မကွေးတိုင်းရေစကြိုမြို့အခြေစိုက် ခလရ ၂၅၇ တပ်ရင်းပိုင် စစ်လက်နက်တိုက်အဖောက်ခံခဲ့ရတာ
သိရှိခဲ့တဲ့မေလ ၄ ရက်နေ့ နောက်ပိုင်းမှာအဲ့ဒီလက်နက်တိုက်အဖောက်ခံရတာနဲ့ပတ်သတ်လို့ ခလရ ၂၅၆ တပ်ရင်းကအရာရှိတစ်ဦးအပါအဝင် တပ်သား ၁၆ ယောက်ကိုစစ်အစိုးရ အဆင့်မြင့်အာဏာပိုင်တွေက ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။
မြန်မာစစ်အစိုးရ၏ တပ်မတော်တံဆိပ်ကိုစစ်ဦးထုပ်တွင်တပ်ဆင်ထားပုံဖြစ်ပါသည်။ (Photo:AFP)
အဲ့ဒီလိုဖမ်းဆီးစစ်ဆေးခံရသူထဲက တပ်ကြပ်ကြီးတစ်ဦးမနေ့က ၁၀ ရက်နေ့မှာသေဆုံးခဲ့လို့ တပ်တွင်းမိသားစုဝင်တွေမကျေမနပ်ဖြစ်ပြီး မေလ ၁၀ ရက်နေ့ညပိုင်းမှာဆူပူခဲ့တယ်လို့ စစ်တပ်တဲ့နီးစပ်တဲ့ဒေသခံတွေက RFA ကိုပြောပါတယ်။
ရေစကြိုမြို့ ခလရ ၂၅၆ တပ်ရင်းက လက်နက်တိုက်အဖောက်ခံရတာနဲ့ ပါတ်သက်ပြီး စစ်သားတွေကိုဖမ်းဆီးစစ်ဆေးမှုပြုလုပ်ရာက တပ်ကြပ်ကြီးတဦးသေဆုံးသွားတာကိုမကျေနပ်လို့  တပ်ရင်းမိသားစုဝင်အမျိုးသမီး ၃၀ လောက်မနေ့ ကညနေပိုင်းမှာဆူပူခဲ့တာလို့ စစ်တပ်နဲ့ နီးစပ်တဲ့မျက်မြင်ဒေသခံကအခုလိုပြောပါတယ်။
မျက်မြင်ဒေသခံ။ ။"စစ်လက်နက်တိုက် အဖောက်ခံရတာနဲ့ ပါတ်သက်ပြီးဖမ်းဆီးစစ်ဆေးခံရတဲ့ရဲဘော်
တွေရဲ့ အမျိုးသမီး ၃၀ လောက်တန်းစီပြီးမနေ့ က ညနေပိုင်းမှာတပ်ကနေ တမာတန်းထိဆန္ဒပြခဲ့တာ။
သူတို့ ကဖမ်းထားတဲ့လူတွေလွတ်ပေးဖို့ မတရားအမှုကို မှန်မှန်ကန်ကန်လုပ်ပေးဖို့ စစ်ဆေးရင်းသေသွားတဲ့ကိစ္စဟာလုံးဝမတရားဘူး။သေသွားတဲ့သူအတွက်ရာဇဝတ်ကျေး ပြန်ဆပ်ပေးဆိုပြီးအော်ဟစ်ဆန္ဒပြခဲ့တာပါ။
သေဆုံးသွားသူဟာ လက်နက်တိုက်အဖောက်ခံရတာနဲ့ ပါတ်သက်ပြီးအစစ်ဆေးခံရတဲ့တပ်ကြပ်မှူးကြီး
အဆင့် အသက် ၃၅ နှစ်အရွယ်ကိုမြင့်စိုး ဖြစ်ပြီးမေလ ၁၀ ရက်နေ့ မနက်ပိုင်းကသေဆုံးတာဖြစ်ပြီး သေ
တဲ့နေ့  နေ့ လည် ၁ နာရီလောက်မှာရေစကြိုမြို့ ကသုသာန်မှာသဂြိုလ်ခဲ့တာလို့ ဒေသခံနောက်တစ်ဦးကပြေပါတယ်။
ခြေားဒေသခံ။ ။"၂ ချက်နဲ့  ၄ နာရီကြား၊စစ်သမီးတေပေွါ့၊ရဲဘော်တွေရဲ့ အမျိုးသမီးတွေသူတို့ တပ်ကနေ တမာလမ်းဆုံအထိ။ ၃၀ လောက်ရှိတယ်။တန်းစီပြီးတော့ဒီလိုဖမ်းထားတဲ့သူတွေထုတ်ပေးဖို့ မတရားခံစားရတာတွေပေါ့လေ၊မတရားအမှုကို အမှန်ကန်လုပ်ပေးဖို့ ၊သေသွားတဲ့လူရဲ့ဟာကိုမကျေနပ်ဖူးပေါ့လေ။လုံးမတရားဘူး။သေသွားတဲ့လူရဲ့ဟာကိုရာဇဝင်ကြွေးပြန်ဆပ
်မယ်။ဒါမျိုးတွေလွှတ်ပေါ့လေ။မကျေနပ်ဖူးပေါ့။အော်ဟစ်ပြီးဆန္ဒပြတာ"။
မကွေးတိုင်းရေစကြိုမြို့ မှာအခြေစိုက်တဲ့ခလရ ၂၅၅၆တပ်ရင်းရဲ့ စစ်လက်နက်တိုက် မေလ ၄ ရက်နေ့ ညပိုင်းမှာအဖောက်ခံရတာသိရှိပြီးစစ်လက်နက်တွေပါသွားတဲ့သတင်းကို RFAကမေလ ၅ ရက်နေ့ ညပိုင်းအစီအစဉ်မှာ ထုတ်လွင့်ခဲ့ပြီးဖြစ်ပါတယ်။
လက်နက်တိုက်အဖောက်ခံရတာနဲ့ ပါတ်သက်လို့ ရေစကြိုမြို့ အခြေစိုက်ခလရ ၂၅၆ တပ်ရင်းကနောက်တန်းကျန်စစ်သားတွေဖမ်းဆီးစစ်ဆေးခံနေရတဲ့အခြေအနေနဲ့ စစ်ဆေးခံရတဲ့အထဲကတပ်ကြပ်တစ်ဦးမနေ့ ကသေဆုံးခဲ့တာကိုစစ်တပ်နဲ့ နီးစပ်တဲ့ဒေသခံကပဲဆက်ပြောပါတယ်။
နောက်တန်းမှာကျန်ခဲ့တဲ့ရဲဘော် ၁၆ယောက်လောက်အဖမ်းခံရတယ်။အဲဒီအဖမ်းခံရတဲ့အထဲမှာ
အရာရှိ ၂ ဦးပါပြီးနမခ နဲ့ နေပြည်တော်ထောက်လှမ်းရေးတပ်ခွဲကဖမ်းဆီးစစ်ဆေးခဲ့တာ။အဲလို
စစ်ဆေးလို့ လက်လွန်ပြီးတော့တပ်ကြပ်ကြီးတစ်ဦး ဆေးရုံအရောက်မှာသေဆုံးခဲ့တာပါ။
ခလရ ၂၅၆ ကတပ်ကြပ်ကြီးတစ်ဦးသေဆုံးခဲ့တာနဲ့ ပါတ်သက်လို့  အသေးစိတ်သိရှိနိုင်ဖို့ ရေစကြိုမြို့ နယ်ဆေးရုံကြီးကိုRFAကဆက်သွယ်မေးမြန်းတဲ့အခါတာဝန်ကျဆေးရုံအုပ်ကြီးကအခုလိုပြန်ဖြေကြား
ပါတယ်။
ဆေးရုံအုပ်ကြီး။ ။"အဲဒီအကြောင်းသိချင်ရင်၂၅၆ ကို ဖုံးဆက်ကြည့်ပါ။ဘယ်လိုတွေ့ ရှိခဲ့တယ်ဆိုတာသိချင်ရင်လည်း ၂၅၆ကိုပဲဖုံးဆက်မေးပါ။တပ်ရင်းဆီကိုဖုံးဆက်မေးပါနော်။"
ရေစာကိုမြို့ နယ်ဆေးရုံကြီးက တာဝန်ကျဆေးရုံအုပ်ကြီးပြောသွားတာဖြစ်ပါတယ်။
ရေစကြိုမြို့ ကခလရ ၂၅၆ တပ်ရင်းပိုင်လက်နက်တိုက်အဖောက်ခံရလို့ ဖမ်းဆီးစစ်ဆေးခံရစဉ်တပ်ကြပ်ကြီးသေဆုံးသွားတာအပါအဝင်တပ်ရင်းမိသားစုဝင်အမျိုးသမီး ၃၀ လောက်ဆန္ဒပြတာတွေနဲ့ ပါတ်သက်လို့ RFAကသိရှိနိုင်ဖို့ ခလရ ၂၅၆ တပ်ရင်းရုံးကိုဖုံးနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။
စောဘဦးကြီး၏မူ(၄)ရပ်
For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
လက်နက်တိုက်ဖောက်ထွင်းမှုစစ်ဆေးရာမှ တပ်ကြပ်ကြီးသေဆုံး၍ဆူပူမှုဖြစ်ပွား
Tuesday, May 12, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment