စောဘဦးကြီး၏မူ(၄)ရပ်

For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

Archives

KNUကို တဖက်‌က ‌ဆွေးနွေးပြီး တဖက်‌က‌နေ တိုက်‌ခိုက်‌

Thursday, April 9, 2009

ထိုင်းမြန်မာနယ်‌စပ်‌က ကရင်‌အမျိုးသား အစည်းအရုံး (KNU) ရဲ့ စခန်း တခုဖြစ်‌တဲ့ ‌ဝေါ်‌လေခီး စခန်း ကို DKBA ‌တပ်‌‌တွေ နဲ့ နအဖ အစိုးရတပ်‌‌ တွေက ရက်‌အတန်‌ကြာ ဝိုင်း ထား ရာက‌နေ ‌ကြာသပ‌တေး‌နေ့ မှာ‌တော့ ‌နအဖစစ်‌တပ်‌က ‌နောက်‌က‌နေ ‌မော်‌တာ ကျည်တွေ နဲ့ ပစ်‌ခတ်‌‌ပေးပြီး DKBAတပ်‌‌တွေက ‌ရှေ့ က‌နေ စတင်‌တိုက်‌ခိုက်‌တာဖြစ်ပါတယ်‌။

တိုက်‌ပွဲတွေဆက်ပြီးဖြစ်‌‌နေ‌ပေမယ့်‌ နအဖ နဲ့ DKBAတပ်‌‌တွေက KNU စခန်း အနီး ကို ‌မ‌ရောက်‌နိုင်‌‌သေးဘူး၊ ‌နောက်‌ DKBAတပ်‌‌က တပ်‌သား ၆ဦးနဲ့ အရပ်‌သား‌ပေါ်တာ ၁ဦး ဒဏ်‌ရာရခဲ့တယ်‌လို့ KNU‌တပ်‌က ဗိုလ်‌ကြီး ‌အောင်‌ကြည် ကဘီဘီစီကို ‌ပြောပါတယ်‌။

အခုလိုမျိုးတိုက်ပွဲတွေ မတိုက်‌ခင်မှာ နအဖဘက်‌က‌နေ KNU နဲ့ ငြိမ်းချမ်းရေးလုပ်‌ဖို့ ထိုင်းကို ကြားဝင်‌ ညှိနှိုင်း ဆွေးနွေးခိုင်းတဲ့အတွက် ‌‌KNU အကြီးအကဲတွေနဲ့ ထိုင်းနိုင်‌ငံခြားရေးဝန်ကြီး‌တို့ ‌တွေ့ ဆုံ‌ ဆွေးနွေးခဲ့ပါ‌သေးတယ်‌။

KNU လိုမျိုး(KNPP)ကရင်‌နီ အမျိုးသား တိုးတက်‌‌ရေးပါတီ ကိုလည်း နအဖ အစိုးရက ‌ဆွေးနွေးဖို့ကမ်းလှမ်းခဲ့‌သေးတယ်‌လို့ KNPP ရဲ့ ‌ပြောခွင့်ရသူက ဘီဘီစီ ကို‌ပြောရာပါတယ်‌။


ဘီဘီစီမှဖေါ်ပြသည်။

0 comments: