အင်္ဂါနေ့၊ 24 မတ်လ 2009 သျှမ်းသံတော်ဆင့် သျှမ်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မရှင် ဒုတိယမူကြမ်း အင်္ဂလိပ်-မြန်မာနှစ်ဘာသာရှင်းလင်းပွဲအစည်း အဝေး တစ်ရပ်ကို ပြီးခဲ့သည့်အပတ်က ထိုင်းနယ်စပ်တစ်နေရာ၌ ကျင်းပခဲ့ပါသည်။
မတ်ခ်ျ ၁၅ မှ ၁၈ ရက်နေ့အထိကျင်းပသည့် အဆိုပါဆွေးနွေးပွဲတွင် ရှမ်းပြည်သား ကယန်း၊ ပအိုဝ်း၊ ၀၊ ကချင်၊ လားဟူ၊ လီဆူး နှင့် သျှမ်း လူမျိုးစု ၇ စု ကိုယ်စားလှယ် အယောက် ၂၀ တက်ရောက်ခဲ့ကြသည် ဟုဆိုပါသည်။
တိုင်းရင်းသားများ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး တန်းတူညီမျှရေး၊ စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင် ရေးအတွက် သျှမ်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယမူကြမ်းပါ အခန်းကြီး ၁၄ ခန်း၊ ပုဒ်မ ၁၉၉ ခု အနက် ‘နိုင်ငံ အမည် ပြည်နယ်အမည်ကို လူမျိုးအမည် မခေါ်မှသာလျှင် လူမျိုးရေးပဋိပက္ခလျော့နည်း မည်’ ဆိုသည့်အချက်ကို အကြောင်း အရာတစ်ခုအဖြစ် အကျယ်တ၀င့်ဆွေးနွေးခဲ့၏။ သျှမ်းပြည်ဖွဲ့ စည်းပုံ အခြေခံဥပဒေမူကြမ်းရေးဆွဲရေး ကော်မရှင် အကြံပေး ပုဂ္ဂိုလ်/ပအိုဝ်းကိုယ်စားလှယ် ဗိုလ်မှူးကြီးခွန်ဥက္ကာ က ဤကဲ့သို့ပြောပြသည်။
“ပြည်နယ်အမည်ကို လူမျိုးနာမည်မှည့်ခြင်းအားဖြင့် အဲဒီလူမျိုးအစွန်းရောက်သွားတတ်တယ်။ အဲဒီလူမျိုးက တခြား လူမျိုးတွေထက်ပိုပြီးလုပ်ပိုင်ခွင့်ရှိတယ် ပိုပြီးမြင့်မြတ်တယ်ဆိုတဲ့ အထင်ရောက်တတ်တယ်။ အဲလိုရောက်သွားရင် ပြည်နယ်အတွင်းညီညွတ်ရေးထိခိုက်တယ်။ ( ဥပမာ- သထုံခရိုင်နဲ့မော်လမြိုင်ခရိုင် ဟာ မွန်ပြည်နယ်ထဲမှာရှိတယ်။ သထုံခရိုင်မှာက ကရင် နဲ့ ပအိုဝ်းတွေများတယ်။ ပြည်နယ်က မွန်ပြည်နယ် ပေးထားတယ်။ မွန်ပြည်နယ်က ကိုယ်စား လှယ်တွေရန်ကုန် သွားမယ်ဆိုရင်သထုံက ပအိုဝ်းကိုယ်စားလှယ် တွေက ပအိုဝ်းဝတ်စုံနဲ့ဝတ်သွားဖို့ပြင်တော့ မွန်ကိုယ်စားလှယ်တွေက ကန့်ကွက်တယ်။ အဲပုံစံဆိုရင် ကရင် တွေ ပအိုဝ်းတွေ မွန်လိုဘဲနေ မွန်လိုဘဲစကားပြော အတင်းအကြပ် လိုဖြစ်သွားတယ်) အဲလိုမျိုးမဖြစ်အောင် ရှမ်းပြည်မှာလဲ ရှမ်းပြည်လို့ခေါ်တော့ ရှမ်းတွေက ဒီပြည်ဟာ တို့ပြည်၊ တခြားလူမျိုးတွေကဧည့်သည်၊ တကယ်ပိုင်ဆိုင်တာကတို့ဘဲ ဆိုတဲ့အစွဲရှိသွားရင် အစွန်းရောက်သွားတတ် တယ်။ အစွန်းရောက်သွားရင် ညီညွတ်ပျက်ပြီး အေးချမ်းမှုမရတော့ဘူး။”
သျှမ်းပြည်ဖွဲ့ စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရေး ကော်မရှင် အကြံပေး ပုဂ္ဂိုလ်/ပအိုဝ်းကိုယ်စားလှယ် ဗိုလ်မှူးကြီးခွန်ဥက္ကာ
လက်ရှိတိုင်းပြည်သည် လူတဦးချင်းပုဂ္ဂလိက အခွင့်အရေး ဟုခေါ်သည့် Individual right အာမခံချက်အပြည့် အ၀ မရ သောကြောင့် ဗမာလူမျိုးအပါအ၀င် တိုင်းရင်းသား အသီးသီးက မိမိလူမျိုးကိုသာ ဖက်တွယ်ထားလိုကြ ကြောင်း၊ မိမိလူမျိုး နာမည်ကို ဖက်တွယ်ခြင်း အားဖြင့် လူမျိုး characteristic စရိုက်လက္ခဏာ၏ အခြေ ခံထူးခြားချက်များ မပပျောက်အောင် ထိန်းသိမ်းနိုင်မည်ဟု ယူဆကြကြောင်း၊ ထို့ကြောင့် လူမျိုးအမည် နှင့် နယ်မြေဒေသ တခုရရန် လူမျိုး၏ လက္ခဏာIdentityထိန်း သိမ်း နိုင်မည်ဟု မျှော်လင့်ချက်ထား ကြကြောင်း၊တဘက်တွင် လည်း လူမျိုးအမည်ဖြင့် ပေးလိုက် ပါက အစွန်း ရောက်သွား နိုင်ကြောင်း၊ လူမျိုးအမည်နှင့်မပေး လျှင်လူမျိုးပါပျောက်သွား မည်ကို စိုးရိမ်သည့်လူများလည်းရှိ ကြောင်း၊ အစွန်းနှစ်ဘက် ဖြစ်နေသည့်လူမျိုးစု အကြားတဖြည်းဖြည်းညှိသွားရမည်ဖြစ် ကြောင်း - ရှင်းလင်းပါသည်။
“တိုင်းပြည်တခုလုံးရဲ့ နာမည်ကို ဗမာဖြစ်ဖြစ် မြန်မာဖြစ်ဖြစ်မခေါ်ဘဲနဲ့အားလုံးသဘောကျနိုင်တဲ့ တခြား geographic name ခေါ်သင့်တယ်လို့ကျနော်တို့တိုင်းရင်းသားတွေတောင်းဆိုတာကြာပြီ။ ဘာကြောင့်လဲ ဆိုတော့ တိုင်းပြည်ရဲ့ နာမည် ကို ဗမာ/မြန်မာ ထည့်ခြင်းအားဖြင့် ဗမာလူမျိုးက တိုင်းပြည်တပြည်ထဲမှာ ရှိတဲ့ လူမျိုးတမျိုးလို့မခံယူတော့ဘဲနဲ့ တပြည်လုံးကို ပိုင်ဆိုင်တဲ့လူမျိုးဖြစ်သွားတယ်။ ကျန်တဲ့လူမျိုးစုများ က ဗမာပြည်မှာလာပြီးပူးပေါင်းနေထိုင်တယ်၊ ပိုင်ရှင် ကဗမာဖြစ်သွားတဲ့သဘော။ ဒီတော့ငါတို့ဗမာကလူ မျိုးအများစုဖြစ်တယ်။ အသိဉာဏ်ပိုကြွယ်ဝတယ်။ ကျန်တဲ့ တိုင်းရင်းသားတွေက ငါတို့နဲ့တန်းတူနေရာပေး လို့မဖြစ်ဘူး။ သူတို့ကို အခွင့်အရေးပေးထားတဲ့အပေါ်မှာ ငါတို့ဗမာ ရှိရမယ်ဆိုပြီး တဘက်စွန်းရောက်တဲ့ အမြင်တွေ တယူသန်တွေဖြစ်သွားတယ်။ တကယ်လို့ပြည်နယ်တွေကို တိုင်းရင်းသား နာမည်ကနေ ပထ၀ီ ဒေသ အမည်ပြောင်းရင် တတိုင်းပြည်လုံးရဲ့ နာမည်ကိုလည်း ပြောင်းသင့်တယ်လို့ ကျနော်ကအကြံ ပြုတာပါ ”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆို၏။
၁၉၉၄ ကုလသမဂ္ဂ အထွေထွေညီလာခံက ဒီမိုကရေစီစနစ်ပြောင်းလဲရန်၊ အမျိုးသားပြန်လည် သင့်မြတ်ရေး ရရှိရန် သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးဖြစ်ဖို့ လိုအပ်ကြောင်း ဆုံးဖြတ်ချက်ချခဲ့သည်။ အဆိုပါဆုံးဖြတ်ချက် ကို အခြေခံ၍ ကွယ်လွန်သွားပြီဖြစ်ကြသော စ၀်စန့်ယောင်ဟွေ့၊ စ၀်ဆိုင်စစ်တို့က စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုပေါ်ထွန်း ရေး၏ အဓိကလုပ်ငန်းစဉ်တခုအဖြစ် ပြည်နယ်တိုင်း - မိမိတို့၏ ဖွဲ့စည်းပုံအ ခြေခံဥပဒေ ရေးဆွဲကြရန် မဖြစ်မနေ လိုအပ်ကြောင်း စတင်လှုံဆော်တိုက်တွန်းလမ်းညွှန်ခဲ့၏။ နောက်ပိုင်း ချင်း၊ မွန်၊ ကရင်၊ ကရင်နီ တို့က ပြည်နယ်ဖွဲ့ စည်းပုံ မူကြမ်းရေးဆွဲရေးကော်မတီ/ကော်မရှင်များအသီး သီးဖွဲ့စည်းရေးဆွဲလာခဲ့ကြခြင်းဖြစ်သည်။
၂၀၀၀ ပြည့်နှစ်၌ သျှမ်းပြည်သားများဖြစ်သည့် ကယန်း၊ ပအိုဝ်း၊ ၀၊ လားဟူ၊ ပလောင် နှင့် ရှမ်းလူမျိုးစု ကိုယ်စားလှယ် များ ကလည်း အစည်းအဝေးတရပ်ကျင်းပပြီး သျှမ်းပြည်ဖွဲ့စည်းပုံအခြေခံဥပေဒေမူကြမ်း ရေးဆွဲရေးကော်မရှင်(Shan State Constitution Drafting Commission – SSCDC) ကို ဖွဲ့စည်းထူထောင်ခဲ့ သည်။
စောဘဦးကြီး၏မူ(၄)ရပ်
For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
ပြည်ထောင်စု/ပြည်နယ်အမည်ကို ပထ၀ီဝင်အမည်မှည့်ရန် SSCDC အကြံပြု
Wednesday, March 25, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment