န်မာအစိုးရက ဝပြည်သွေးစည်းညီညွတ်ရေးပါတီအပါအဝင် မြန်မာပြည်မြောက်ပိုင်းက အပစ်အခတ်ရပ်စဲရေးလုပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ဧပြီလ ၂၈ ရက်နေ့က ခေါ်ယူတွေ့ဆုံခဲ့ပေမဲ့ တောင်ပိုင်းနယ်မြေထဲမှာရှိတဲ့ မွန်ပြည်သစ်လိုအပစ်အခတ်ရပ်စဲရေးလုပ်ထားတဲ့ အဖွဲ့ကိုတော့ ခေါ်ယူတွေ့ဆုံခြင်းမရှိဘူးလို့ သိရပါတယ်။
ပြည်ထောင်စုဖြိုခွဲမည့်သူမှန်သမျှကို ချေမှန်းမည်ဟူသော စစ်အစိုးရ၏ဝါဒဖြန့် ဆိုင်းဘုတ်ကြီး
တစ်ခုဖြစ်ပါသည်။(Photo: RFA/Tyler Chapman)
မွန်ပြည်သစ်ပါတီကိုခေါ်ယူတွေ့ဆုံခြင်း ရှိပါသလားလို့မေးမြန်းခဲ့တာကိုတော့ မွန်ပြည်သစ်ပါတီရဲ့တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဗိုလ်မှူးဥာဏ်ထွန်းကအခုလို ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဗိုလ်မှူးဥာဏ်ထွန်း ။ ။"လောလောဆယ်တော့မရှိသေးဘူးလေ။ လောလောဆယ်ပထမ ၂၈ ရက်
နေ့တုန်းက ရှိတယ်။ကျွန်တော်တို့ကြားတာကတော့ တွေ့ဖို့ရှိတယ်၊ ဒါပေမဲ့ ဘယ်နေ့ဘယ်ရက်တော့ အတိအကျမသိဘူး။ ကောလာဟလသတင်းလောက်ပဲလေ..ရက်အတိအကျခေါ်ဖို့ဘာညာ ရက်တို့
ဘာတို့လတို့ မရှိသေးဘူးလေ။"
မွန်ပြည်သစ်ပါတီကိုခေါ်ယူတွေ့ဆုံခြင်းမရှိသလို နယ်ခြားစောင့်တပ်အဖြစ်ပြောင်းလဲဖွဲ့စည်းဖို့ဆိုတာလည်း ပြောဆိုခြင်းမရှိသေးလို့ သိရပါတယ်။
ဒါပေမဲ့လည်း ပြီးခဲ့တဲ့မတ်လအတွင်းကတော့ မွန်ပြည်သစ်ခေါင်းဆောင်တဦးနဲ့နအဖစစ်အစိုးရခေါင်းဆောင်တဦးဖြစ်တဲ့ဗိုလ်ချုပ်ရဲမြင့်နဲ့တွေ့ဆုံခဲ့တာ
တော့ရှိတယ်လို့ သိရပေမဲ့ဘာတွေပြောဆိုဆွေးနွေးခဲ့တယ်ဆိုတာကိုတော့ မသိရပါဘူး။
မြန်မာစစ်အစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွု့ အစည်းတွေ ကိစ္စကိုင်တွယ်ဖြေရှင်းရာမှာ
ခွဲခြားလုပ်ဆောင်လေ့ရှိပြီး မြောက်ပိုင်းအင်အားစုတွေကို ကိုင်တွယ်နေစဉ် တောင်ပိုင်းအင်အားစုတွေ
ကို ချန်လှပ်ထားတဲ့သဘောဖြစ်နိုင်တယ်လို့ သုံးသပ်သူတွေကပြောဆိုပါတယ်။
စောဘဦးကြီး၏မူ(၄)ရပ်
For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
တိုင်းရင်းသားလက်နက်ကိုအဖွဲ့များနှင့် စစ်အစိုးရတွေ့ဆုံရာမှ မွန်ပြည်သစ်မပါသေး
Tuesday, May 5, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment