Wed 20 May 2009, ရိုင်မရော
ဘုရားသုံးဆူဒေသရှိ ကရင်ငြိမ်းချမ်းရေးအဖွဲ့ (KPF) တို့က နယ်ခြားစောင့်တပ် (BGF Border Guard Force) အသွင် ပြောင်းလဲရန်အတွက် လိုအပ်သည့် ပြင်ဆင်မှုများစတင် ပြုလုပ်နေသည်ဟု (KPF) နှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။
“အခုလောလောဆယ်မှာ အထူးလှုပ်ရှားနေတာတော့ ဘာမှမရှိသေးပေမယ့်လည်း လုပ်ရမယ့် အစီစဉ်တွေကိုတော့ စလုပ်နေတာတော့ရှိတယ်၊ တပ်ရင်းဆောက်ဖို့ရယ် ပြီးတော့ နအဖကနေပြီးတော့ ကျနော်တို့ တပ်ဖွဲ့က တပ်သားတွေကို စစ်သင်တန်းပေးဖို့ရယ် ရှိတယ်” ဟု (KPF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက်ကို ကိုးကားပြီး ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောပြသည်။
ယင်းမြို့ခံ ဆက်ပြောသည်မှာ (KPF) တပ်ဖွဲ့အတွင်း တပ်သားအင်အား (၅) ရာခန့်သာရှိသည်။ နအဖမှ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန်အတွက် လိုအပ်သည့် စစ်အင်အားမှာ တပ်ရင်း တစ်ရင်းအတွက် (၃၂၆) ဦးဖြစ်သည်။ ၄င်းစစ်တပ်အင်အားအတွင်း နအဖစစ်တပ်အင်အား (၃၀) ဦးပါဝင်ရမည်။
“ဘုရားသုံးဆူဒေသမှာ အခြေစိုက်နေတဲ့ (KPF) တပ်ရင်း အမှတ် (၃) ကတော့ နယ်ခြားစောင့်တပ်အသွင် ပြောင်းလဲဖို့အတွက် စတင်ပြင်ဆင်နေတာတောင်မကဘူး၊ သူတို့ရဲ့ တပ်ရင်းတွေကိုပါ ဖြိုလိုက်ပြီးတော့ နအဖတပ်တွေနဲ့ ပေါင်းနေတဲ့အဆင့်တောင်ရှိနေပြီး” ဟု (KPF) နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ကရင်ငြိမ်းချမ်းရေးအဖွဲ့ (BGF) အသွင်ပြောင်းထားသည့် (KPF) တပ်ရင်း ၃ ရင်းရှိမည်ဖြစ်ပြီး ၄င်းတို့မှာ ကြာအင်းဆိပ်ကြီးဒေသရှိ တပ်ရင်း အမှတ် (၁)၊ ကျိုက်ဒုံဒေသရှိ တပ်ရင်း အမှတ် (၂) နှင့် ဘုရားသုံးဆူဒေသအခြေစိုက် တပ်ရင်း အမှတ် (၃) တို့ဖြစ်ကြသည်။
“နအဖကနေ သူတို့တပ်သားတွေကို စစ်သင်တန်းပေးဖို့လဲရှိတယ်၊ ရာထူးအလိုက် သင်တန်းရက်ကို သတ်မှတ်ထားတယ်၊ သူတို့ကို နယ်ခြားစောင့်တပ်အသွင် ပြောင်းလဲဖို့ ညွှန်ကြားပြီး (၆) လအတွင်း လိုအပ်တာတွေကို ပြင်ဆင်ခိုင်းထားတယ်” ဟု ၄င်း (KPF) နှင့် နီးစပ်သူက ဆက်ပြောသည်။
“(KPF) တပ်ဖွဲ့ကနေ အခု နအဖက သတ်မှတ်ထားတဲ့ တပ်သားအရေအတွက်ပြည့်ဖို့ တပ်သားတွေ လိုက်စုဆောင်းနေတယ်၊ သူတို့နဲ့ နီးစပ်တဲ့သူတွေ၊ စည်းရုံးသိမ်းသွင်းလို့ရမယ့် ရွာသားတွေကို လိုက်စည်းရုံးနေတယ်၊ နဂိုကတည်းက (KPF) တပ်ဖွဲ့မှာ တပ်သားနည်းနည်းပဲရှိနေတာ၊ နယ်ခြားစောင့်တပ်အတွက် လိုအပ်တဲ့ တပ်သားအင်အားဖြည့်ဖို့က သူတို့တတွေ လိုက်စည်းရုံးနေရတာပေါ့” ဟု သူက ဆက်ပြောပြသည်။
လွန်ခဲ့သည့် မတ်လ (၃၀) ရက်နေ့က နေပြည်တော်မှ ထိပ်တန်း အစိုးရအရာရှိအချို့အပါအဝင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းတို့က (KPF) အဖွဲ့ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး (KPF) တပ်ဖွဲ့ကို မြန်မာနယ်ခြားစောင့်တပ်အသွင် ပြောင်းလဲရန် ညွှန်ကြားထားသည်ဟု Kaowao (ကဵဝဵ) သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
စောဘဦးကြီး၏မူ(၄)ရပ်
For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
ကရင်ငြိမ်းချမ်းရေးအဖွဲ့ (KPF) က နယ်ခြားစောင့်တပ်အတွက် ပြင်ဆင်နေ
Thursday, May 21, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment