စောဘဦးကြီး၏မူ(၄)ရပ်

For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

Archives

ကရင်အမျိုးသမီးတဦးကို နအဖစစ်တပ်ကအုပ်စုလိုက် အဓမ္မပြုကျင့်

Friday, May 29, 2009

မေ လ၂၉ရက်၊စောသိန်းမြင့်(ကေအိုင်စီ)
ကရင်ပြည်နယ် ကော့ကရိတ်မြို့ နယ် ထီးဆဲလယ်ကျေးရွာမှ ရွာသူကရင်အမျိုးသမီးသမီး
တဦးအားမေလ၂၅
ရက်နေတွင်နအဖခလရ၂၈၃တပ်းရင်းလိုက်အဓမ္မပြုကျင့်ခဲ့သည်ဟုဒေသခံများ၏
ပြောဆိုချက်အရသိရပါသည်။
ထိုနေ့ နံနက်နက်(၉)နာရီခန့် တွင် အသက် ၃၀ခန့် ရှိ ထီးဆဲလယ်ရွာသူ နော်ပယ်ကြာသည် ခင်ပွန်းဖြစ်သူဒီးဒိနှင့်အတူ ရွာပြင်ရှိ ၄င်းတို့ ၏ပြောင်းခြံသို့ လိုက်သွားခဲ့ပြီး ခင်ပွန်းဖြစ်သူပြောင်းခင်းအတွင်းရှိစဉ် လယ်တဲ၌ကျန်ခဲ့သူ သူမအား တိုက်ကင်းလှည့်လည်နေသည့်
အမှတ်(၂) စစ်ကွက်ကဲရေးဌာနလက်
အောက်ခံ ဗိုလ်ကြီးဌေးဝင်းဦးဆောင်သည့်စစ်ကြောင်း(၂)၊ခလရ ၂၈၃ တပ်ရင်းမှတပ်ဖွဲ့ ဝင်များက တောထဲသို အတင်းအဓမ္မဆွဲခေါ်သွားပြီးအစိုက်အပြုံလိုက်အဓမ္မပြုကျင့်ခဲ့
ကြောင်းနယ်မြေခံတဦးက ကရင်သတင်းစဉ်ကိုယခုလိုပြောပါသည်။


သူက"အဲဒီနေ့ မှာသူတို့ လင်မယား ပြောင်းဇူးခြံကိုသွားတယ်။ မိန်းမဖြစ်သူကပြောင်းဖူးခြ
ံထဲမှာနေ
တယ်။ယောကျာင်္းဖြစ်သူကပြောင်းခင်းထဲကိုဆင်းပြီးတော့အလုပ်သွားလုပ်တယ်ပေါ့။
သိပ်မကြာပါ
ဘူး။အဲဒီစစ်ကြောင်း ခလရ ၂၈၃က ပြောင်းခြံထဲကိုဝင်လာပြီး တဲမှာရှိတဲ့ မိန်းမကိုတွေ့ တော့ 
တောထဲကိုအတင်းအဓမ္မဆွဲခေါ်သွားပြီး မူဒိန်းကျင့်တော့တာဘဲ။ တပ်ရင်းတရင်းလုံးဝိုင်းကျင့်တော့ 
သူ့ မိန်းမရဲ့အော်သံဆူညံနေတာ သူ့ ယောကျာင်္းကားပေမဲ့ တအားကြောက်လို့ မသွားရဲဘူးဖြစ်နေတယ်"
ဟုပြောသည်။

ယင်းသို့ အဓမ္မပြုကျင့်ရာတွင် ခလရ ၂၈၃ မှဗိုလ်ကြီးဃေးင်းအပါအဝင် တပ်သားအယောက် ၃၀
ကျော်ပါဝင်ပြီး နာရီဝက်အကြာတွင် အဆိုပါတပ်ဖွဲ့ ဝင်များပြောင်းခင်းထဲမှ ပြန်လည်ထွက်မှသာခင်ပွန်းဖြစ်
သူက ဇနီးသည်ကိုသွားရောက်သယ်ယူ၍ ရွာအထိပြန်လည်ခေါ်ဆောင်လာသည်ဟု
သိရပါသည်။

၎င်းကိစ္စနှင့်ပါတ်သက်၍ထိုနယ်မေတွင်လုံခြုံရေးတာဝန်ယူထားသည့်ဒီကေဘီအေ(၉၀၇)
တပ်ရင်းမှူးဗိုလ်နှုတ်ခမ်းမွှေးကို ကရင်သတင်းစဉ်ကဆက်သွယ်မေးမြန်း၍မရသော်လည်း မေလ ၂၈ရက်နေ့ ၌
၎င်းအားဒေသခံတဦးမှအကြောင်းကြားပြောဆိုရာတွင် သူ့ အနေနှင့်စုံစမ်းစစ်ဆေးပြီး
ဖြေရှင်းသွားမည်ဟု ပြန်လည်ပြောဆိုခဲ့ကြောင်းသိရပါသည်။

အဆိုပါအဖြစ်အပျက်ဖြစ်ပွားပြီးသည့်နောက်ပိုင်းတွင် ပြောင်းစိုက်ပျိုးသည့်ထီးဆဲလည်ရွာသူများ
သည် မိမိတို့ ပြောင်းခင်းများသို့  ယခုအချိန်ထိမသွားရဲတော့ကြဘဲကြောက်ရွံ့ နေကြသည်။သို့ သာ် မေလ ၂၉ရက်နေ့ နောက်ဆုံးရရှိသည့်သတင်းများအရ အဆိုပါ နအဖတပ်ဖွဲ့ သည် ဒေသဆိုင်ရာ ဒီကေဘီအေအဖွဲ့ 
များအားထိုသတင်းမပေါ်ပေါက်ရေးအတွက်တားမြစ်သည်ဟုသိရသည်။


ထိုဒေသ၇ှိ ထီးဆဲလယ်၊အူးဖိုးထာ၊လယ်ဟော်၊ကနဲလေး၊မော်ခီး၊မော်ဖိုးကလိုး၊ကွီးဆဲဖော၊ဘလား
တို၊ကော်ဆဲ၊ကလော်ဝေါ်၊ဖေါ်ဘူးလာထ၊ဂေါ်ဖိုးခီးနှင့်ဝေါ်လေကျေးရွာတို့ ရှိပြီး နအဖ
စစ်တပ်ကွက်ကဲရေးဌာနချုပ်
(၂)မှလက်အောက်ခံတပ်ရင်းများနှင့်ဗိုလ်နှုတ်ခမ်းမွှေးဦးဆောင်သည့်
ဒီကေဘီအေတပ်ရင်း(၉၀၆) နှင့်
(၉၀၇)တို့ အခြေစိုက်လှုပ်ရှားလျှက်ရှိသည်။ ၂၀၀၂-၂၀၀၄ခုနှစ်
များကလည်း နအဖစစ်တပ်မှ ဒေသခံအမျိုး
သမီးများအပေါ် အဓမ္မပြုကျင့်မှုများ ကျူးလွန်ခဲ့ကြသော်
လည့်း သက်ဆိုင်ရာ အာဏာပိုင်များမှ တစုံအရာ
အပြစ်ပေးအရေးယူခြင်းမရှိပေ။



တီးစောလွင်ဦးနှင့်နော်ဖောဂေတို့ အားကျေးဇူးတင်ရှိပါသည်။

1 comments:

yayset said...

အေးလေ ငါတိုတွေကိုက ထင်းတစည်းလို မကျစ်လစ်ဒါကိုး ရန်သူအလွယ်ကူ လှည်.စားလို.ရဒါပေါ့
အသဲနာတယ်လို.မပြောတတ်အောင် နာတယ်ဒီနေရာမှာစဉ်းစားကြည့် ဘယ်သူမဆို မိမိ မိသားစုဝင်တယောက်အနေနဲ. ငါတို.အမကိုစော်ကားဒါ
ရာဇ၀င်အကြွေးမှာ ၇ှင်းစရာအကြောာင်းမရှိဘူး ဒီခွေးမျိုးတွေနဲ. အလှည့်ကြ မနွဲ.စတမ်းပေါ့