မြန်မာစစ်အစိုးရရဲ့ (စရဖ)ခေါ်းဆောင်တွေက ကရင်ငြိမ်းချမ်းရေးကောင်စီခေါင်းဆောင် ဗိုလ်မူးချုပ်ထိန်မောင်အပါအဝင် ထိပ်ပိုင်းအရာရှိ(၄)ဦးကိုပြီးခဲ့တဲ့လ ၂၈ ရက်နေ့ က ဖားအံမြို့ မှာခေါ်ယူတွေ့ ဆုံဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပ်ါတယ်။
အဲဒီလိုဆွေးနွေးရာမှာငြိမ်းချမ်းရေးကောင်စီထဲက အသက်ကြီးတဲ့အဖွဲ့ ဝင်တွေကိုပါတီထောင်ပြီး
၂၀၁၀ မှာရွေးကောက်ပွဲဝင်ဖို့ နဲ့  ငြိမ်းချမ်းရေးကောင်စီရဲ့ လက်နက်ကိုင်တပ်ကို ပြောင်းလဲဖွဲ့ စည်းဖို့ 
စစ်အစိုးရဖက်ကဆွေးနွေးလာတဲ့အပေါ်လက်မ္ခံနိုင်တဲ့အတွက် ငြိမ်ချမ်းရေးကောင်စီအဖွဲ့ ကနေ
ထွက်လာခဲ့တယ်လို့ ဗိုလ်မှူးစောလေကRFAကိုအခုလိုပြေပါတယ်။
ဗိုလ်မှူးစောလေမူး။ ။ "ကျနော်တို့ ငြိမ်းချမ်းရေးကောင်စီအဖွဲ့ ကိုနယ်ခြားစောင့်တပ်ပုံစံမျိုးနဲ့ 
ကာကွယ်ရေးစစ်ဦးစီးချုပ်ရဲ့ အမိန့် အောက်မှာရှိမယ်ဆိုတော့သူခိုင်းတာ အကုန်လုပ်၇မဲ့သဘောပဲ။
ပါတီထောင်မဲ့အနေအထားမျိုးလည်းကျနော်တို့မှာမရှိဘူး။ အဲဒီတော့ကျနော်တို့ မှာ ဘာမျှော်လင့်ချက်ရှိလို့ လဲ။
ကျနော်တို့ ငြိမ်းချမ်းရေးဟာ အခုအချိန်မှာပြန်တာဟာငြိမ်းချမ်းရေးလုပ်တာဟာ ငြိမ်းငြိမ်းချမ်းချမ်း
နဲ့ ကိုယ့်အမျိုးသားရေးအတွက်လုပ်ဖို့ အတွက်ပြန်လာတာဖြစ်တယ်။ ဘယ်သူ့ ကိုမှလဲမတိုက်တော့ဘူး။
အဲလိုပြောတယ်။အခုလောလောဆယ်တော့မတိုက်ဖူးထား။နယ်ခြားစောင့်တပ်အဖြစ်ထားတဲ့တနေ့ 
ကြလို့ ရှိရင်ကာကွယ်ရေးစစ်ဦးစီးချုပ်ခိုင်းတာကျနော်တို့ လုပ်ရတော့မှာဘဲ။ အဲဒီအချိန်ကျရင်ကျနော်တို့ 
ရည်ရွယ်ချက်နဲ့ တလမ်းဖြစ်ပြီဆိုတော့ကျနော်တို့ ရည်ရွယ်ချက်ကတမျိုး.ဖြစ်လာတာကတမျိုးဖြစ်တဲ့အတွက်ကြောင့်ကျနော်ထွက်လာခဲ့တာပါ။အကြောင်းရင်းက ဒါအဓိက။"
မြန်မာ့ရုပ်မြင်သံကြားက ကရင်ပြည်နယ်တဝှမ်း ငြိမ်းချမ်းရေးမှတ်တမ်းအပိုင်း(၃)အစီအစဉ်ကို
ဧပြီလ ၂၁ရက်ညပိုင်မှာထုတ်လွင့်ခဲ့ပါတယ်။ အဲဒီလိုထုတ်လွှင့်ရာမှာ ဗိုလ်မှူးချုပ်ထိန်မောင် ကွှင်ဘာသာနဲ့ပြောတဲ့စကားကို မြန်မာစကားပြန်လုပ်တဲ့ သောတီမသီကKNUတပ်မဟာ(၇)မှ
ဗိုလ်မှူးချုပ်ဂျော်နီတပ်ဖွဲ့ က ထိုင်း မြန်မာနယ်စပ်မယ်လဒုက္ခသည်စခန်းကိုပြန်သွားတဲ့ ငြိမ်းချမ်း
ရေးကောင်စီဝင်တွေကို သတ်ဖြတ်နေတယ်လို့ ဖြည့်စည်းစွပ်စွဲပြောဆိုခဲ့တာနဲ့ ပါတ်သက်လို့ လည်း
စောလေမူးကအခုလိုပြောပါတယ်။
ဗိုလ်မှူးစောလေမှူး။ ။ "သူတို့ ပြောတဲ့မီဒီယာမှာ သူတို့ တင်လိုက်တဲ့ သူတို့ သတင်းတွေ
သတင်းမှားတွေဘဲဆိုတာ ဒီနေ့ ကျနော်တို့ လက်တွေ့ ကြုံရပြီလေ။ အခုကျနော်တို့ ပြန်လာတာ
နွေးနွေးထွေးထွေးကျနော်တို့ ကိုကြိုဆိုပါတယ်။နေရာထိုင်ခင်းပေးတယ်။စာဒစရာသောက်စရာ
ပေးတယ်ဗျာ။ ကျွေးတယ်မွေးတယ်။ဒါကျနော် ဘာမှလိမ်ညာစရာအကြောင်းမရှိဘူးလေ။"
"ဒီမှာရောက်လို့ ဒီကလူအလိုက်ကျနော်လိုက်ပြောစရာလည်းမလိုဘူး။အခုကျနော်ပြောနေတဲ့စကားက
ကျနော့သဘောနဲ့ ကျနော်ပြောတာဖြစ်တယ်။ဘယ်သူမှကျနော်ကိုတွန်းအားပေးလို့ ၊ခြိမ်းခြောက်လို့ 
ပြောတာမဟုတ်ဘူးဆိုတာဒီကနေ့ ကျနော်ပြောချင်တယ်။သူတို့ ထုတ်လိုက်တဲ့မီဒီယာတွေဟာ
တဖက်ကပေါ့လေ၊စွှဖပဲဖြစ်ဖြစ်ပေါ့၊သူတို့ ရဲ့ အစိုးရဘဲဖြစ်ဖြစ်ပေါ့၊သူတို့ ဖိအားပေးပေးမပေးပေးပေါ့၊ဒါကျနော်တို့ မသိနိုင်ဘူး။ဒါပေမဲ့သူတို့ ပေးတဲ့သတင်း၊သူတို့ တင်တဲ့သတင်းကသတင်းမှားဖြစ်တယ်ဆိုတာ ကျနော်ီးနေရာကပြောချင်တယ်။"
ဗိုလ်မှူးစောလေမှူး KNUကရင်အမျိုးသားအစည်းအရုံးလက်အောက်ကို ပြန်ဝင်လာတာနဲ့ ပါတ်
သက်လို့ KNLAတပ်မဟာ(၇)မှဗိုလ်မှူးချုပ်ဂျော်နီကအခုလိုပြေပါတယ်။
ဗိုလ်မှူးချုပ်ဂျော်နီ။ ။"သြော်...လေးမူကထိန်မောင်ရဲ့ လူလေ။သူ့ တပ်ရင်းမှူးလေ။ သူ့ တပ်ရင်းမှူးက
ဟိုမှာသူနေလို့ အခြေအနေမကောင်ဘူးပေါ့။အများအတွက်၊အမျိုးသားအတွက်မဖြစ်ဘဲ ရန်သူအတွက်
ဖြစ်ပြီးတော့၊သူမဖြစ်လို့ သူလောလောဆယ်ဒီမှာပြန်လာတာပေါ့။ရေရှည်တော့ သူ့ မိသားစုနဲ့ 
အရင်ကအတိုင်းလိုဘဲဟုတ်လား အးအေးဆေးဆေးပြန်လာနေချင်ရင်ကျနော်တို့ ကကြိုဆိုပါတယ်။
အင်အား ၃၀၀ ရှိတဲ့ဗိုလ်မှူးချုပ်ထိန်မောင်ဦးဆောင်တဲ့အဖွဲ့ ဟာ၂၀၀၇ခုနှစ် ဖေဖေဝါရီလ ၁၁ ရက်
နေ့ မှာ KNUအဖွဲ့ ကနေခွဲထွက်ပြီး စစ်အစိုးရနဲ့ ပူးပေါင်းခဲ့တာပါ။ အဲဒီနောက် ငြိမ်းချမ်းရေးကောင်စီကို
ဖွဲ့ စည်းခဲ့တာဖြစ်ပါတယ်။ အခုKNUနဲ့ ပြန်လည်ပူးပေါင်းလာတဲ့ဗိုလ်မှူးစောလေမူးလို ငြိမ်းချမ်း
ရေးကောင်စီဝင် ၈၀နီးပါးရှိနေပြီလို့ သိရပါတယ်။
RFAမှကူးယူဖေါ်ပြသည်။
စောဘဦးကြီး၏မူ(၄)ရပ်
For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး လက်မခံသော ကရင်အဖွဲ့ ပြန်လည်ထွက်ခွာ
Friday, May 8, 2009
Subscribe to:
Post Comments (Atom)
3 comments:
ရောက်ရှိ ဖတ်ရှု သတင်းအချို့ ကူးယူသွားပါတယ်
အစိုးရတာဝန်ရှိသူများနှင့် တိုင်းရင်းသားအဖွဲ့ အစည်းများ
အသွင်ကူးပြောင်းရေးလုပ်ငန်း ဆောင်ရွက်လျှက်ရှိခြင်း
နိုင်ငံတော်အစိုးရသည် ဖြစ်ပေါ်လာမည့်နိုင်ငံတော်သစ်နှင့်လိုက်လျောညီထွေဖြစ်စေရန်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများကို အသွင်ကူးပြောင်းရေးလုပ်ငန်း ဆောင်
ရွက်လျှက်ရှိကြောင်း ငြိမ်းချမ်းရေးအဖွဲ့ များထံမှ သတင်းများ ထွက်ပေါ်လျှက် ရှိသည်။
နိုင်ငံတော်အစိုးရဧ။် အစီအစဉ်သည် တိုင်းရင်းသားအဖွဲ့ အစည်းများကို ရေရှည်ကူညီ
စောင့်ရှောက်ပေးမည့် လုပ်ငန်းစဉ်တခုဖြစ်ကြောင်း သိရသည်။ အစိုးရဧ။် အသွင်ကူး
ပြောင်းရေးလုပ်ငန်းစဉ်ကို သက်ဆိုင်ရာအဖွဲ့ အစည်းများအနေဖြင့် လေ့လာဆွေးနွေး
ညှိနှိုင်းပြီး ဒေသခံပြည်သူများနှင့်တိုင်းရင်းသားအဖွဲ့ အစည်းများဧ။်ရေရှည်အကျိုးအ
တွက် အခွင့်အလမ်းကောင်းတရပ်အနေဖြင့် အသုံးချသင့်ကြောင်း .. အစိုးရတာဝန်ခံ
များမှ တိုင်းရင်းသားအဖွဲ့ အစည်းများကို ပြောကြားခဲ့သည် ဟု သတင်းများ ရရှိသည်။
အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်သည် ကောင်းသလား .. ဆိုးသလား .. ဆိုသည့်အ
ချက်ကို ငြိမ်းချမ်းရေးအဖွဲ့ အစည်းများက စဉ်းစားဆုံးဖြတ်ရန်ဖြစ်ကြောင်း၊ လက်ရှိ
ငြိမ်းချမ်းရေးရရှိပြီးသော တိုင်းရင်းသားအဖွဲ့ အစည်းများအနေဖြင့် .. အပစ်ရပ်အဖွဲ့ ၊
ငြိမ်းချမ်းရေးအဖွဲ့ ၊ တရားဥပဒေဘောင်အတွင်း ၀င်ရောက်လာသော အဖွဲ့  .. စသည်
ဖြင့် အမျိုးမျိုးခေါ်ဝေါ်သုံးစွဲလျှက်ရှိသော်လည်း ဒေသခံများဧ။်အမြင်မှာမူ တချိန်က
တောတွင်းလက်နက်ကိုင်အဖွဲ့ အစည်းအဖြစ်သာ မြင်နေကြောင်း၊ နိုင်ငံတကာမျက်နှာ
စာတွင် ဥပဒေကြောင်းအရ တရားမ၀င်-လက်နက်ကိုင်ဆောင်ထားသည့်အဖွဲ့ အစည်း
အဖြစ်သာ သတ်မှတ်ခံထားရကြောင်း .. နိုင်ငံရေးအကဲခတ်သူများက ဝေဖန်လျှက်
ရှိသည်။
နိုင်ငံတကာတွင် ဂုဏ်သိက္ခာရှိပြီး စနစ်တကျ ဥပဒေနှင့်အညီ ဖွဲ့ စည်းထားသည့် အ
ဖွဲ့ အစည်းဖြစ်ပေါ်စေရေး၊ ဒေသခံပြည်သူများဧ။်အမြင်မှာလည်း တောတွင်းလက်
နက်ကိုင်အဖွဲ့ အစည်းအဖြစ်မှ နိုင်ငံတော်ဧ။်လုံခြုံရေးကိုကာကွယ်စောင့်ရှောက်ပေး
မည့် လက်နက်ကိုင်တပ်ဖွဲ့ များအဖြစ် မြင်လာစေရေးအတွက် အစိုးရမှ ဆောင်ရွက်
ပေးမည့် အသွင်ကူးပြောင်းရေးအစီအစဉ်များကို စိတ်ဝင်တစား စောင့်ကြည့်လျှက်

Post a Comment