Monday, 01 June 2009 19:25 ဧရာဝတီ
E-mail Print
နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် အသွင်ကူးပြောင်းရန် စစ်အစိုးရ၏ ကမ်းလှမ်းချက်ကို မွန်ပြည်သစ်ပါတီက လက်မခံကြောင်း မွန်ပြည်သစ်ပါတီ၏ သောကြာနေ့ အစည်းအဝေးသို့ တက်ရောက်ခဲ့သူတဦးက ပြောသည်။
[မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - NMSP)]
မွန်ပြည်သစ်ပါတီ ပြောခွင့်ရပုဂ္ဂိုလ် နိုင်အောင်မငေးက ၎င်းတို့၏ အစည်းအဝေး ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ပြောဆိုရန် ငြင်းဆိုခဲ့သော်လည်း မွန်ပြည်သစ်ပါတီ၏ တပ်များသည် နယ်စပ်ဒေသကို စောင့်ရှောက်မည် မဟုတ်ဘဲ “မွန် တိုင်းရင်းသား တို့ကိုသာ စောင့်ရှောက်မည်” ဟု ဧရာဝတီကို ပြောသည်။
မွန်ပြည်သစ်ပါတီ သတင်းရပ်ကွက်များ၏ အဆိုအရ စစ်အစိုးရအဖွဲ့၏ ကိုယ်စားလှယ် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်သည် ပါတီခေါင်းဆောင်များနှင့် မတ်လ ၃ ရက်နေ့တွင် တွေ့ဆုံပြီး နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် အသွင်ကူးပြောင်းရန်၊ လက်နက်များကို ဆက်လက် ကိုင်စွဲထားရန် ဆွေးနွေးခဲ့သည်ဟု သိရသည်။
မွန်ပြည်သစ်ပါတီတွင် အင်အား ၇၀၀ ၀န်းကျင်ဖြင့် ဖွဲ့စည်းထားသော မွန်ပြည်နယ် အခြေစိုက် လက်နက်ကိုင်အဖွဲ့တခု ရှိသည်။ မွန်ပြည်သစ်ပါတီသည် စစ်အစိုးရ၏ အမျိုးသားညီလာခံ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ တို့ကို သဘောတူခြင်း မရှိခဲ့ပေ။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကိုလည်း ပါဝင် ယှဉ်ပြိုင်မည် မဟုတ်ဟု ကြေညာထားသည်။
မကြာသေးခင်ကလည်း ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်သည် ဝပြည် သွေးစည်း ညီညွတ်ရေးပါတီ၊ ကချင်လွတ်မြောက်ရေး တပ်မတော်၊ ကချင် ဒီမိုကရေစီသစ်တပ်မတော်၊ ကိုးကန့်တပ်ဖွဲ့ ၊ ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) တို့ကို တွေ့ဆုံပြီး နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲရေး အတွက် ဆွေးနွေးခဲ့သည်ဟု သတင်းရရှိသည်။
ထိုအဖွဲ့များက နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးကို လက်မခံနိုင်သေးဟူသော သတင်းများ ထွက်ပေါ်နေသော်လည်း တရားဝင် ထုတ်ပြန်ကြေညာခြင်းများ မရှိသေးပေ။
နယ်ခြားစောင့်တပ် တစ်တပ်တွင် အရာရှိ အဆင့် ၁၈ ဦး အပါအ၀င် စုစုပေါင်း အင်အား (၃၂၆) ဦး ပါဝင်ရန် သတ်မှတ်ထားသည်ဟု သိရသည်။ အုပ်ချုပ်မှု၊ တပ်ရေး၊ တပ်ထောက် စသည့် အရေးကြီးသည့် နေရာများနှင့် ရုံးတာဝန်များတွင် မြန်မာ့ တပ်မတော်မှ အရာရှိ ၃၀ ခန့် ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
နယ်ခြားစောင့် တပ်များသည် လက်ရှိ ထိန်းချုပ်ထားသော နယ်မြေ အတွင်း၌သာ တာဝန်ထမ်းဆောင်ရမည် ဟု ဆိုသည်။
၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ် ရပ်စဲခဲ့သည့် လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ရှိကြောင်း စစ်အစိုးရ၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။
KNU ဟု ထင်ရှားသည့် ကရင်အမျိုးသားအစည်းအရုံးမှ ခွဲထွက်သွားသည့် အဖွဲ့ငယ်များကမူ နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် အသွင်ကူးပြောင်းရန် သဘောတူထားပြီးဖြစ်ကြောင်း သတင်း ရရှိသည်။
စောဘဦးကြီး၏မူ(၄)ရပ်
For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
မွန်ပြည်သစ်ပါတီ နယ်ခြားစောင့်မည်လော
Monday, June 1, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment