စောဘဦးကြီး၏မူ(၄)ရပ်

For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

Archives

အီရန်သမ္မတမိန့်ခွန်း ကုလကိုယ်စားလှယ်များ ကန့်ကွက်

Tuesday, April 21, 2009

အီရန်သမ္မတ မာမွတ်ဒ် အမာဒီနီဂျက်ဒ်။
ဧပြီ ၂၀၊ ၂၀၀၉
ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ ကမ္ဘာတ၀န်း လူမျိုးရေးနဲ့ အသားအရောင်ခွဲခြားမှု ဆိုင်ရာ ကုလသမဂ္ဂညီလာခံမှာ အီရန်သမ္မတ မာမွတ်ဒ် အမာဒီနီဂျက်ဒ် (Mahmoud Ahmadinejad) မိန့်ခွန်းပြောတဲ့အခါ ဒါဇင်နဲ့ချီတဲ့ ညီလာခံ ကိုယ်စားလှယ်တွေ ခန်းမထဲကနေ ထွက်သွားကြပါတယ်။

အစ္စရေးလ်နိုင်ငံ ထူထောင်တဲ့အပေါ်နဲ့ ပါလက်စတိုင်းတွေ အိုးအိမ်မဲ့ဖြစ်ရတာတွေ
အပေါ် အီရန်ခေါင်းဆောင်က ဝေဖန် ပြောကြားတာကို ကန့်ကွက်တဲ့အနေနဲ့
ဥရောပ နဲ့ ကနေဒါကိုယ်စားလှယ်တွေ ထွက်သွားကြတာပါ။

ခန်းမထဲမှာ ဆက်ရှိနေတဲ့ တခြားလူတွေကလည်း မစ္စတာ အမာဒီနီဂျက်ဒ်ကို
အော်ဟစ်ပြီး မိန့်ခွန်းကိုတားဆီးဖို့ ကြိုးစားခဲ့ကြပေမယ့် သူက နှောင့်ယှက်သူ တွေကို ပြုံးကြည့်ပြီး မိန့်ခွန်းကို ဆက်ပြောခဲ့ပါတယ်။ သူ့ကို ခန်းမတွင်းရှိနေတဲ့ တခြားလူတွေက လက်ခုပ်တီး သြဘာပေးခဲ့ကြပါတယ်။

အီရန်သမ္မတ မိန့်ခွန်း စပြောတဲ့အချိန်မှာ အရောင်စုံ ဆံပင်တုတပ်ထားတဲ့ ဆန္ဒပြသူနှစ်ယောက်ထဲက တယောက်က တခုခုနဲ့ ပစ်ပေါက်ခဲ့ပေမဲ့ အီရန်သမ္မတကိုတော့ မထိခဲ့ပါဘူး။ လုံခြုံရေးအစောင့်တွေက ဆန္ဒပြသူတွေကို ခန်းမထဲကနေ ဆွဲထုတ်သွားခဲ့ပါတယ်။

1 comments:

Htoo Myat said...

တကယ်တော့ ကျနော်လည်း အဲလိုပဲ တွေးတယ်ဗျ။ ဥရောပနဲ့ အမေရိက ပါဝါတွေက သူတို့နဲ့လည်း ဘာမှ မဆိုင်တဲ့ ဒေသတစ်ခုမှာ ဘူးရှစ် သမ္မာကြမ်းထဲမှာပဲ ပါခဲ့ဖူးတဲ့ ဂျူးတွေရဲ့ နိုင်ငံဟောင်း ဆိုတာကြီး အကိုးအကား လုပ်ပြီး ပေးလိုက်ကြတယ်။

တကယ်တမ်း စေတနာရှိရင် သူတို့ ဥရောပမှာပဲ ဖြစ်ဖြစ်၊ မြောက်အမေရိကမှာပဲ ဖြစ်ဖြစ် တစ်နေရာရာ ပေးပေါ့။ ခုတော့ အစ္စရေးလ်တွေရဲ့ မျက်နှာကို မကြည့်ပဲ သူတို့ ပိုင်တဲ့နေရာကို လက်နက်အားကိုးနဲ့ အနိုင်ကျင့်ပြီး ပေးလိုက်တာမျိုးကတော့ တကယ် ရက်စက်တယ်။