Wednesday, 13 May 2009 18:00 ဉာဏ်မောင်
ရေစကြိုမြို့အခြေစိုက် စစ်တပ်မှ လက်နက်တိုက်ဖောက်ခံရကြောင်း သိရှိရပြီးနောက် ဒေသခံများကို အာဏာပိုင်များက စစ်ဆေးမှုများပြုလုပ်နေရာ အရပ်သားတဦး စိတ်ဖောက်ပြန်သွားကြောင်း ဒေသခံများက ပြောသည်။
ခလရ (၂၅၆) အနီးရှိ လ္ဘက်ရည်ဆိုင်ပိုင်ရှင် ကိုဇော်ဝင်းမောင်ဆိုသူအား ရေစကြိုရဲစခန်းတွင် ယခုလ (၇) ရက်နေ့က ခေါ်ယူကာ သုံးရက်ကြာ စစ်ဆေးပြီး ပြန်လွတ်လာစဉ် ညှဉ်းပန်းနှိပ်စက်သည့် ဒဏ်ကြောင့် စိတ်ဖောက်ပြန်သွားခြင်းဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူ မြို့ခံက ပြောသည်။
“ဇော်ဝင်းမောင်ကို ရဲက ခေါ်စစ်တာ၊ သုံးရက်လောက် ကြာတယ်၊ အခု ပြန်လဲလွတ်လာတော့ ဆိုင်လဲမဖွင့်နိုင်ဘူး၊ ရူးသလို ကြောင်သလို ဖြစ်သွားတယ်၊ စကားပြောတာလဲ မူမမှန်တော့ဘူး၊ အဲဒီနားက တခြားသူတွေလဲ ကြောက်နေကြတယ်” ဟု ပြောသည်။
စစ်လက်နက်တိုက် အဖောက်ခံရမှုနှင့်ပတ်သက်၍ တပ်အတွင်းမှသူများကို နေပြည်တော်မှ အထူးစုံစမ်းရေးအဖွဲ့များက စစ်ဆေးနေပြီး အရပ်သားပြည်သူများကို သက်ဆိုင်ရာ နယ်မြေခံ ရဲစခန်းက ခေါ်ယူစစ်ဆေးနေလျှက်ရှိသည်။
အဆိုပါလက်နက်တိုက် အဖောက်ခံရခြင်းကြောင့် လုံခြုံရေးများ တင်းကြပ်ထား၍ မုံရွာ (နမခ)လက်အောက်ခံ တပ်များလည်း ရေစကြိုမြို့သို့ ရောက်ရှိနေကာ ပတ်တရောင်လှည့်ခြင်းများ ပြုလုပ်နေပြီး ချင်းတွင်းဆိပ်ကမ်းတွင် ၂၄ နာရီ လုံခြုံရေးများလည်း ချထားကြောင်း မြို့ခံက ပြောသည်။
“မုံရွာတပ်တွေရောက်တာက သုံးလေးရက်လောက်ပဲ ရှိသေးတယ်၊ လူတွေကလဲ တမာလမ်းဆုံဘက်သွားရမှာတောင် လန့်နေတယ်၊ သွားလာသူတွေကို မေးမြန်းတာတွေရှိတယ်၊ ဘယ်သွားမှာလဲ၊ ဘာလုပ်မှာလဲဆိုတာတွေ လုပ်နေတယ်၊ အဲဒီနားမှာနေတဲ့ သူတွေလဲ သူ့ခေါ်စစ်မလား ငါ့ခေါ်စစ်မလားဆိုပြီး ကြောက်နေကြတယ်” ဟု ဆက်ပြောသည်။
ပြီးခဲ့သည့် (၁၀) ရက်နေ့ကလည်း အထူးစုံစမ်းရေးအဖွဲ့များ စစ်ဆေးရာမှ လက်လွန်သွားပြီး တပ်ကြပ်ကြီး မြင့်စိုး သေဆုံးသွားသည့်အတွက် မကျေနပ်မှုများဖြစ်ပွားကာ တပ်တွင်းမှ ရဲဘော်မိသားစုဝင် အမျိုးသမီးများက ဆန္ဒပြခဲ့ကြသည်။
ယခုလက်ရှိ ခလရ (၂၅၆) မှ ဗိုလ်တဦးကိုလည်း စစ်ဆေးမေးမြန်းမှုများပြုလုပ်ကာ ပခုက္ကူဆေးရုံသို့ ပို့ထားရပြီး အခြေနေအသေးစိတ်ကို မသိရသေးကြောင်း မြို့ခံက ဆက်ပြောသည်။
စောဘဦးကြီး၏မူ(၄)ရပ်
For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
လက်နက်တိုက်ဖောက်ခံရမှုကို စစ်ဆေးရာ အရပ်သားတဦး စိတ်ဖောက်ပြန်သွား
Wednesday, May 13, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment