စောဘဦးကြီး၏မူ(၄)ရပ်

For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

Archives

ဒေါ်အောင်ဆန်းစုကြည် ရုံးတင်မှု အထူးသတင်း

Monday, May 18, 2009

Daw Aung San Su Kyi Breaking News ဒေါ်အောင်ဆန်းစုကြည် အထူးသတင်း(အခြေအနေကတော့ အရမ်းတင်းမာနေပြီး)

၁၂.၄၅ တင်းမာမှုအခြေအနေ
နေ့ လည် ၁၂ နာရီခွဲခန့် တွင် အင်းစိန်ထောင်တွင်းမှ သေနတ်ပစ်ဖောက်သံကြားရပြီးနောက် အပြင်ရှိ
လုံထိန်း နှင့် စစ်သားများ အသင့် နေရာယူကြသည်။

ဒေါ်အောင်ဆန်းစုကြည် တရားခွင်သို့ ရောက်ရှိပြီဖြစ်သည်။

နေ့လည် ၁၂ နာရီခန့ တွင် အင်းစိန်ထောင်ရှေ့၌ လူစုလူဝေးပို၍ကြီးမားလာသည်။အင်းစိန်ထာင်ရှေ့သို့ ဝင်ရောက်၍ မရသည့် လူစုက သမိုင်းလမ်းဆုံ နှင့် ခ၀ဲခြံတွင်စုရုံး။အင်းစိန်ဈေးအနီးတွင် စစ်တပ်က ငြိမ်ငြိမ်သက်သက်နေပေးရန် လက်ကိုင် အသံချဲ့ စက်ဖြင့်ကြေညာ

၁၂.၃၀ တင်းမာမှုအခြေအနေ
ထောင်တွင်းသို့  အန်အယ်ဒီလူငယ် (၁၀၀) ကျော် ၀င်သွားပြီးတဲ့အချိန်မှာ ထောင်တွင်းက အော်ဟစ်သံတွေ ထွက်ပေါ်နေပါတယ်။ သတင်းဆက်လက် ဖေါ်ပြပေးပါမယ်။

ပဲခူး၊ ဒိုက်ဦး၊ ညောင်လေးပင်၊ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွမှ NLD အဖွဲ့များ၊ ဧရာဝတီတိုင်းမှ NLD များ ရန်ကုန်ရောက်လာကြပြီဟု သတင်းရရှိ။ အင်းစိန်ထောင်ရှေ့ သွားရောက်ပူးပေါင်းကြမည်ဟု သိရ။

အင်းစိန်ထောင်တွင်းသို့ ဆရာကြီးဦးဝင်းတင် ဦးဆောင်သည့် အန်အယ်လ်ဒီလူငယ် ၁၀၀ ကျော် အတားအဆီးများကို ကျော်ဖြတ်ဝင်ရောက်သွားပြီ။ လုံခြုံရေးများနှင့် ပြဿနာအကြီးအကျယ်တက်ပြီး ၀င်ရောက်ရခြင်းဖြစ်။

၁၂.၁၅ တင်းမာမှုအခြေအနေ
အခြေအနေ တစတစတင်းမာလာနေပြီဖြစ်ပါတယ်။ လှည်းတန်းတွင် ကျောင်းသားများ စတင်စုရုံးရောက်ရှိလာသဖြင့် ရဲ များချလာကြောင်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အား ဒေါ်စုကြည် ဟု ခေါ်ဆိုမှုကြောင့် ဖြစ်ပေါ်နေသော တင်းမာမှုသည် ယခုအခါ ထောင်ဝန်ထမ်းများဘက်မှ ဒေါ်အောင်ဆန်းစုကြည်ဟု အလျှော့ပေး ခေါ်ဆိုခြင်းကြောင့် ယခုအခါ အထူတရားရုံးအတွင်း အမှုစစစ်ပါတော့မည်။

အင်းစိန်ဈေးအနီးတွင် ဖဲကြိုးအနက် လိုက်လံ ဝေငှနေသော ရွှေပြည်သာမြို့နယ်နေ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လူငယ် ကိုထွေးသိန်းကို ရဲက ဖမ်းသွားကြောင်းသိရ။

11.50 အခြေအနေ
ထောင်ရှေ့ကဆိုင်တွေအားလုံးပိတ်ခိုင်းတယ်တပ်ပေါင်းစုလို့ပြောတဲံ့လူတစုက အင်အားစုနေတယ် ဖြစ်မယ်ထင်တယ်
ရန်ကုန်အခြေစိုက် သတင်းထောက်များ ပြောကြားချက်အရ မြို့တွင်းရှိ တယ်လီဖုန်းလိုင်း အများအပြား ပြတ်တောက်မှုမှာ ယမန်နေ့ ညနေမှသည် ယခုထက်တိုင် ကြာမြင့်နေပြီး မိုဘိုင်းလ်ဖုံး အများအပြားမှာ လက်ခံ၍သာရပြီး ခေါ်ယူ၍ မရဘဲ ဖြစ်နေသည်ဟု ဆိုသည်။

အင်းစိန်ထောင်ရှေ့ ရောက်နေကြသူများအနက်မှ လူငယ် (၃၀) ကျော် ထောင်ဗူးဝဘက်သို့  ချဉ်းကပ်သွားပါတယ်။ လုံထိန်းများမှ ရှေ့ က ပိတ်ဆို့ ထားပါတယ်။ အခြားသောပြည်သူများလည်း ၀ိုင်းရံထားကြပါတယ်။

ပြည်သူလူထုကြီးခင်ဗျား ထပ်ံမံ မေတ္တာရပ်ခံလိုပါတယ်။ လက်ရှိ ထွက်လုပ်နေကြသူများအား လက်တွေ့ ဝိုင်းရံကြပါ။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တရားရုံးအတွင်းမှာ စတင်တိုက်ပွဲဝင်နေပါပြီ။

ရန်ကုန်အခြေစိုက် သတင်းထောက်များ ပြောကြားချက်အရ မြို့တွင်းရှိ တယ်လီဖုန်းလိုင်း အများအပြား ပြတ်တောက်မှုမှာ ယမန်နေ့ ညနေမှသည် ယခုထက်တိုင် ကြာမြင့်နေပြီး မိုဘိုင်းလ်ဖုံး အများအပြားမှာ လက်ခံ၍သာရပြီး ခေါ်ယူ၍ မရဘဲ ဖြစ်နေသည်ဟု ဆိုသည်။

အင်းစိန်ထောင်ရှေ့ တောက်လျောက် လမ်းပိတ်ဆို့ထားခြင်းကြောင့် အင်းစိန်ဘက်က လာသော ကားများ မင်္ဂလာဒုံ ပြည်လမ်းဘက်က ပတ်ကွင်း မောင်းနေကြရသည်။

၁၁.၁၀ မနက်ပိုင်း အင်းစိန်ထောင်နားတ၀ိုက် အခြေအနေ
ထောင်ဝန်ထမ်းတွေက ဒေါ်စုကြည် လို လာခေါ်ပါတယ်။ ဒေါ်စုကြည် ရုံးထုတ်ရင် ထွက်ခဲ့ပါလို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် က ပြန်ပြင်ခေါ်ပါ။ ဒေါ်အောင်ဆန်းစုကြည်လို့ ခေါ်မှ ထွက်နိင်မယ်လို့ ဆိုတဲ့အတွက် အခြေအတင်ဖြစ်နေကြောင်း သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အတင်းအကြပ် ရုံးထုတ်ရန် ကြိုးပန်းနေကြောင်း သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မှ သတ္တိရှိစွာဖြင့် ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး လာခေါ်သော ထောင်ဝန်ထမ်းများကို မလိုက် ဟု ရာဇသံပေးလိုက်ကြောင်း သိရပါတယ်။

၁၀.၃၀ မနက်ပိုင်း
အင်းစိန် ကားလမ်းမမှာ ကားပေါ်က လူတွေကို တယောက်ချင်းစီစစ်နေတယ်။သွားချင်ကြတဲ့ သူများကို ညွန်ကြားပေးပါ။ပြောပြပေးပါ။ အင်းစိန်ထောင် အ၀င်ပေါက်များမှာ ပေါက်တောဝ တမှတ်တိုင်ကျော် ဆရာတော်ကြီးမှတ်တိုင်မှ ၀င်လို၇ပါတယ်နောက်တနေရာက မြို့သစ်ဈေးဘက်မှ တဆင့် မဟာမြိုင် ရုပ်ရှင်ရုံဘက်ခြမ်းမှ အင်းစိန်ထောင်ရှေ့သို့ ထွက်လို့ရပါတယ်

ပြည်သူလူထုအပြင် ကျောင်းသားများနဲ့  သံဃာတော်များပါ အင်းစိန်ထောင်ဈေးဘက်နေရာတွေမှာ ရောက်ရှိနေကြပါတယ်။
ဒီ့အတွက် ကျန်သော ပြည်သူလူထုကြီးတစ်ရပ်လုံးမှ ၀ိုင်းဝန်းအင်အားဖြည့်ပေးကြဖို့  အနူးအညွတ် မေတ္တာရပ်ခံကြောင်း အင်းစိန်ထောင်ရှေ့ ရောက်နေသူများမှ တောင်းပန်မေတ္တာရပ်ခံနေပါတယ်။

ရန်ကုန်မြို့ ရှိ ပြည်သူလူထုခင်ဗျာ - နအဖဟာ ယခုအခါမှာ ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမှုဆင်နေပါပြီ။ ဒီမတရားမှုကြီးကို မခံနိုင်တဲ့ ပြည်သူ ကျောင်းသား သံဃာအချို့  အင်းစိန်ထောင်ရှေ့ ရောက်နေကြပါပြီ
နီးစပ်ရာလက်ဆင့်ကမ်းပေးကြပါ

အခြားမှရသော သတင်း (မှန်မမှန် ဆက်စုံစမ်းရန်) - ပေါက်တောဝ က စပိတ်ထားတယ်လမ်းကြိုလမ်းကြားတွေလည်း ပိတ်ထားတယ်အရပ်ဝတ်ရဲတွေနဲ့ စွမ်းအားရှင်တွေကတော့ အများကြီးပဲလာကြည့်တဲ့လူတွေလည်း ပိတ်ထားတဲ့နေရာကနေ လှမ်းကြည့်နေကြရတယ်လူတွေက မီးပွိုင့်နေရာ ကနေပဲ ကြည့်နေရတာဗျဈေးအထိကိုဝင်လို့မရတာအောင်ဇေယျတံတားအဆင်း မီးပွိုင့်ကနေ ပိတ်ထားတာ

ဦးဝင်းတင်နဲ့ရတယ်သံရုံးကားလည်းဝင်သွားပြီေ၇ှ့နေလည်းဝင်သွားပြီလှုပ်ရှားဖို့အသင့်ရှိ

ယခုအခါမှာ အင်းစိန်ထောင်အတွင်းသို့  ရှေ့ နေ (၄) ဦးနဲ့  အမေရိကန်သံရုံးမှသူများ ၀င်ရောက်သွားပါပြီ။ စောင့်ကြည့်နေကြသူများ ဆက်လက်ရှိနေကြပါတယ်။

စောလင်းနက်စ်ဘလော့မှတင်ပြခြင်းဖြစ်သည်။

0 comments: