စောဘဦးကြီး၏မူ(၄)ရပ်

For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

Archives

အပစ်ရပ်အဖွဲ့များကိုစစ်အစိုးရဖြိုခွဲနေကြောင်း တိုင်းရင်းသားတပ်ပေါင်းစုသတိပေး။

Thursday, May 7, 2009

2009-05-06
မြောက်ပိုင်းအခြေစိုက် ဝသပအပါအဝင် အပစ်အခတ်ရပ်စဲရေးအဖွဲ့တွေကို နယ်ခြားစောင့်တပ်တွေအဖြစ် ပြောင်းလည်းဖွဲ့စည်းဖို့ စစ်အစိုးရက ပြောဆိုလာတဲ့ကိစ္စစာ ၂၀၀၈ခုနှစ်စစ်အစိုးရဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံစည်းမျဉ်းအတိုင်း လက်နက်ကိုင်တပ်အားလုံးကို ကာကွယ်ရေးဦးစီးချုပ်လက်အောက် သွပ်သွင်းရေးကို အကောင်အထည်ဖော်တာပဲဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပါဝင်ဖွဲ့ည်စည်းထားတဲ့ NDFတိုင်းရင်းသားတပ်ပေါင်းစုကပြောဆိုလိုက်ပါတယ်။


(Photo: AFP)
လက်နက်ချခဲ့သောရှမ်းလက်နက်ကိုင် SSAခွဲထွက်အဖွဲ့မှ တပ်ဖွဲ့ဝင်များဖြစ်ပါသည်။ ဖွဲ့စည်းပုံဥပဒေရေးဆွဲပြီးလျှင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို လက်နက်ဖြုတ်သိမ်းမည်ဟု စစ်အစိုးရက မကြာခဏသတိပေးထားသည်။
(Photo: AFP)

ဒီကိစ္စနဲ့ပတ်သတ်ပြီး NDF ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီးခွန်ဥက္ကာကဒီလိုပြောပါတယ်။

ဗိုလ်မှူးကြီးခွန်ဥက္ကာ။ ။ " နည်းပရိယာယ်အခန်းပဲခင်ဗျ။ ဒီနအဖကတော့ ဒီတိုင်းရင်းသားလက်နက
်ကိုင်တွေက လက်နက်မရှိရေး၊ လုံးဝမရှိရေးပေါ့။ နံပါတ်တစ်ရည်ရွယ်ချက်က လုံးဝမရှိရေး၊ ရှိမယ်ဆိုရင်
တောင်မှ ကာကွယ်ရေးဦးစီးချုပ်လက်အောက်မှာ ရောက်ရှိရေး၊ ဖွဲ့စည်းပုံအရ အဲဒီတော့သူတို့ကပြင်ဆင်နေတဲ့အခါကျတော့ အခုလိုလျှော့တာတို့ နယ်စပ်စောင့်ရဲလုပ်ခိုင်းတာတို့ ဒါတွေအားလုံးကနည်းပရိယာယ်အခန်းပါပဲ။ ဘယ်လိုဖြစ်ဖြစ်၊ သူအပစ်အခတ်ရပ်ထားတဲ့အဖွဲ့တွေကို စတင်ဖြိုခွဲနေပြီလို့ပြောရင်လည်း မမှားဘူးပေါ့။

၁၉၈၈ ခုနှစ်လောက်ကတည်းက စတင်တဲ့အပစ်အခတ်ရပ်စဲရေးဟာ တိုင်းရင်းသားအင်အားစုတွေအတွက် ကောင်းတဲ့အကျိုးရလာဒ်ဖြစ်ထွန်းခဲ့တာထက် တိုင်းရင်းသားအင်အားစုတွေနဲ့ ဒီမိုကရေစီအင်အားစုတွေအကြား ခွဲခြားခံထားရတဲ့အကျိုးကိုသာ ပိုမိုဖြစ်ထွန်းစေခဲ့ကြောင်း ဦးခွန်ဥက္ကာကပြောဆိုပါတယ်။

စစ်အစိုးရပြောဆိုချက်အတိုင်း လိုက်နာလုပ်ဆောင်ပါက သက်ဆိုင်ရာတိုင်းရင်းသားအဖွဲ့အစည်းအနေနဲ့ ဆုံးရှုံးမှုနဲ့သာကြုံရမှာဖြစ်တယ်လို့လည်း ပြောဆိုပါတယ်။

NDF အနေနဲ့ စစ်အစိုးရကိုရင်ဆိုင်ခုခံတိုက်ခိုက်မှု၊ နိုင်ငံရေး၊ စစ်ရေးအင်အားစုတရပ်ပေါ်ထွန်းရေးကိုကြိုးပမ်းနေပြီး စစ်အစိုးရတိုင်းရင်းသားအင်အားစုတွေကို စစ်ရေးအရဖိအားပေးလာပါက တိုင်းရင်းသားအင်အားစုတွေအနေနဲ့ စုပေါင်းပြီးခုခံတိုက်ပွဲဝင်ဖို့ဆိုတဲ့ နည်းလမ်းတရပ်သာ အဓိကရှိတော့ကြောင်း NDF ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီးခွန်ဥက္ကာက RFAကိုပြောဆိုခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစုမှာ ကရင်၊ကရင်နီ၊မွန်၊ပအိုဝ့်၊ရခိုင်၊ချင်း၊ဝ၊ပလောင် စတဲ့အဖွဲ့တွေပါဝင်ပြီး မွန်ပြည်သစ်ပါတီကလွဲရင် ကျန်တဲ့အဖွဲ့တွေက စစ်အစိုးရနဲ့အပစ်အခတ်ရပ်စဲထားခြင်း မရှိပါဘူး။ ဒီအဖွဲ့အစည်းမှာ အရင်က KIO ကချင်အဖွဲ့လည်း ပါဝင်ခဲ့ပေမဲ့၊ ဒီအဖွဲ့အပစ်အခတ်ရပ်စဲရေးလုပ်ပြီးနောက်ပိုင်း တပ်ပေါင်းစုမှာဆက်လက်ပါဝင်လှုပ်ရှားခြင်း မရှိတော့ပါဘူး။


RFA မှကူးယူဖေါ်ပြသည်။

0 comments: