စောဘဦးကြီး၏မူ(၄)ရပ်

For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

Archives

လုပ်သင့်တာကိုအရင်စလုပ်ပါ။

Wednesday, June 17, 2009

နေ့စွဲ-၁၆။ ၆။ ၂၀ဝ၉
KAREN YOUTH ORGANIZATION (Kaw Thoo Lei)
P. O. Box -105, Mae Sot, Tak 63110, Thailand. Email: kyohqktl@yahoo.com
Website: www.karenyouthktl.org


သို့ 
ကရင်လူငယ်များအားလုံး
ခရိုင်၊မြို့ နယ်နှင့်ပြည်တွင်းပြည်ပအားလုံး
အကြောင်းအရာ။ ။ လုပ်သင့်တာကိုအရင်စလုပ်ပါ။

အထက်ပါအကြောင်းအရာကိစ္စနှင့်ပတ်သတ်၍ ယခုအချိန်တွင် ဒီကေဘီအေသည်
ဗမာစစ်တပ်.လက်အောက်ခံနယ်ခြားစောင့်တပ်ဖြစ်နေပါပြီး။ ယခု ကေအန်ယူရဲ့တပ်မဟာ ၇ နယ်မြေ
ကိုထိုးစစ်ဆင်နေတာ ဗမာစစ်တပ်၏ အကြပ်ကိုင်ဖိအားပေးမှုနဲ့  လှည့်ကွက်တစ်ခုသာဖြစ်နေပြီး
ကေအန်ယူအားရှင်းလင်းရန်အတွက် ငါးကြင်းဆီကို ငါးကြင်းနဲ့ ပြန်ကြော်တာဖြစ်ပါတယ်။

ကေအန်ယူကိုရှင်းပြီးရင် ဒီကေဘီအေကိုလည်းရှင်းပြစ်မည်ဆိုတာ ယုံမှားသံသယဖြစ်စရာမလိုပါ။
ဒါဟာဗမာစစ်အုပ်စု၏နှစ်ပေါင်းများစွာကျင့်သုံးလာခဲ့တဲ့ ရိုးရာဓလေ့နှင့်လက်စွဲသုံးအကျင့်တစ်ခု
သာဖြစ်ပြီး ရန်သူအားချေမှုန်းရာတွင်အသုံးပြုလေ့ရှိသည့် ကောက်ကျစ်သည့် နည်းပရိရယ် တစ်ခုဖြစ်နေပါသည်။ ကျနော်တို့ အများကြီးပြောစရာမလိုတော့ဘူးလို့ ထင်ပါတယ်။ ကျနော်တို့ ကရင်
တွင်ဟာ ရိုးသားတာတော့ကောင်းပါတယ။် ဒါဘေမဲ့ မအဖို့တော့အရေးကြီးဆုံးအဓိကအချက်ဖြစ်ပါတယ်။

ဒီတော့ကျနော်တို့ စလုပ်ရမှာကမိမိနှင့်နီးစပ်ရာတက်ကြွသည့်မျိုးချစ်ကရင်လူငယ်များအားစည်ရုံုးပြီး
ဒီကေဘီအေနဲ့ နီးစပ်သည့်နေရာကျေးရွာတွင်၊ မြို့ တွင်မှာ ကျနော်တို့  စာရွက်စာတမ်းတွင်၊ လက်ကမ်း
စာဆောင်တွင်၊ မှုတ်ဆေးတွင် လိုက်ကပ်တာတို့ ၊လိုက်ဖြန့် တာတို့  လုပ်ရမှာဖြစ်ပါတယ်။

ရေးရမည့်စာလုံးက ဥပမာ -ဒီကေဘီအေအလိုမရှိ
-ကရင်အချင်းချင်းတိုက်ခိုက်နေတာကရင်လူထုအလိုမရှိ
-ဗမာစစ်တပ်၏အကြံကြောင့်ကျနော်တို့  ကရင်တွင်အများကြီးသေကုန်ပြီင်္း
-ဗမာတွေရဲ့ကောက်ကျင့်တဲ့အကြံကိုကျနော်တို့ ကရင်တွင်သတိထားကြရန် စသည်ဖြင့်
လိုက်လုပ်ရမှာဖြစ်ပါသည်။

တော်လှန်ရေးအောင်ပွဲသို့ 
အလုပ်အမှုဆောင်ကော်မတီ
ကရင်လူငယ်အစည်းအရုံး
(ဗဟို)

1 comments:

Unknown said...

ကရင်အမျိုးသားများ သေကြေပျက်စီးရမှုတွေ ဒုက္ခ ဆင်းရဲမှုများဆိုးဆိုးဝါးဝါး ရင်ဆိုင်တွေကြုံခံစား နေရတာကို ဗမာစစ်အုပ်စု မဟုတ်သော ဗမာနှင့် လူမျိုးစုံပြည်သူတွေလဲ စိတ်မကောင်းကြပါ။ စာနာကြပါသည်။ အောက်ဖေါ် ပြစာတွင် အနည်းငယ်ပြင်ဆင်ပါက အလွန်သင့်တော်မည်ဟု ထင်မြင်မိပါသည်

ရေးရမည့်စာလုံးက ဥပမာ -ဒီကေဘီအေအလိုမရှိ
-ကရင်အချင်းချင်းတိုက်ခိုက်နေတာကို ကရင်လူထု အလိုမရှိ
-ဗမာစစ်တပ်၏ယုတ်မာသောအကြံကြောင့် ကျနော်တို့  ကရင်ပြည်သူတွေ အများကြီးသေကုန်ပြီင်္း
-ဗမာစစ်အုပ်စုရဲ့ ရက်စက်ယုတ်မာကောက်ကျင့်တဲ့ အကြံကို ကျနော်တို ကရင်တွေအားလုံး သတိထား ကြရန်စသည်ဖြင့်ရေးသားစေလိုပါသည်

ဗမာစစ်အုပ်စုရဲ့လို့ ပြင်ဆင်စေလိုသည်မှာ သာမန် ဗမာပြည်သူများနှင့် ဗမာစစ်အုပ်စု။ စစ်အာဏာရှင်တို့ ကို ခွဲခြားမြင်စေလိုသောကြာင့် ဖြစ်ပါသည်။။