စောဘဦးကြီး၏မူ(၄)ရပ်

For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

Archives

လွတ်လပ်ရေးနှင့်ပြည်တွင်းစစ်

Friday, April 17, 2009


လွတ်လပ်ရေးနှင့်ပြည်တွင်းစစ်

(ဖဆဖလ)အစိုးရသည် (၁၉၄၈)ခု၊ ဇန်န၀ါရီ(၄)ရက်နေ့ တွင် မြန်မာနိုင်ငံအား လွတ်လပ် သောသမ္မတနိုင်ငံအ ဖြစ် ကြေညာသည်။ နောက်တနေ့ ဖြစ်သော ဇန်န၀ါရီလ(၅)ရက်နေ့ တွင် (KNU)က ကရင်အမျိုးသားများဆိုင်ရာ ကြေညာချက်တရပ် ထုတ်ပြန်ရာတွင် ကရင်လူမျိုးသည် မျိုးနွယ်စုတစု(Tribe) မဟုတ်ပဲလူမျိုးတမျိုး(Nation)ဖြစ်ကြောင်းပါရှိသည်။

(မာနယ်ပလော လွတ်လပ်မြောက်ဒေသတွင် ယင်းနေ့  ကို ကရင်အမျိုးသားနေ့ အဖြစ်ကျင်းပသည်။)လွတ်လပ်ရေးရရှိသည့် (၁)လပြည့်နေ့  ဖြစ်သော ဖေဖော်ဝါရီ (၃)ရက်နေ့ တွင် (KNU)က (ဖဆဖလ)အစိုးရထံ သီးခြား ကရင်ပြည်နယ် ထူထောင်ရးနှင့်ပတ်သက်သော စာတစောင် ပေးပို့ ခဲ့သည့်အပြင် ဖေဖော်ဝါရီ(၁၁)ရက်နေ့ ၌ (KNU)ဦးဆောင်မှုဖြင့်သီးခြားပြည်နယ် ထူထောင်ရေးဆန္ဒပြပွဲ တခုကိုကျင်းပခဲ့သည်။ ယင်းနှင့်ပတ်သက်၍(KNU)၏အာဘော်ဖြစ်သောသုဝဏ္ဏတိုင်း သတင်းစာက အသားပေးရေးသားခဲ့သည်။
(KNU)အဖွဲ့ သည် လွှတ်တော်အပြင်ဘက်တွင် ရှိနေသော်လည်း ကရင် လူထုထောက် ခံမှုဖြင့်နိုင်ငံရေး၊ စည်းရုံးရေးကို အဆက်မပြလုပ်နေရာ (၁၉၄၈)ခု၊ မတ်လ(၃)ရက်နေ့ မှ (၅)ရက်နေ့  အထိ ညီလာခံတရကို ထပ်မံကျင်းပခဲ့ပြန်၏။ ယင်းညီလာခံ၏ဆုံးဖြတ်ချက်များတွင်—
(၁) သီးသန့် ကရင်စစ်ရဲတပ်များဆက်လက်ထားရှိရန်။
(၂) ကိုယ်ပိုင်လိုင်စင်ဖြင့် ကိုင်ဆောင်ထားသော ကာကွယ်ရေးသေနတ်များအား သိမ်ဆည်းခြင်းမပြုရန်။
(၃) ကရင်နီခေါင်းဆောင်များမှ မြန်မာနိုင်ငံနှင့် မပူးပေါင်းရေးဆုံးဖြတ်ချက်အား အပြည့်အ၀ထောက်ခံ ကြောင်း စသည်ဖြင့် ပါရှိလေသည်။
ဤသို့ ရှိစဉ် သခင်သန်းထွန်းခေါင်းဆောင်သော ဗမာပြည်ကွန်မြူနစ်ပါတီသည်(ဖဆပလ) အစိုးရအဖွဲ့ တွင်း ရှိ ဆိုရှယ်လစ်များနှင့် နိုင်ငံရေးစိတ်ဝမ်းကွဲရာမှ (၁၉၄၈) ခု မတ်လ ၂၈ရက်နေ့ လွတ်လပ်ရေးရရှိ၍ (၂) လ နှင့်(၁) ပတ်အကြာတွင် တောခို၍လက်နက်ကိုင်စတင်ခဲ့သည်။ ထိုမှ(ဖဆပလ) အစိုးရနှင့်ကွန်မြူနစ်တို့ အ ကြားစေ့စပ်ဖြန်ဖြေသော နေရာမှ ထိုနှစ် နှစ်လယ်ပိုင်းအရာက်၌ ပြည်သူ့ ရဲဘော်အဖွဲ့ ပါတောခိုသွားကြပြန် သည်။
ဤတွင် (KNU) ကရင်အမျိုးသားအစည်းအရုံး၏ လက်အောက်ခံလက်နက်ကိုင် တပ်ဖွဲ့  သည်တနင်္သာရီတိုင်းနှင့်မြစ်ဝကျွန်းပေါ်ရှိ (KNDO) ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ များသည်စတင် လှုပ်ရှားရာမှ တစတစဖြင့် (Karen Rifles) နှင့်ကရင်စစ်ရဲ( Karen Arm Police) တပ်များပါဝင်ပတ်သက် လာကြသည်။ ကရင်-ဗမာပဋိပက္ခအခြေအနေမျိုးဆီသို့ ဦးတည်နေသဖြင့် (ဖဆပလ) အစိုးရသည် (၁၉၄၈) ခု ဇွန်လ(၁၈) ရက်နေ့ စွဲ ဖြင့်၎င်း၊ (KNU) အဖွဲ့ သည် ဇူလိုင်(၂၅) ရက်နေ့ စွဲ ဖြင့်၎င်း၊ ပဋိပက္ခမဖြစ်ကြ စေရန် မေတ္တာရပ်ခံချက်များအသီးသီးထုတ်ပြန်ကြေညာခဲ့ကြသည်။

(KNU)၏ ကြေညာချက်ထဲတွင်—
ကရင်လူမျိုးများအတွက်သီးခြားကရင်ပြည်နယ်ကို တောင်းဆိုရာတွင်၎င်း၊ ကရင်လူမျိုးသည် ပြည့်စုံသော လူမျိုးတစ်မျိုးအဖြစ် ကြိုးပမ်းရာတွင် ၄င်း၊ နိုင်ထက်စီးနင်းဝါဒနှင့် အကြမ်းဖက်ဝါဒကို အသုံးမပြုပဲရှောင်ကြဉ် ကြရန် (KNU) အဖွဲ့ ကမေတ္တာရပ်ခံထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာပြည်ချစ်ကရင်အမျိုးသားခေါင်းဆောင်များစာအုပ်မှ ကောက်နုတ်ချက်

ကရင့်အမိမြေမှကူးယူဖေါ်ပြသည်။

0 comments: