Kaowao/ ဧပြီ ၈၊ ၂၀၀၉။
ဧပြီ-၈၊ ဘုရားသုံးဆူ။ ။ ယမန်နေ့ နံနက်ပိုင်းတွင်ခလရ (၂၄) စစ်ကြောင်းကို အပလုံရွာနှင့် မြိုင်သာယာရွာကြားတွင် KNU တပ်ရင်း (၁၆) မှ ပြောက်ကျားများ ဝင်ရောက်ပစ်ခတ်အပြီး ညနေပိုင်းတွင် အနန်းကွင်းသို့ စစ်ကြောင်းဆက်လက် ချီနေစဉ် မဲဇလီရွာမရောက်မီတွင် နောက်ထပ်တကြိမ် ထပ်မံအပစ်ခတ်ခံရပြန်ကြောင်း နယ်စပ်စစ်သတင်းရပ်ကွက်က ပြောသည်။
ဒုတိယအကြိမ် KNU ပြောက်ကျားပစ်ခတ်ရာတွင် ဗိုလ်ကြီးတစ်ဦးထိခိုက်ဒဏ်ရာ ရရှိသည်ဟုဆိုသော်လည်း အခြေအနေ အတိအကျမပြောနိုင်သေးပေ။
နံနက်ပိုင်းတွင် နှစ်ဦးသေ၊ သုံးယောက်ဒဏ်ရာ ရရှိခဲ့သည်။ နောက်ဆက်တွဲ အခြေအနေများ ဆက်လက်အတည် မပြုနိုင်သေးပါ။
ယနေ့တွင် အဆိုပါ နအဖစစ်ကြောင်းသည် အနန်းကွင်းအနီးတစ်ဝိုက်သို့ရောက်ရှိကြောင်း သိရှိရသည်။ KNU စိုးမိုးရာ ဒေသမှ မလွတ်မြောက်သေးပေ။
ဘုရားသုံးဆူနှင့် သံဖြူဇရပ်သို့ ပုံမှန်ခြေလျှင်ခရီးမှာ ၃ ရက်ခန့်ကြာမြင့်သည်။ ယခုကဲ့သို့ လမ်းခရီးမတွင် ခရီးတွင် မကြာခဏဖြတ်တိုက်ခံရမည်ကို သိနေသော်လည်း နအဖတပ်ဖွဲ့တို့သည် စစ်ကူများပေးကြသည်ကိုမတွေ့ရပေ။ မိမိတပ်ဖွဲ့ မိမိတာဝန်သာဖြစ်နေသည်။
စောဘဦးကြီး၏မူ(၄)ရပ်
For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
ခလရ (၂၄) စစ်ကြောင်း တစ်နေ့ထဲနှစ်ကြိမ်အပစ်ခတ်ခံ
Thursday, April 9, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment