စောဘဦးကြီး၏မူ(၄)ရပ်

For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

Archives

ဝေါ်လေခီးစခန်းအားကေအန်ယူ လက်လွန်ဆုံးရှုံး

Wednesday, April 29, 2009

NEJ /၂၉ ဧပြီ ၂၀၀၉
တိုးတက်သောကရင်ဗုဒ္ဓဘာသာအဖွဲ့ (ဒီကေဘီအေ) နှင့် နအဖတပ်များ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၆) နယ်မြေအတွင်းရှိ တပ်ရင်း (၂၀၁) ဝေါလေခီး စခန်းအား ကေအန်ယူဘက်မှ ယမန်နေ့က လက်လွတ်ဆုံးရှုံးခဲ့သည်။

လက်နက်နှင့်လူအင်အား မမျှ၍ ယမန်နေ့နံနက် (၁၁) နာရီခန့်တွင် မိမိတို့တပ်စခန်းအား ယာယီစွန့်လွှတ်ခဲ့ရ ခြင်းဖြစ်သည်ဟု (၂၀၁) ဒု-ရင်းမှူး ဗိုလ်ကြီးဘူးဖောက ခေတ်ပြိုင်သို့ပြောသည်။

“မနေ့မနက်ကစပြီး နအဖဘက်က ခမရ (၂၃၁၊ ၅၄၉) နဲ့ ဒီကေဘီအေ တပ်ရင်း (၉၀၇၊ ၉၀၆၊ ၉၉၉၊ ၃၃၃) ပူးပေါင်းအင်အား (၂၀၀) ကျော် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အလုံးအရင်းထိုးတော့ ယာယီဆုတ်လိုက်ရတာဖြစ်ပေမယ့် ကျနော်တို့မှာ အစီအစဉ်တွေရှိပါတယ်” ဟု ဒု-ရင်းမှူးက ပြောသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် နောက်ထိုင်မြန်မာစစ်တပ်က ဘုရင့်နောင်တောင်ကုန်းမှ (၈၁) မမဖြင့် ကူပစ်ပေးရာ လက်နက်ကြီးကျည်အချို့ ထိုင်းနိုင်ငံအတွင်း ကျရောက်ခဲ့သဖြင့် ထိုင်းစစ်တပ်မှ ပြန်လည်သတိပေး ပစ်ခတ်ခဲ့သည်။

မိမိတို့ဆုတ်ခွာခဲ့သည့်စခန်းကို မြန်မာစစ်တပ်နှင့်ဒီကေဘီအေတပ်ဖွဲ့များ လောလောဆယ် ၀င်ရောက်တပ်စွဲခြင်း မရှိသေးကြောင်း ဗိုလ်ကြီးဘူးဖောက ပြောသည်။

ဝေါလေခီးစခန်းထိုးစစ်ကို နအဖနှင့်ဒီကေဘီအေက ယခုလ (၄) ရက်မှစတင်ကာ အလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့ပြီး ယမန်နေ့က စခန်းကို ရရှိခြင်းဖြစ်သည်။

တလနီပါးခန့်် ကြာမြင့်ခဲ့သည့် ဝေါလေခီးစခန်းတိုက်ပွဲတွင် နအဖစစ်သည် (၂) ဦး အပါအ၀င် ပူးပေါင်းစစ်သည် (၁၀) ဦးကျဆုံးပြီး ဒီကေဘီအေတပ်ဖွဲ့ဝင် (၄၀) ဒဏ်ရာရရှိခဲ့ကြောင်း၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် တပ်ရင်း (၂၀၁) မှ တပ်ကြပ်ကြီးစောဂျိမ်းနှင့် တပ်ဖွဲ့ဝင် (၂ ) ဦးကျဆုံးကာ တပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရရှိကြောင်း ကေအန်အယ်လ်အေကဆိုသော်လည်း သီးခြားအတည်ပြုချက် မရရှိသေးပါ။

တိုက်ပွဲအခြေအနေ အသေးစိတ်ကိုသိရှိရန် ဒီကေဘီအေတပ်ရင်း (၉၀၇) တပ်ရင်းရုံးသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူတဦးက ဝေါလေခီးစခန်းအား ၎င်းတို့သိမ်းပိုက်လိုက်ကြောင်းသာ ပြောဆိုသည်။

ယမန်နှစ်ကလည်း နအဖနှင့်ဒီကေဘီအေ တပ်ဖွဲ့များ၏ထိုးစစ်ကြောင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) မှ တပ်ရင်း (၂၀၁) ဝေါလေခီးစခန်းကို (၂) ရက်ခန့် လက်လွတ်ခဲ့ရပြီး ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

ဝေါလေခီးစခန်းသည် မဲဆောက်မြို့တောင်ဘက် ကီလိုမီတာ (၅၀) ခန့် အကွာအဝေးတွင်ရှိပြီး ကော့ကရိတ်မြို့နယ်အတွင်း ပါဝင်ကာ ကေအန်အယ်လ်အေ တပ်မဟာ (၆) ဒေသ ဒူးပလာယာခရိုင်၏ အုပ်ချုပ်ရေးအောက်တွင် ရှိသည်။

ယင်းဒေသအတွင်း မြေအောက်သယံဇာတ တူးဖော်သည့်မိုင်းလုပ်ငန်းများနှင့် အဖိုးတန် သစ်တောကြိုးဝိုင်းများ အများအပြားရှိပြီး နအဖနှင့်ကရင်ခွဲထွက်အဖွဲ့များက နယ်စပ်တလျှောက်တွင်ရှိသည့် ကေအန်အယ်လ်အေ တပ်စခန်းများကို အပြင်းအထန် တိုက်ခိုက်လျက်ရှိသည်။


0 comments: