ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာရှိတဲ့ ခမရ ၄၂၅ တပ်ဖွဲ့ဝင်တွေဟာ စော်ဆားရွာသူကြီးနဲ့ အသက်၂၀အရွယ်လူငယ်တစ်ဦးကို ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးသူပုန်တပ်တွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး မေလ ၆ ရက်နေ့က သတ်ဖြတ်သွားခဲ့တယ်လို့ ဒေသခံအသိုင်းအဝိုင်းတွေကတဆင့် စုံစမ်းသိရပါတယ်။
ုနှစ် ဧပြီ၂၈ရက်နေ့ က အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သော
ကလေး ၃ ဦးအပါအဝင်ရွာသား ၁၂ ဦး၏အလောင်းများ မှတ်တမ်းပုံဖြစ်သည်။
(Photo: AFP)
အဲ့ဒီလိုသတ်ဖြတ်မှုတွေအပြင် စော်ဆားနဲ့နောင်ဗန်ရွာသား ၈၀ လောက်ကိုလည်း မသကာင်္မှုနဲ့ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
မြန်မာစစ်တပ်ရဲ့လုပ်ရပ်နဲ့ပတ်သတ်လို့ ထိုင်းအခြေစိုက်ပအိုဝ့်လူငယ်အစည်းအရုံးက ကြေငြာချက်တစောင်ထုတ်ပြန်ပြီး ကန့်ကွက်ပြောဆိုပါတယ်။
အပြစ်မဲ့ဒေသခံတွေကို မြန်မာစစ်တပ်ကအခုလို ဖမ်းဆီးတာတွေဟာ ပြီးခဲ့တဲ့မေလ ၃ ရက်နေ့က ခမရ ၄၂၆ ကို ပအိုဝ့်နဲ့ကရင်ပူးပေါင်းတပ်တွေက ခြုံခိုတိုက်ခိုက်ပြီးတဲ့နောက်ပိုင်းမှာ ဖြစ်ပေါ်လာတာလို့ ပအိုဝ့်ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ ဥက္ကဌဗိုလ်မှူးကြီးခွန်ဥက္ကာက သုံးသပ်ပြောဆိုလိုက်ပြီး နောက်ဆက်တွဲဖြစ်လာနိုင်ခြေနဲ့ပတ်သတ်လို့ အခုလိုသုံးသပ်ပါတယ်။
ဗိုလ်မှူးကြီးခွန်ဥက္ကာ။ ။"စစ်အုပ်စုဟာ အပြစ်မဲ့တဲ့ရွာသားတွေကို အနိုင်ကျင့်ပြီးတော့သတ်ဖြတ်နှိပ်စက်တာ
တွေလုပ်ခြင်းအားဖြင့်ကျနော်တို့  ပအိုဝ်းပြည်သူတွေကကြောက်ရွံထိတ်လန့်သွားမှာမဟုတ်ဘူး။ ဒီလိုဖိနှိပ်လေပြည်သူတွေကပိုပြီးတော့ တော်လှန်ရေးနဲ့ပူးပေါင်းသွားပြီးတော့ သူတို့ကိုနောက်ဆုံးလူထုစစ်ပွဲသဘောမျိုး ပြန်တိုက်သွားမှာကို သတိထားသင့်တယ်။ အပြစ်မရှိတဲ့ရွာသားတွေကို ဒီလိုတဖတ်သတ်နှိပ်စက်မယ်ဆိုရင်တော့ ဒါကိုPNO/PNA က ကြားဝင်ရှင်းသင့်တယ်။ နဲနဲထိန်းသင့်တယ်လို့ ကျွန်တော်တို့မြင်တယ်။"
ဗိုလ်မှူးကြီးခွန်ဥက္ကာ ပြောဆိုသွားတဲ့ PNO/PNA အဖွဲ့ ဟာ ဦးအောင်ခမ်းထီ ဦးဆောင်တဲ့အဖွဲ့ ပြီး
၁၉၉၁ခုနှစ်မှာ မြန်မာစစ်အစိုးရနဲ့ အပစ်ရပ်ထားတဲ့အဖွဲ့ ဖြစ်ပါတယ်။
ဖယ်ခုံမြို့ အခြေစိုက်တခစ စစ်ဒေသကွက်ကဲရေးမှူး ဗိုလ်ချုပ်မျိုးအေးကတော့PNO/PNAဟာ
ကိုယ့်ဒေသကိုကိုယ်မထိန်းသိန်းနိုင်ဘူးဆိုရင် ၂၀၀၈ဖွဲ့ စည်းပုံအခြေခံဥပဒေမှာသတတ်မှတ်အတည်ပြုထား
ပြီးဖြစ်တဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို အခြေခံဥပဒေကနေပြန်လည်ရုပ်သိမ်းမယ်လို့ 
ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကခြိမ်းခြောက်ပြောဆိုမှုတွေရှိခဲ့ကြောင်းစုံစမ်းသိရပါတယ်။
RFAမှကူးယူဖေါ်ပြသည်။
စောဘဦးကြီး၏မူ(၄)ရပ်
For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
အပစ်မဲ့ပြည်သူတွေကိုသတ်ဖြတ်နေမှု ပအိုဝ့်အဖွဲ့အစည်းများကန့်ကွက်
Sunday, May 10, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment