စောဘဦးကြီး၏မူ(၄)ရပ်

For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

Archives

မယ်လဒုက္ခသည်စခန်းတွင် ကြက်မွေးမြူခွင့် ပိတ်ပင်

Saturday, April 25, 2009

ခွန်အောင်မြတ်။
ဧပြီလ ၂၄ ရက်၊ ၂၀၀၉ ခုနှစ်။
ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းတွင် ကြက်ငှက်တုတ်ကွေး ရောဂါဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် စခန်း ထဲတွင် ကြက်မွေးမြူခြင်းမပြုရန် ဒုက္ခသည် အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်လိုက်သည်။

ယခုလ ၂၁ ရက်နေ့က ထိုင်းကျန်းမာရေးဝန်ကြီးဌာနသည် မယ်ဒုက္ခသည်စခန်းသို့ လာရောက် စစ်ဆေးပြီး ကြက်ငှက်တုတ်ကွေးရောဂါ ဖြစ်ပွားမည့် အလားအလာရှိကြောင်း ပြောဆိုသဖြင့် ယနေ့မှစ၍ စခန်းအုပ်ချုပ်ရေး မှူးက ကြက်မွေးမြူခြင်းကို ပိတ်ပင်လိုက် သည်ဟု ထိုင်းအာဏာပိုင် ဒုက္ခသည်စခန်းအုပ်ချုပ်ရေးမှူး အခရဖန် ဖွန်စီက ပြောသည်။

“ကြက်နှစ်ကောင်သေတယ်။ အဲဒါ ကျန်းမာရေးဌာနကို ပို့ပြီး စစ်ဆေးတော့ ဘာမှမဖြစ်ဘူး တဲ့။ အခုစခန်းထဲမှာ ကြက်တွေ ပေးမမွေးတော့ဘူး။ ကြက်မွေးတဲ့သူတွေကို သတိပေးထားတယ်။ မမွေးကြဖို့စခန်းထဲမှာ။ စစ်ဆေးလို့ တွေ့တယ်ဆိုရင် အကုန်ရှင်းပစ်မှာပဲ။ ကြက်တွေကိုလည်း ရှင်းမယ် အရေးလည်းယူမယ်။ သေတဲ့ကြက်က သံသယရှိလို့ပါ။”

ယနေ့နံနက်တွင် စခန်းအာဏာပိုင်များက စခန်းတွင်းတွင် ကြက်မွေးသူများ စခန်းပြင်သို့ သွားမွေးရန် လော်စပီ ကာဖြင့် သတိပေးကြေညာသည်ဟု စခန်းလုံခြုံရေးမှူးက ပြောသည်။

“အခု လက်ရှိ ကြက်မွေးနေတဲ့လူတွေကတော့ ကျန်းမာရေးအခြေအနေကတော့ ထိုင်းနိုင်ငံက ကြက်ငှက်တုတ်ကွေး ဆရာဝန်တယောက်က လာပြီးတော့ အဲသလို ဒီနေရာ လူနေမှု ထူထပ်တယ်။ ဒီနေရာ စိုးရိမ်စရာ အများကြီးရှိတယ် ဆိုပြီးတော့ အစည်းအဝေးထဲမှာ သူပိတ်သွားတယ်။ နောက် ပလပ်(စခန်းအုပ်ချုပ်ရေးမှူး)ကို သူအကြောင်းကြားတယ်။ ပလပ်မှာ ပြန်ညွှန်ကြားတယ်။ ဒီနေ့မှာ ပြန်ညွှန်ကြားတယ်။”

ယနေ့နံနက်ပိုင်းမှစ၍ ထိုင်းအာဏာပိုင်နှင့်စခန်းလုံခြုံရေးတို့ ကြက်မွေးမြူမှုများကို လိုက်လံ စစ်ဆေးနေသည်ဟု ၎င်းက ဆက်ပြောသည်။

ကြက်ငှက်တုတ်ကွေးပညာပေးနှင့် ပတ်သက်၍ ဒုက္ခသည်တဦးက “တော်တော်များများတော့ သိကြတယ်။ ကြက်ငှက်တုတ်ကွေးနဲ့ပတ်သက်လို့ရှိရင်လေ။ ဒါပေမယ် ပထမအရင် တခေါက်ကတော့ မမွေးဖို့ ပြောပြီးသွားပြီ။ ကြာတော့ ကြာနေပြီပေါ့နော်။ အခု သူတို့ ပြန်မွေးတယ်ပေါ့နော်။ ပြန်မွေးတယ် ဆိုပေမယ့်လည်း လူနည်းစုပဲ။ အခု အဲဒီဟာကို အားလုံးကို ပြန်ဖျောက်ခိုင်းတာပဲ။ ဒါပေမယ့် စားတာ ကတော့ ပုံမှန်ပဲ စားနေကြတာပဲ။ ကြက်သားတော့ ပုံမှန်ပဲ ရောင်းတယ်။ ထိုင်းကြက်တွေလေ ထိုင်း တွေ သူတို့လာရောင်းတယ်။ ဒါပေမယ့် အဲဒီမွေးတာကိုကျတော့ သူတို့ပိတ်တယ်။” ဟု ပြောသည်။

မယ်လဒုက္ခသည်စခန်းတွင် ပြီးခဲ့သည့် ၂ နှစ်ကတည်းက စခန်းတွင်း ကြက်မွေးမြူမှု ပိတ်ပင်ထားခဲ့သည်။

ယခုလ ၂၀ ရက်နေ့ကလည်း မယ်လဒုက္ခသည်စခန်းတွင် မြန်မာပြည်မှ ထုတ်ဝေသည့် ခဲဆိပ်ပါဝင်သည်ဟု ယူဆရသော လူသုံးကုန်ပစ္စည်းနှင့် တိုင်းရင်းဆေးအပါအ၀င် ပစ္စည်း ၉ မျိုးကို သုံးစွဲခြင်းမပြုရန် ပိတ်ပင် ထားသည်။

0 comments: