သခင်ကိုယ်တော်မှိုင်းနဲ့ တိုင်းရင်းသားအရေး
ဂါမဏိ
(ပုံတူ - ပန်းချီဝသုန်)
သခင်ကိုယ်တော်မှိုင်းကို မြန်မာနိုင်ငံထဲမှာ စာပေယဉ်ကျေးမှုနယ်ပယ်က တပ်မှူးကြီး၊ သတင်းစာဘိုး
အေကြီးအ ဖြစ်တင်မက အမျိုးသားခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းထက
်မြင့်တဲ့ လွတ်လပ်ရေး ဘိုးအေကြီး၊ ငြိမ်းချမ်းရေးဖခင်ကြီးအဖြစ် အာဏာရအုပ်စိုးသူအဆက်ဆက်၊
အထူးသဖြင့် စစ်အာဏာရှင်တွေ ကလွဲလို့ အားလုံးက သတ်မှတ်လက်ခံထားကြပါတယ်။ ဒါပေမယ့်
နယ်စပ်ဒေသ အပါအ၀င် တချို့တိုင်းရင်း သားတွေကြားမှာတော့ သခင်ကိုယ်တော်မှိုင်းကို မဟာလူမျိုးကြီး
ဝါဒီတယောက်၊ လူမျိုးခွဲခြားရေးသမားတ ယောက်အဖြစ် မြင်နေကြပါတယ်။ တိုင်းရင်းသားခေါင်းဆောင်
တွေကိုယ်၌က အဲသလိုမြင်နေကြတာဖြစ်ပါ တယ်။
ဒီကိစ္စရဲ့အကြောင်းရင်းကတော့ ဒီနယ်စပ်ဒေသဘက်မှာ တချိန်က ပျံ့နှံ့ခဲ့ဖူးတဲ့ “သခင်ကိုယ်တော်မှိုင်းရဲ့ သေ တမ်းစာ” ဆိုတဲ့ စာတမ်းတခုကြောင့် ဖြစ်ပါတယ်။ ဒီ “သေတမ်းစာ” ဆိုတာထဲမှာ ရခိုင်နဲ့ပတ်သက်လို့ “သမိုင်း ကြွေးမဆပ်နိုင်အောင်၊ နလံမထူနိုင်အောင် မင်းတို့တတွေ စွမ်းဆောင်တတ်ရမယ်။ ... ရှမ်းဆိုတဲ့လူတွေလည်း တောင်ပေါ်သားအသိထက် မကျော်လွှားမိစေဖို့ ကြပ်ကြပ်သတိထားရမယ်။ ဘယ်သူပဲဖြစ်ဖြစ် ကြီးထွားလာခဲ့ ရင်၊ ဒါဟာ ဗမာ့ရန်သူပဲ၊ ပြတ်သားတဲ့နည်းကို ကျင့်သုံးရမယ်။ ... ကရင်ဆိုတာလည်း ရန်သူတမျိုးပဲ။ ဘ၀ကို မြေတောင်မြှောက်မပေးနှင့်။ လက်မြန်ခြေမြန်ဝါဒရှိတယ်။ သတိလစ်ရင်လစ်သလို ဗမာတွေ အသက်
ရှူကျပ် လိမ့်မယ်။” ကချင်လူမျိုးများနဲ့ ပတ်သက်လို့ “ဘယ်လိုပဲဆိုဆို ငါတို့တတွေဟာ လက်ဦးထား
ဖို့က အရေးကြီး တယ်။ မညှာနဲ့၊ ညှာရင်နာမယ်။ ဗမာတွေ သတိထားကြ။” ... မွန်တိုင်းရင်းသားအပေါ်
သဘောထားအဖြစ် လည်း “အတိတ်က သူပိုင်တယ်၊ ငါပိုင်တယ်ဆိုတာ ဗမာတွေ နားမလည်ဘူး။
လက်ရှိမှာ ဘယ်လိုရှိနေသလဲ၊ ရှိနေသလိုပဲ ထိန်းထားတတ်ရမယ်” စသဖြင့် မြန်မာပြည်ရဲ့ အဓိက တိုင်းရင်းသားလူမျိုးစုတွေအပေါ် ဖိနှိပ်ချိုး နှိမ်ရေးတရားတွေ ဟောထားပါတယ်။ “ဗမာဟာ မဟာဗမာဖြစ်ဖို့
အဓိကပဲ”လို့ အဲဒီ “သေတမ်းစာ” ဆိုတာထဲ မှာ နောက်ဆုံး နိဂုံးချုပ်မှာကြားထားပါတယ်။
ဒီ “သေတမ်းစာ” ပါ သဘောထားအမြင်တွေဟာ အင်မတန်မှ ဆိုးဝါးလှပြီး ဆရာကြီးသခင်ကိုယ်
တော်မှိုင်းရဲ့ တသက်တာပတ်လုံး ရပ်တည်လှုပ်ရှားချက်တွေနဲ့ ကွဲလွဲနေပါတယ်။ ဒါကြောင့် ဒီ
သေတမ်းစာဟာ တကယ်အ မှန်အကန် ဟုတ်မဟုတ် စိစစ်ဖို့ လိုလာပါတယ်။
သခင်ကိုယ်တော်မှိုင်းရဲ့ စိတ်ဓာတ်နဲ့ ရပ်တည်ချက်အမှန်ကိုသိရအောင် သူ့ဘ၀တသက်တာထဲက
ဖြစ်ရပ်တွေ ကို လေ့လာကြည့်တဲ့အခါ အခုလို တွေ့ရပါတယ်။
ဆရာကြီးဟာ အင်္ဂလိပ်ကိုလိုနီဘ၀မှာ နိုင်ငံလွတ်လပ်ရေးအတွက် စည်းရုံးရေးအနေနဲ့ ဇာတိမာန်
မျိုးချစ်စိတ် တက်ကြွစေဖို့ အနော်ရထာ၊ ကျန်စစ်သား၊ တပင်ရွှေထီး၊ အလောင်းဘုရား စတဲ့ နာမည်
ကျော် ဗမာဘုရင်တွေ ကို အမွှမ်းတင် ချီးမြှောက်တာ လုပ်ခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီခေတ်ဟောင်း
ဘုရင်တွေလို စတုတ္ထမြန်မာနိုင်ငံ ထူထောင်ရေး၊ မဟာဗမာအင်ပါယာထူထောင်ရေး စိတ်ဓာတ်တွေ
ကိုတော့ အမွေမဆက်ခံခဲ့ပါဘူး။
ရှေးရိုးစွဲ ခေတ်ဟောင်းအတွေးအခေါ် မရှိတဲ့အကြောင်းကို ၁၉၂၇ ခုနှစ်ဆန်းက ဖြစ်ခဲ့တဲ့ “ဆယ်
ကုဋေကျော် အရေးတော်ပုံ” ဆိုတဲ့ ဖြစ်ရပ်မှာ စတွေ့နိုင်ပါတယ်။ ၁၉၂၆ နှစ်ကုန်ပိုင်းက သူရိယသတင်းစာထဲပါတဲ့ ဦးဘဖေ ရဲ့ ဆောင်းပါးတပုဒ်မှာ ဗမာပြည်ဟာ ဘုန်းကြီးပျံတွေ၊ ဘုရားပွဲ
တွေကြောင့် တနှစ်ကို ကျပ်ငွေ ဆယ်ကုဋေ ကျော် (ကျပ်သန်း ၁၀၀ ကျော်) ကုန်ကျနေတဲ့အကြောင်း၊ တိုင်းသူပြည်သားတွေ ဆင်းရဲလှတဲ့နိုင်ငံမှာ ဒီလိုမျိုး ငွေဖြုန်းတီးမယ့်အစား ဆင်းရဲသားလူထုအကျိုးရှိ
မယ့် တခြားလုပ်ငန်းတွေမှာ သုံးသင့်ကြောင်း ရေးထားလို့ သံ ဃာတွေအပါအ၀င် ဘာသာရေးသမားတွေကြားမှာ ဆူပွက်သွားခဲ့ပါတယ်။ ဒီဆောင်းပါးကို ဆန့်ကျင်တဲ့ဘက်နဲ့ ထောက်
ခံတဲ့ဘက် အပြန်အလှန် အပြင်းအထန် ရေးကြဟောပြောကြလို့ ဆယ်ကုဋေကျော်အရေးတော်ပုံ
သို့မ ဟုတ် ဆယ်ကုဋေကျော်တိုက်ပွဲဆိုပြီး နာမည်ကျော်သွားပါတယ်။ အဲဒီတိုက်ပွဲမှာ ဆရာကြီးသခင်ကိုယ်တော် မှိုင်းဟာ ဦးဘဖေကိုထောက်ခံပြီး မလိုအပ်တဲ့ဖြုန်းတီးမှုဆန့်ကျင်ရေး
ဘက်က ရပ်တည်ခဲ့ပါတယ်။ သံဃာတော် တွေက အကြီးအကျယ် ရှုတ်ချတိုက်ခိုက်တာ ခံခဲ့ရပေ
မယ့်လည်း မိမိအယူအဆကိုပဲ ခိုင်ခိုင်မာမာ ကိုင်စွဲခဲ့ပါ တယ်။ ဒါကိုကြည့်ရင် ဆရာကြီးမှိုင်းဟာ ခေတ်ဟောင်းပဒေသရာဇ်ဝါဒစွဲ၊ ဘာသာရေးစွဲ၊ လူမျိုးရေးစွဲမရှိတာ သိ သာပါတယ်။
၁၉၃၃ ခုမှာ ခွဲရေး-တွဲရေးကိစ္စ ပေါ်လာတဲ့အခါမှာလည်း ဗမာပြည်ကို အိန္ဒိယပြည်နဲ့ခွဲရေးကို ဆရာကြီး
က ဆန့် ကျင်ခဲ့ပါတယ်။ အင်္ဂလိပ်ကျွန် ဖြစ်ရတာချင်းအတူတူ လူမျိုးရေးအရ ခွဲတာကို မလိုလားဘဲ အဖိနှိပ်ခံချင်း ရိုင်း ပင်းလက်တွဲ တိုက်ပွဲဝင်ရေးဘက်က ရပ်တည်ခဲ့ပါတယ်။ ဒီထက်ပိုထင်ရှားတဲ့အဖြစ်
ကတော့ ၁၉၃၈ ခု ကုလား-ဗမာအဓိကရုဏ်းမှာ ကုလားဆန့်ကျင်ရေး မဟာဗမာလူမျိုးရေးကို အတိ
အလင်း ဆန့်ကျင်ခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီတုန်းက သခင်ကိုယ်တော်မှိုင်းရဲ့ “ကုလားအရေးလောက်
ကိုဖြင့်၊ ဓားသွေးလောက်တယ် ဆရာမထင်လို့မို့ ...” ဆိုတဲ့ လေးချိုးကဗျာစာသားဟာ ထင်ရှား
ကျော်ကြားပြီး ထိမိခဲ့လှပါတယ်။
၁၉၃၇ ခုမှာ သခင်ကိုယ်တော်မှိုင်းဟာ တိုးတက်ရေးမဂ္ဂဇင်းထဲမှာ ဆရာစံသူပုန်ကိုထောက်ခံတဲ့
“ပုန်ကန်ခြင်း” ဆောင်းပါးကို ရေးခဲ့ပါတယ်။ အဲဒီဆောင်းပါးမှာ ရာဇ၀င်ထဲက “အပြစ်လွတ်သော
ပုန်ကန်ခြင်း” ဥပမာတွေကို ထောက်ပြရာမှာ မွန်အမတ် ငရန်မန်ကန်းက ဗမာဘုရင်စောလူးမင်းကို ပုန်ကန်တာကို အပြစ်လွတ်တဲ့ ပုန်ကန် ခြင်း၊ အခုခေတ်စကားနဲ့ပြောရရင် တရားတဲ့တော်လှန်စစ်အဖြစ် ဖော်ပြခဲ့ပါတယ်။ ဗမာပြည်မှာ ဟိုးအရင် ပဒေ သရာဇ်ခေတ်၊ အင်္ဂလိပ်ခေတ်ကရော၊ အခု နအဖခေတ်
အထိပါ အများသိထားတာက ငရန်မန်ကန်းဟာ ပထမ မြန်မာနိုင်ငံတော်ကို ဖျက်ဆီးဖို့ကြံတဲ့ ဆူပူသောင်းကျန်းသူ ဗီလိန်အဖြစ် သိထားကြ၊ ၀ါဒဖြန့်နေကြတာဖြစ်ပါ တယ်။ အဲဒီအယူအဆကနေ
ခွဲထွက်ပြီး ငရမန်ကန်းကို မှန်ကန်တိုးတက်တဲ့ တော်လှန်ရေးသမားအဖြစ် သတ် မှတ်တာဟာ ကျနော်သိသလောက် သခင်ကိုယ်တော်မှိုင်းက ပထမဆုံးဖြစ်ပါတယ်။ ငရန်မန်ကန်းပုန်ကန်မှုကို ပထမဆုံး မွန်အမျိုးသားလွတ်မြောက်ရေး တော်လှန်ရေးအဖြစ် ဂုဏ်ပြုသတ်မှတ်ခဲ့တဲ့ ဒုတိယမြောက် ဗမာနိုင် ငံရေးသမား၊ စာပေသမားကတော့ ဆရာဗန်းမော်တင်အောင်ဖြစ်ပြီး “မြန်မာနိုင်ငံတော်သမိုင်း”
စာအုပ်မှာ သုံး သပ်ခဲ့တာဖြစ်ပါတယ်။
၁၉၄၈ ခုလွတ်လပ်ရေးရပြီးနောက် ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့ရဲဘော်၊ တော်လှန်သောဗမာ့
တပ်မတော် တို့ ပုန်ကန်တော်လှန်ပြီးနောက် ကရင်အမျိုးသားအစည်းအရုံး (KNU) ကလည်း ၁၉၄၉ ခုနှစ်ဆန်းမှာ တော် လှန်ရေးစတဲ့အတွက် ရွက်စုံတက်စုံပြည်တွင်းစစ်ကြီး ဖြစ်လာတဲ့အခါ ဒီလိုမဖြစ်
ရအောင် စောစောကတည်းက နိုင်ငံရေးအရ ဒီမိုကရေစီနည်းကျကျ ဖြေရှင်းဖို့ သခင်ကိုယ်တော်မှိုင်း ကြိုးပမ်းခဲ့တာ မအောင်မြင်ခဲ့တဲ့အ ကြောင်းကို “လောကတခွင်မှာနော်ကွယ်၊ ဟောမရ ပြောမရတာတွေကြောင့်၊ သောကပူပင် ...” စသဖြင့် ဖဆ ပလခေါင်းဆောင်တွေကို ရှုတ်ချတဲ့ ကဗျာစပ် ရင်ဖွင့်ခဲ့ပါတယ်။
သခင်ကိုယ်တော်မှိုင်းဟာ လက်ဝဲသူပုန်တွေနဲ့ တိုက်တာဖြစ်ဖြစ်၊ တိုင်းရင်းသားသူပုန်တွေနဲ့ တိုက်တာ
ဖြစ်ဖြစ် ပြည်တွင်းစစ်အားလုံးကို ဆန့်ကျင်ခဲ့တဲ့ ငြိမ်းချမ်းရေးသမားစစ်စစ်ကြီး ဖြစ်ပါတယ်။ ဒါပေမယ့် အုပ်စိုးသူတွေက ဘယ်လောက် မတရားလုပ်လုပ် ငုံ့ခံရေးအယူအဆရှိတဲ့ ရွှေပြည်အေးငြိမ်းချမ်းရေး
သမား Pacifist တော့ မ ဟုတ်ပါဘူး။ နှစ်ဦးနှစ်ဘက် ဆွေးနွေးညှိနှိုင်းပြီး အာဃာတမထားရေး၊ သူမနာ-ကိုယ်မနာ ငြိမ်းချမ်းရေးရဖို့ ရပ် တည်သူဖြစ်ပါတယ်။ အခုဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြောနေတဲ့ သင်ပုန်းချေရေး၊ စေ့စပ်ဆွေးနွေးရေးဆိုတာတွေကို ဗမာ
ပြည်မှာ ပထမဆုံးစပြောခဲ့သူဖြစ်ပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးအတွက် သခင်ကိုယ်တော်မှိုင်းဟာ ဗမာပြည်အနှံ့ ခရီးထွက်စည်းရုံးခဲ့ရာမှာ
၁၉၅၄၊ ၅၆- ၅၇၊ ၆၁ ခုမှာ မြစ်ဝကျွန်းပေါ်ဒေသ၊ ၁၉၅၆ ခုမှာ ကချင်ပြည်၊ ၁၉၅၇ ခုမှာ ရခိုင်ပြည်
တို့ကို သွားခဲ့ပါတယ်။ ဗမာ တွေတင်မက ကရင်၊ ကချင်၊ ရှမ်း၊ ရခိုင်တိုင်းရင်းသားလူထုတွေက အ
ကြီးအကျယ် အုတ်အော်သောင်းနင်း ကြိုဆိုကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း လာတုန်းက မကြိုဆိုခဲ့တဲ့ ရခိုင်တိုင်းရင်းသားတွေဟာ သခင်ကိုယ် တော်မှိုင်းကိုတော့ အကြီးအကျယ် ကြိုခဲ့ကြပါတယ်။ ရခိုင်တိုင်းရင်းသားတွေ အကြီးအကျယ် ကြိုဆိုထောက်ခံ တဲ့ ဗမာခေါင်းဆောင်ဆိုတာ သခင်ကိုယ်
တော်မှိုင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် နှစ်ယောက်ပဲရှိမယ်ထင်ပါတယ်။ ဗမာအမျိုးသမီးတွေတင်မက တိုင်းရင်းသူအမျိုးသမီးတွေကပါ သခင်ကိုယ်တော်မှိုင်းသွားရာလမ်းမှာ ဆံပင်ဖြန့် ခင်းပေးတာတွေ ဖြစ်ခဲ့ပါတယ်။ ဒါတွေကိုကြည့်ခြင်းအားဖြင့် ပြည်တွင်းက တိုင်းရင်းသားတွေနဲ့ သခင်ကိုယ် တော်မှိုင်း ဆက်ဆံရေးအနေအထားကို အလွယ်တကူ သိနိုင်ပါတယ်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် လှည့်လည်စည်းရုံးရာမှာ ကရင်
အမျိုးသား နိုင်ငံရေးသမားတွေဖြစ်တဲ့ မန်းထွန်းရင်၊ မန်းကျော်အုံး၊ စောကျော်စိုး (အင်းစိန်)၊ စော
ကျော်စိန်၊ ဒေါက်တာ ဆင်ဖိုးတို့နဲ့ တွဲခဲ့ပါတယ်။ ဒေါက်တာဆင်ဖိုးဟာ ဆရာကြီးရဲ့ကျန်းမာရေးကို တောက်လျှောက်အနီးကပ်တာဝန် ယူခဲ့သူဖြစ်ပါတယ်။ ဆရာကြီးဟာ ကရင်ခေါင်းဆောင် မန်းဒါဝိတ်နဲ့အထူးရင်းနှီးလှပြီး ဆရာတပည့်လို၊ သားအ ဖလို နေထိုင်လက်တွဲခဲ့ပါတယ်။ မန်းဒါဝိတ်ဟာ မြေပေါ်ကရင်အမျိုးသားခေါင်းဆောင်တယောက် ဖြစ်ရုံမက ကေအဲန်ယူရဲ့ ယူဂျီခေါင်းဆောင်တ
ယောက်ဖြစ်ပြီး မဆလခေတ်မှာ နှစ်ကြိမ်၊ န၀တခေတ်မှာ တကြိမ် ထောင် ကျခဲ့ပါတယ်။ ၁၉၉၂ ခုမှာ အင်းစိန်ထောင်မှာပဲ ကျဆုံးသွားခဲ့ပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးကော်မတီမှာ သခင်ကိုယ်တော်မှိုင်းနဲ့ လက်တွဲလှုပ်ရှားခဲ့တဲ့ ရဲဘော်သုံးကျိပ်
ဝင် ဗိုလ်မှူး ချုပ်ဟောင်း ကျော်ဇောက ဆရာကြီးရဲ့ တိုင်းရင်းသားလူမျိုးတွေအပေါ် သဘောထားကို
၂၀၀၇ ခုနှစ်တုန်းက ဒီလိုပြောပြခဲ့ဖူးပါတယ်။ “သခင်ကိုယ်တော်မှိုင်းဟာ ကေအဲန်ယူနဲ့ ပြည်တွင်းစစ်ကို စေ့စပ်ဆွေးနွေးတဲ့နည်းနဲ့ ငြိမ်းချမ်းရေးရဖို့ ရပ်ခံခဲ့တယ်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် လှည့်လည်
ရာမှာ မြစ်ဝကျွန်းပေါ်ကရင်များက အထူးကြည်ညိုလေးစားကြတယ်။ ကရင်ရွာများကို သွားရောက်ဟောပြောခဲ့တယ်။ သူ့မှာ တိုင်းရင်းသားလူမျိုး စုတွေအပေါ် အထင်သေးနှိမ်ချတဲ့စိတ်၊ ခွဲခြားဖိနှိပ်ချင်တဲ့စိတ် လုံးဝမရှိဘူး။ စိတ်သဘောထား အင်မတန်နူးညံ့ သူဖြစ်တယ်။ ... ဆရာကြီးကွယ်လွန်ချိန်အထိ ကျနော်တောက်လျှောက် အနီးကပ်နေခဲ့တာ၊ ကျနော့်လက်ပေါ် မှာပဲ ဆုံးသွားတာဖြစ်တဲ့အတွက် ဒီလိုသေတမ်းစာဆိုတာမျိုး လုံးဝမရှိခဲ့ဘူးလို့ ကျနော်သေချာပြောရဲတယ်။
ဒါ့ အပြင် မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံမှာ၊ ဗုဒ္ဓဘာသာထုံးစံမှာ သေတမ်းစာ ဆိုတာလည်း
မရှိပါဘူး” လို့ ဗိုလ်ကျော်ဇောက ခိုင်ခိုင်မာမာ ပြောပြပါတယ်။
၁၉၆၁ ခု ဇွန်လမှာ တိုင်းရင်းသားခေါင်းဆောင်တွေ တောင်ကြီးညီလာခံကျင်းပပြီး ၁၉၄၇ အခြေခံ
ဥပဒေပြင် ဆင်ရေးအတွက် ဖက်ဒရယ်မူ (ခေါ်) ရှမ်းမူကို ဖော်ထုတ်ခဲ့တဲ့အခါ ဆရာကြီးသခင်ကိုယ်
တော်မှိုင်း ခေါင်း ဆောင် တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကော်မတီ အဖွဲ့ဝင်တွေဖြစ်တဲ့ ဗိုလ်မှူးချုပ်ဟောင်း
ကျော်ဇော၊ ဦးအောင်သန်း (ဗိုလ်ချုပ်အောင်ဆန်းအစ်ကို)၊ ဦးသိန်းဖေမြင့်တို့က ထောက်ခံခဲ့ကြပါတယ်။ သူတို့နောက်ကွယ်မှာ သခင်ကိုယ် တော်မှိုင်းရှိနေတာ ယုံမှားစရာမရှိပါဘူး။
အကယ်၍သာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းသာ မဟာဗမာဝါဒီတယောက်၊ တိုင်းရင်းသားဖိနှိပ်ရေး
သမားတ ယောက်ဖြစ်ခဲ့ရင် ဗြောင်အတိအလင်း ဖက်ဒရယ်ဆန့်ကျင်ရေး စတုတ္ထမဟာဗမာအင်ပါယာထူထောင်ရေး ဗမာ အမျိုးသားရေးသက်သက်ဝါဒသမားတွေဖြစ်တဲ့ သခင်
ဗစိန်၊ ဗိုလ်မှူးချုပ်မောင်မောင်၊ ဦးကျော်ငြိမ်းတို့နဲ့ တသား တည်းတွဲမိခဲ့မှာဖြစ်ပါတယ်။ ဒါပေမယ့်
လက်တွေ့မှာ ဒီလူတွေဟာ ဆရာကြီးအပေါ် အခါးသီးဆုံး ရန်ဘက်တွေ လိုပဲ သဘောထားခဲ့ကြပါတယ်။ ဒါ့အပြင် ကိုယ့်အာဏာအတွက် တိုင်းရင်းသားတွေကို လိုရင်လိုသလို အသုံးချ သွားတဲ့ ပါလီမန်ဒီမိုကရေစီဝန်ကြီးချုပ်ဟောင်း ဦးနု၊ ဖက်ဒရယ်ဆန့်ကျင်ရေး စစ်အာဏာရှင် ဗိုလ်နေ၀င်းတို့နဲ့
လည်း ဘယ်လိုမှ အစေးမကပ်ခဲ့ပါဘူး။ ဒါကြောင့် န၀တ-နအဖ တို့ကလည်း သခင်ကိုယ်တော်မှိုင်း
အခန်းကဏ္ဍ ကို ဘယ်လိုမှ နေရာမပေး အသိအမှတ်မပြုကြတာ ဖြစ်ပါတယ်။
ဒါကြောင့် “သခင်ကိုယ်တော်မှိုင်းသေတမ်းစာ”ဆိုတဲ့ စာတမ်းဟာ တန်းတူရေးအတွက် တိုက်ပွဲဝင်နေ
တဲ့ လက် နက်ကိုင်တိုင်းရင်းသားလူမျိုးတွေနဲ့ ရိုးသန့်စင်ကြယ်တဲ့ ဗမာလူမျိုးဒီမိုကရေစီသမားတွေ ပေါင်းစည်းညီညွတ်မိ သွားမှာကို စိုးရိမ်တဲ့ အာဏာရှင်ဘက်တော်သားတွေရဲ့ လုပ်ကြံလီဆယ်မှု
သက်သက်ပဲ ဖြစ်ပါတယ်။
စောဘဦးကြီး၏မူ(၄)ရပ်
For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
သခင်ကိုယ်တော်မှိုင်းနဲ့ တိုင်းရင်းသားအရေး
Friday, June 5, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment