စောဘဦးကြီး၏မူ(၄)ရပ်

For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

Archives

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ရန် KNU တောင်းဆို

Wednesday, May 20, 2009

စောသိန်းမြင့် (ကေအိုင်စီ)
မေလ ၁၈၊ ၂၀၀၉ KNU ခေါင်းဆောင်သစ် (ja-jp.facebook.com)

နအဖ စစ်အစိုးရက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် တရားစွဲဆိုမှုမှာ တဖက်သတ် စွပ်စွဲချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်ဟု KNU က မေလ ၁၇ ရက်နေ့တွင် ထုတ်ပြန် ကြေညာလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ရေကူးပြီး ခိုးဝင်လာသော အမေရိကန်နိုင်ငံသား ဝီလျံ ယက်တောကို စိတ္တဇဆေးရုံသို့ ပို့ဆောင် ကုသရမည့် အစား ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်ထားသည့် နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် အင်းစိန်ထောင်တွင် ဖမ်းဆီး ချုပ်နှောင်ထားလိုက်သည့် နအဖ စစ်အစိုးရ လုပ်ရပ်သည် တရား မျှတမှု မရှိကြောင်း ယင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်ကို လာမည့် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင် ပတ်သက်မှု မရှိအောင် သူမ အား ကြိုတင် ဖယ်ရှားလိုက်ခြင်း ဖြစ်သည်ဟု KNU၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KNU အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်က “ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီး ချုပ်နှောင်ထားတာ ဥပဒေမဲ့ လုပ်ဆောင်တာ ဖြစ်တယ်။ နအဖ စစ်အစိုးရက လာမဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် မရအောင် ကြိုတင် ကြံစည် လုပ်ဆောင်တာ ဖြစ်တယ် လို့ KNU အနေနဲ့ မြင်ပါတယ်။ အမှန်တကယ်ဆို ဒ်ါအောင်ဆန်းစုကြည်ဟာ ဘာအပြစ်မ ရှိပါဘူး။ လက်ရှိ ရှုပ်ထွေးနေတဲ့ နိုင်ငံရေး ပြဿနာဟာ သုံးပွင့်ဆိုင် ဆွေးနွေးမှသာလျှင် ပြေလည်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။

၎င်းပြင် KNU က ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို ချွင်းချက်မရှိ အမြန်ဆုံး လွတ်ပေးရန် ဆက်လက် တောင်းဆိုလိုက်သည်။

0 comments: