စောဘဦးကြီး၏မူ(၄)ရပ်

For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

Archives

KNU ခေါင်းဆောင်ပိုင်းနှင့်ထိုင်းနိုင်ငံခြားရေးဌာန ယနေ့ စတင်ဆွေးနွေး

Tuesday, April 7, 2009

NEJ /ဧပြီလ(၆) ရက်၊ ၂၀၀၉


အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စတွင် ထိုင်း-မြန်မာနယ်စပ်မှ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များပါဝင်ရန် ထိုင်းအစိုးရအား မြန်မာစစ်အစိုးရဘက်မှ ဖိအားပေးသည့်အတွက် ကေအန်ယူ ထိပ်ပိုင်းခေါင်းဆောင်အချို့နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများ ယနေ့ဘန်ကောက်မြို့တွင် စတင်တွေ့ဆုံဆွေးနွေးမည်ဟု အမည်မဖော်လိုသည့် ကေအန်ယူအရာရှိတဦးက ပြောသည်။

ထိုင်းနိုင်ငံခြားရေးဌာန တာဝန်ရှိသူများနှင့် ဆွေးနွေးသည့် ကေအန်ယူ ကိုယ်စားလှယ်များမှာ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ်သကဘော၊ အထွေအထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဖြစ်သည်။

အဆိုပါဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ်ပါဝင်ခြင်းရှိမရှိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ယခုသတင်းရေးချိန်ထိ ပဒိုဒေးဗစ်သကဘောအား ခေတ်ပြိုင်က ဆက်သွယ်ခဲ့သော်လည်း ဆွေးနွေးနေဆဲဖြစ်၍ ဆက်သွယ်မရခဲ့ပေ။

မကြာခင်က မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ်နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းတို့ တွေ့ဆုံရာတွင် ကေအန်ယူအား နားချပေးရန် ဦးဉာဏ်ဝင်းက တောင်းဆိုခဲ့သည်။ ကေအန်ယူက မြန်မာစစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို မည်သည့်အတွက် လက်မခံနိုင်ကြောင်း မိမိကိုယ်တိုင် ကေအန်ယူ ပြောသည်ကို ကြားလိုသည်ဟုလည်း ကဆစ်က ပြောခဲ့သည်။

ထို့ကြောင့် ယခုဆွေးနွေးပွဲတွင် မြန်မာစစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်ပြီး ကေအန်ယူ၏ သဘောထားကို ဆွေးနွေးရန်များသည်ဟု ခေတ်ပြိုင်သတင်းထောက်က ယူဆသည်။

ကဆစ် မြန်မာနိုင်ငံသွားခဲ့ခြင်းသည် ထိုင်းတွင်သောင်တင်နေသည့် ရိုဟင်ဂျာ ဒုက္ခသည်များအရေးကို စစ်အစိုးရက မည်သို့ကူညီမည်ဆိုသည့်ကိစ္စ ဆွေးနွေးရန်ဖြစ်သည်။ ရိုဟင်ဂျာကိစ္စအတွက် မြန်မာဘက်က မည်သို့ ထိုင်းအား ကူညီမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ကေအန်ယူကို လက်နက်ချရေးကိစ္စအတွက် ထိုင်းအစိုးရ က ဆွေးနွေးပေးရန် စစ်အစိုးရဘက်က တောင်းဆိုခဲ့ခြင်းဖြစ်သည်။

သို့သော် ထိုင်းနိုင်ငံသည် ဒီမိုကရေစီစနစ်ကို စံထားသည့် နိုင်ငံဖြစ်သည့်အတွက် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အပါအ၀င် တော်လှန်ရေးအဖွဲ့အစည်းများအား ဆိုးဆိုးဝါးဝါးအခြေအနေမျိုးရောက်အောင် တွန်းပို့မည့် နိုင်ငံမဟုတ်ဟု ယုံကြည်ကြောင်း ကေအန်ယူ ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ်သကဘောက အစောပိုင်းတွင် ပြောခဲ့သည်။

“ထိုင်းအစိုးရဟာ မြန်မာစစ်အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစဉ်ကို ထောက်ခံသလို ရုဒ်မက် (၇) ချက်နဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကိုလည်း ထောက်ခံပါတယ်။ ကေအန်ယူကို လက်နက်ချရေးကိစ္စအတွက် ဆွေးနွေးဖို့ မြန်မာစစ်ခေါင်းဆောင်တွေကို ကျနော် ကတိပေးခဲ့ပါတယ်။ အဲသလို ဆွေးနွေးဖို့ မြန်မာစစ်ခေါင်းဆောင် တွေက ကျနော်တို့ကို ယုံကြည်ပုံရပါတယ်” ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ်က ပြောသည်။

ထိုင်းအာဏာပိုင်များသည် ကရင်အမျိုးသားအစည်းအရုံးမှ ခေါင်းဆောင်များကို ထိုင်းနိုင်ငံအတွင်းနေထိုင်ခွင့်မပြုဘဲ မိမိတို့တပ်စခန်းများတွင်သာ ပြန်လည်နေထိုင်ရန် ယခုနှစ် ဖေဖော်ဝါရီလ (၁၉) ရက် နေ့စွဲဖြင့် အသိပေးအကြောင်း ကြားစာ ပေးပို့ခဲ့ပြီးဖြစ်သည်။

0 comments: