စောဘဦးကြီး၏မူ(၄)ရပ်

For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

Archives

နယ်ခြားစောင့်တပ်ရင်းဖွဲ့စည်းပုံ

Thursday, May 28, 2009

မေ ၂၇၊ ၂၀၀၉။
သံဖြူဇရပ်(မေ-၂၇)။ ။ Border Guard Force ခေါ် နယ်ခြားတပ်ရင်းများ ဖွဲ့စည်းသည့်ပုံစံစာရွက်ကို မွန်ပြည်နယ်၊ သံဖြုဇရပ်မြို့ ဝဲကလိအခြေစိုက် ယခင်တိုင်းဗဟို ၄ စစ်လေ့ကျင့်ရေးကျောင်း၊ ယခု နအဖတပ်ဖွဲ့ အမှတ်(၁၂) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ အမည်မဖေါ်လိုသောအရာရှိတစ်ဦးထံမှ မကြာသေးခင်ရက်ပိုင်းတွင် လက်ခံရရှိခဲ့သည်။ (စာရွက်ပါပုံအတိုင်း)


ယင်းနယ်ခြားစောင့်တပ် ဖွဲ့စည်းပုံအရ တပ်ရင်းတစ်ရင်းတွင် အရာရှိ ၁၈ ဦး၊ အခြားအဆင့် ၃၀၈ ဦးပါဝင်မည်ဖြစ်ပြီး စုစုပေါင်းအင်အား ၃၂၆ ဦးရှိမည်ဖြစ်သည်။

ဗိုလ်မှူး ၃ ဦး၊ ဗိုလ်ကြီး ၅ ဦး၊ ဗိုလ် ၁၀ ဦး၊ သူနာပြုကျွမ်းကျင် ၁ ဦး၊ အရာခံဗိုလ် ၁ ဦး၊ ဒုအရာခံဗိုလ်စာရေး ၁ ဦး၊ ဒုအရာခံဗိုလ် ၅ ဦး၊ တပ်ခွဲတပ်ကြပ်ကြီး ၁ ဦး၊ တပ်ကြပ်ကြီး ၈ ဦး၊ တပ်ကြပ်ကြီးစာရေး ၁၆ ဦး၊ တပ်ကြပ် ၄၄ ဦး၊ ဒုတပ်ကြပ် ၃၃ ဦး၊ တပ်သား ၁၉၈ ဦးပါဝင်သည်။

လက်နက်အင်အားမှာ ပစ္စတို ၂၆ လက်၊ M 22 -၁၀၅ လက်၊ M 16- ၁၉၅ လက်ဖြစ်၍ လက်နက်ပေါင်း ၃၂၆ လက်ဟု ဖေါ်ပြပါရှိသည်။

ဆက်သွယ်ရေးစက်ပိုင်းတွင် ရေဒီယိုကြိုးမဲ့ကြေးနန်းစက် HF- ၅ လုံး၊ ရေဒီယိုစကားပြောစက် VHS- ၅ လုံး၊ ၁၀ လိုင်း အိပ်ချိန်း ၁ ခု၊ တယ်လီဖုန်း ၆ လုံးရှိပြီး သယ်ယူပို့ဆောင်ရေးတွင် လေးဘီးယက် ၄ တန်ယာဉ် ၄ စီး၊ လေးဘီးယက် ၃ တန်ယာဉ် ၃ စီး၊ စက်ဘီး ၅ စီး၊ ဆိုင်ကယ် ၂ စီးပါရှိသည်။

အပစ်ရပ်ငြိမ်းအဖွဲ့များ၊ လက်နက်ချတိုင်းရင်းသား ခွဲထွက်အဖွဲ့များကို ယခုကာလတွင် နအဖစစ်အစိုးရက နယ်ခြားစောင့် တပ်ဖွဲ့ အသွင်ပြောင်းလဲရေးကို အတင်းအကျပ်ဖိအားပေးနေသည့် ကာလလည်းဖြစ်သည်။

လက်နက်ချ တိုင်းရင်းသားခွဲထွက်အဖွဲ့များမှာ စစ်အစိုးရ၏ အစီအစဉ်အတိုင်းမလွဲမသွေဆောင်ရွက်ပေးကြရမည် ဖြစ် သည်။ သို့သော် တပ်ရင်းအလိုက် သတ်မှတ်ဦးရေအတိုင်း စစ်သားအင်အားပြည့်မှီရန် အရေအတွက် လုံလောက်မှု မရှိသဖြင့် အချို့တိုင်းရင်းသားဒေသတို့တွင် အတင်းအကြပ် စစ်သားကောက်ခံနေကြသည်ကို သတင်းများတွင် ကြားသိ နေရသည်။

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မှ ၁၅ မိုင်ခန့်အကွာ ဘုရားသုံးဆူကားလမ်းမ နံဘေးရှိ ရဲတံခွန်ငြိမ်းချမ်းရေးရွာတွင် ကရင် လက်နက်ချအဖွဲ့များကို စစ်သင်တန်းများပေးနိုင်ရန် ပြင်ဆင်လျှက်ရှိသည်။

ရဲတံခွန်ရွာပြင်ပအနီးတွင် စစ်အစိုးရသတ်မှတ်ပေးသည့် နိုင်ငံတော်ဘတ်ဂျက်ဖြင့် မွန်ပြည်သစ်ပါတီအား ၁၉၉၉-ခုနှစ်မှ စတင်၍ သံဖြူဇရပ်- ဘုရားသုံးဆူ လမ်းဖောက်လုပ်ရေးစီမံကိန်း လုံခြုံရေးဗျူဟာ ရုံးစိုက်ရာလည်း ဖြစ်သည်။

အပစ်ရပ်အဖွဲ့ မွန်ပြည်သစ်ပါတီ NMSP၏ တပ်ဖွဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA အနေဖြင့် နယ်ခြား စောင့်တပ်ဖွဲ့အသွင် ပြောင်းလဲမည်မဟုတ်ကြောင်း အတိအလင်း ကြေငြာချက်ထုတ်ပြန်ထားပြီးဖြစ်သည်။

ဝ ပြည် သွေးစည်းရေးတပ်မတော် UWSA သည်လည်း နယ်ခြားစောင့်တပ်ဖွဲ့အသွင် ပြောင်းလဲမည်မဟုတ်ကြောင်း စစ်အစိုးရ၏ စစ်ဘက်ရေးရာ လုံခြုံရေးဌာန အကြီးအကဲ ဗိုလ်ချုပ်ရဲမြင့်ထံ မေလ ၂ဝ ရက်နေ့က အကြောင်းပြန်ခဲ့သည်
ဟု အမည်မဖေါ်လိုသူ ဝအရာရှိတဦးအဆိုကို ယမန်နေ့ သျှမ်းအင်တာနက်သတင်း စာမျက်နှာတွင်ဖေါ်ပြ ပါရှိသည်။

မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ကလည်း နယ်ခြားစောင့်တပ်ဖွဲ့အသွင် ပြောင်းလဲမည်ကို လက်မခံနိုင်ကြောင်း နအဖထိပ်ပိုင်း စစ်ဗိုလ်ချုပ်များနှင့် လွန်ခဲ့သည့် ဧပြီလ ၂၇ ရက်နေ့က နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ကြစဉ် ချက်ချင်း အကြောင်းပြန်ခဲ့သည်။


0 comments: