စောဘဦးကြီး၏မူ(၄)ရပ်

For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

Archives

နော်ဘလူးမင်းနိုက်နှင့်တွေ့ ဆုံဆွေးနွေးပွဲ

Monday, June 1, 2009

ူ့ဇွန်လ ၂ ၂၀၀၉
စောကျော်ခွိ




နော်ဘလူးမင်းနိုက်နှင့်တွေ့ ဆုံဆွေးနွေးပွဲတခုကို ၄င်းသြစတြေးလျှနိုင်ငံမှပြန်ခါနီးတွင်
ကရင်လူငယ်များအားတွေ့ ဆုံမှာကြားဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။ တွေ့ ဆုံဆွေးနွေးပွဲကို မေလ (၃၀)
ရက်နေ့ က သြစတြေးလျှနိုင်ငံ ဆစ်ဒနီမြို့ ကာရာမာ STARTT ရုံးတွင် ညနေ ၄း၀၀မှ ၇း၀၀နာရီအထိ
ကျင်းပခဲ့ပါသည်။





KNUမှ ကရင့်အမျိုးသမီးရေးရာ တွဲဖက်အထွေထွေအတွင်းရေမှူး နော်ဘလူးမင်းနိုက်က
ပြည်တွင်းပြည်ပ ဒုက္ခသည်များကိစ္စ၊ ထိုးစစ်ကြောင့်တောတောင်များတွင်ထွက်ပြေးပုန်းရှောင်ရနေသော
ရာပုန်းရွာရှောင် ဒုက္ခသည်များ(IDP)ကိစ္စ၊ ကရင်အမျိုးသမီးများအပေါ် နအဖစစ်တပ်က အုပ်စုလိုက်
အဓမ္မပြုကျင့်သည့်ကိစ္စများ အစရှိသဖြင့်ဆွေးနွေးခဲ့ကြပါသည်။







လူဦးရေ (၄၀)နီးပါးလာရောက်ာကပြီး မရှင်းလင်းသည်များကို တင်ပြဆွေးနွေးခဲ့ကြပါသည်။ယနေ့ 
ကရင့်အခြေအနေများကိုလဲပြောကြားပြီး လူငယ်နှင့်လူကြီး အပြန်အလှန်အဆက်အသွယ်ထားပြီး
သတင်းများဝေငှဖလှယ်ကြရန်မှာကြားခဲ့ပါသည်။ KWO ရဲ့ ကရင့်အမျိုးသမီးအလံနှင့်တံဆိပ်အကြောင်းလဲ
ရှင်းလင်းပြခဲ့ပါသည်။အစည်းအဝေးအပြီးတွင် KWO အလံနောက်ခံထားပြီးအမှတ်အရဓါတ်ပုံများ
ရိုက်ခဲ့ကြပါသည်။

0 comments: