သည်ဟုလည်း ဒေးဗစ်ထောက ဆိုသည်။
“ကေအန်အယ်လ်အေ ခေါင်းဆောင်တွေကိုလည်း ထိုင်းအာဏာပိုင်တွေက မဲဆောက်ကနေ ခရီးသွားလာခွင့် တင်းကျပ်ထားတယ်၊ ကျနော်ထင်တယ်၊ ထိုင်းအစိုးရက သူ့မြေထဲမှာ ကေအန်အယ်လ်အေ ရဲ့ စစ်ရေးလှုပ်ရှား မှုတွေကို တားဆီးပိတ်ပင်တာတွေ ဖြစ်ပေါ်လာနိုင်တယ်”ဟု ၎င်းက ဆက်ပြောသည်။
တချိန်တည်းတွင်ပင် ယခုပွင့်လင်းရာသီ၌ စစ်အစိုးရက ယင်း ကရင်လက်နက်ကိုင်အဖွဲ့ကို ချေမှုန်းထိုးစစ်ဆင် ရန်အတွက် စစ်ရေးပြင်ဆင်မှုများပြုလုပ်နေသည်ဟူသော သတင်းများလည်း ထွက်ပေါ်ခဲ့သည်။
စစ်အစိုးရ က အမည်းရောင်နယ်မြေအဖြစ် သတ်မှတ်ထားသော ကေအန်အယ်လ်အေ လှုပ်ရှားရာ ကရင်ပြည် နယ် ကြာအင်းဆိတ်ကြီး ဘက်တွင်လည်း အစိုးရ တပ်ရင်း တပ်ဖွဲ့များကို ရွှေ့ပြောင်းပြင်ဆင်မှုရှိကြောင်း စစ်ဖက်ဆိုင်ရာ သတင်းများ ရရှိသည်။
စောဘဦးကြီး၏မူ(၄)ရပ်
For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
ကေအန်ယူကို ထိုင်း ဖိအားပေး
Friday, March 6, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment