စောသိန်းမြင့်၊ ကေအိုင်စီ
ဧပြီ ၂၁၊ ၂၀၀၉
မယ်လဒုက္ခသည်စခန်း ၀င်ပေါက်တခု
ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းတွင် မြန်မာပြည်မှ ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်း အချို့ကို မသုံးစွဲရန် တားမြစ်ချက်ကို ယမန်နေ့က ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။
သုံးစွဲခြင်းမပြုရန် တားမြစ်ထားသည့် မြန်မာပြည်မှ ထုတ်ကုန် ပစ္စည်းများမှာ အိုးခွက်၊ ပန်းကန်၊ ဗမာတိုင်းရင်းဆေး အမျိုးမျိုး၊ အရောင်တင်မှုန့်၊ နနွင်းမှုန့်၊ လက်ဖက်ခြောက်နှင့် လက်ဖက်သုပ်တို့ ဖြစ်သည်။
တားမြစ်ချက်ကို လိုက်နာကျင့်သုံးမှု မရှိပါက ထိရောက်စွာ အရေးယူသွားမည်ဟု အသံချဲ့စက်က တဆင့် အသိပေး နှိုးဆော်သည်ဟု သိရသည်။
ဘန်ကောက်မြို့ အခြေစိုက် ဗဟိုရောဂါထိန်းချုပ်ရေးဌာန (Center of Disease Control)အဖွဲ့က မြန်မာပြည်မှ ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းများကို စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်ရာတွင် ခဲဆိပ် ပါဝင်နေကြောင်း တွေ့ရှိခဲ့သည့် အတွက် ယခုကဲ့သို့ တားမြစ်ချက် ထုတ်ပြန်ရခြင်းဖြစ်သည်ဟု မယ်လဒုက္ခသည်စခန်း အတွင်းရေးမှူး စောထွန်းထွန်းက ပြောသည်။
သူက “သူတို့ စမ်းသပ်တဲ့နေရာမှာ နမူနာကတော့ နို့ဖိုးစခန်းနဲ့ မယ်လစခန်းက ဆေးတွေကို သူတို့ ယူသွားတယ်။ ပြီးတော့ အမေရိကန် မီနီဆိုးတားမှာ ရောက်ရှိနေတဲ့ တိုင်းရင်းဆေးတခု သူတို့ယူတယ်။ ပစ္စည်းအားလုံး ၁၃သုံးမျိုးလောက် ရှိတယ်။ အဲဒါကို အင်ဒီယားနားပြည်နယ် ဓာတ်ခွဲခန်းမှာ သူတို့ ဓာတ်ခွဲကြည့်ပြီး အဖြေတွေကို ပြန်ပြီးတော့ ထုတ်ပြန်လိုက်တယ်။ အကြောင်းအရင်းက ကျနော်တို့ စခန်းက အမေရိကန်ကိုသွားတဲ့ ကလေး ၅နှစ်ကနေ ၁၂နှစ်အထိပေါ့နော်။ အယောက် ၂ဝဝလောက်ကို သူတို့ စမ်းသပ်ကြည့်တဲ့အခါမှာ ၈ဝ လောက်ဟာ ခဲဆိပ် ရှိနေတဲ့အတွက် စခန်းမှာ သုံးစွဲနေတဲ့ ပစ္စည်းတွေကို မသင်္ကာဘူးပေါ့နော်၊ အဲဒီ မသင်္ကာစရာ ပစ္စည်းတွေကို သူတို့ ပို့လိုက်တယ်။ အဲဒီတော့ ကျနော်တို့လည်း အဲဒီမသင်္ကာစရာ ပစ္စည်းတွေကို ပိတ်လိုက်တာပေါ့”ဟု ပြောသည်။
မယ်လစခန်းမှ အိမ်ရှင်မတဦးက ညွှန်ကြား တားမြစ်ချက်အတိုင်း ဆေးဝါးများနှင့် အစားအစာများကို အသုံး မပြုတော့ကြောင်း၊ သို့သော် အိုး ခွက် ပန်းကန်များကိုမူ မသုံးမဖြစ် အသုံးပြုရမည် ဖြစ်ကြောင်း ပြောသည်။
သူမက “ကျမအိမ်က ဆေးဝါးတွေ၊ ဒီနနွင်းမှုန့်၊ အရောင်တင်မှုန့် အဲဒါတွေကို စခန်းထဲက ကြေညာချက် ထုတ်ပြန်ခဲ့ကတည်းက ကျမတို့ မသုံးတော့ဘူး။ ဒါပေမဲ့ အိုးခွက်၊ ပန်းကန်တွေကျတော့ မသုံးမဖြစ် သုံးရတယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ အသစ် ထပ်ဝယ်ဖို့အတွက် ငွေမှမရှိတာ”ဟု ပြောသည်။
မြန်မာပြည်မှထုတ်သည့် လူသုံးကုန် ပစ္စည်းများကို ရောင်းသည့် ဆိုင်ရှင် ဖီ့ဒါးဒါးက စခန်း တာဝန်ရှိသူများ၏ သတိပေး ညွှန်ကြားချက်အတိုင်း လိုက်နာ ဆောင်ရွက်သွားမည်ဟု ပြောသည်။
သူမက “တာဝန်ရှိသူတွေ ညွှန်ကြားတဲ့ အတိုင်း ဆိုလို့ရှိရင် လက်ခံနိုင်ပါတယ်။ မရောင်းရဘူး ဆိုရင်လည်း ကျမတို့ မရောင်းတော့ပါဘူး။ အများအတွက် ကြည့်လို့ရှိရင် ကောင်းတယ်လေ။ ကျမအနေနဲ့တော့ ကျမ ပစ္စည်းတွေ ဆုံးရှုံးရပေမဲ့ အများအတွက်ဆိုတော့ လက်ခံနိုင်ပါတယ်”ဟု ပြောသည်။
ထိုင်း-မြန်မာ နယ်စပ်ရှိ အခြားဒုက္ခသည်စခန်းများတွင် ထိုကဲ့သို့ မြန်မာပြည်မှ ထုတ်လုပ်သည့် လူသုံးကုန် ပစ္စည်းများ မသုံးစွဲရန် တားမြစ်ချက်များ ထုတ်ပြန်ကြေညာခြင်းမျိုး မရှိသေးကြောင်း စုံစမ်းသိရှိရသည်။
မယ်လစခန်းသည် ထိုင်းနိုင်ငံ မဲဆောက်မြို့၏ မြောက်ဘက် (၄၅)ကီလို အကွာအဝေးတွင် ရှိပြီး စုစုပေါင်း လူဦးရေ ၄သောင်းကျော် နေထိုင်ကာ ထိုင်း - မြန်မာ နယ်စပ်တလျှောက်တွင် အကြီးဆုံး ဒုက္ခသည် စခန်း တခု ဖြစ်သည်။
စောဘဦးကြီး၏မူ(၄)ရပ်
For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
မယ်လ ဒုက္ခသည် စခန်းတွင် မြန်မာပြည်မှ ထုတ်သည့် ကုန်ပစ္စည်းအချို့ မသုံးစွဲရန် တားမြစ်ချက် ထုတ်ပြန်
Wednesday, April 22, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment