စောဘဦးကြီး၏မူ(၄)ရပ်

For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

Archives

နအဖနှင့် ဒီကေဘီအေထိုးစစ်ကြောင့် ကရင်ရွာသား ၂၀၀၀ကျော်ထိုင်းဘက်ကမ်းသို့ ထွက်ပြေးလာ

Friday, June 5, 2009




ဇွန် ၅ ရက်၊နန်းဖော့ဂေ(KIC)
ထိုင်းဘက်ကမ်းရောက် လယ်ဘော်ဟဲပြည်တွင်းဒုက္ခသည်များ(ဓါတ်ပုံ-ကေအိုင်စီ)
နအဖနှင့်ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့ သည် ဇွန်လဆန်းပိုင်းမှစ၌၍ ကရင်အမျိုးသားအစည်းအရုံး(KNU)၏
တပ်မဟာ(၇)နယ်မြေကိုထိုးစစ်ဆင် တိုက်ခိုက်လာသည့်အတွက် ကရင်ရွာသူရွာသား ၂၀၀၀ကျော်မှာ ထိုင်း
ဖက်ကမ်းသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

မိသားစုအလိုက်ထွက်ပြေးလာသော အဆိုပါရွာသားများသည် ဖားအံခရိုင် ပိုင်ကျုံမြို့ နယ်ရှိ ဝါးမီကလား
ကျေးနယ်၊မဲလာအားစီ၊မဲလာအားထာ၊ထီးကဟော၊ဆေးဖိုးခီးနှင့် လှိုင်းဘွဲမြို့ နယ် ခလယ်ဒေးကျေးနယ်ရှိ
လယ်တူဝေါ် ခလယ်ခို့ များမှဖြစ်ကြပြီး ထိုင်းဖက်ကမ်းရှိ တိုးယာ့၊အူးသူးထ၊နိုဘိုးအင်တော၊လယ်ဘော်ဟဲ၊
ခလယ့်ခို့ နှင့်မဲတရီနေရာများသို့ သွားရောက်ခိုလှုံလျှကိရှိသည်ဟု KNU၏ ပိုင်ကျုံမြို့ နယ် ဥက္ကဌ စောဘာ
တီဖိုးကပြောသည်။

ထွက်ပြေးလာသူ မဲလာအားခီးရွာသူကြီး စောတင်လှက "လွန်ခဲ့တဲ့ သုံးရက်ကတည်းက ဗမာစစ်တပ်နဲ့ ဒီကေဘီအေကတက်လာတော့မယ် ဆိုတာကြားတာနဲ့  ညနေပိုင်းမှာ ကျနေည်တို့ တရွာလုံး ဘာမှမယူ
အားတော့ဘဲ အဝတ်တထည် ကိုယ်တခုနဲ့ ထွက်လာခဲ့တာဘဲ။ သူတို့ ကတိုက်ပွဲဖြစ်ရင် ကျနော်တို့ ကို
ပေါ်တာခေါ်တယ်၊နှိပ်စက်တယ်။ သတ်တဲ့အထိတောင်လုပ်ခဲ့ဘူးတော့ ကျနော်တို့ ရင်မဆိုင်ရဲတော့လို့ 
အခုလိုထွက်ပြေးလာရတယ်"ဟု ကရင်သတင်းစဉ်ကိုပြောသည်။

ထိုင်းနိုင်ငံ၊တာ့ခရိုင်၊ဖဆောင်ယန်းကျေးရွာများသို့ ထွက်ပြေးလာသည့် ကရင်ရွာသူရွာသားများထဲတွင် လသားအရွယ် ကလေးငယ်များ သားသည်မိခင်များပါဝင်ပြီး ၄င်းတို့ ထွက်ပြေးတိမ်းရှောင်လာချိန်သည်
မိုးသည်းထန်စွာရွာသွန်းလျှက်ရှိသဖြင့် ၄င်းတို့ အတွက် စားရေးသောက်ရေး အဝတ်အစားနှင့်နေရေးထိုင်ရေး
အခက်အခဲများရင်ဆိုင်နေရကြောင်းသိရသည်။

တိုက်ပွဲဖြစ်ပွးသည့် နယ်မြေရှိ နယ်စပ်ကျောင်းမှကျောင်းဆရာ(၉)ဦးနှင့်ကျောင်းသူကျောင်းသား(၁၀၀)
ကျော်မှာလည်း ထိုင်းဖက်ကမ်းသို့ ထွက်ပြေး တိမ်းရှောင်နေရပြီး လက်ရှိအချိန်တွင် ပညာသင်ကြားရေးအပြင်
နေရေးထိုင်ရေးနှင့် ကျန်းမာရေးအခက်အခဲများရှိသည်ဟု ဆရာတဦးဖြစ်သူ စောအဲကလူကယခုလိုပြောသည်။

"ကျောင်းစဖွင့်တဲ့နေ့ မှာဘဲတိုက်ပွဲဖြစ်လို့ ကျနော်တို့ လဲ ကလေးတွေနဲ့ အတူ ထိုင်းဖက်ကမ်းကို ထွက်ပြေး
လာရတယ်။ ကျောင်းသူကျောင်းသားတွေက အသက် ၄နှစ်ကျော်နဲ့  ၁၈နှစ်အထိရှိတယ်။ မိန်းကလေး(၆၈)ဦး
နဲ့ ယောင်္ကျားလေး(၆၁)ဦးဖြစ်ပြီး စုစုပေါင်း ၁၂၉ဦးဖြစ်တယ်။ သူငယ်တန်းကနေ ၆ တန်းအထိရှိတယ်။
အခယြာယီနေရတဲ့နေရာကလည်း တောတောင်ထဲမှာဆိုတော့ ကလေးတွေမပျော်ဘူး။ အဖျားတက်တာ၊
အော့အန်တာ၊ဝမ်းလျှောတာတွေဖြစ်နေတယ်"ဟုဆရာစောအယ်ကလူကပြောသည်။

နအဖနှင့်ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့ သည် KNU တပ်မဟာ(၇)နယ်မြေသို့ ဝင်ရောက်တိုက်ခိုက်ရာ
KNLA တပ်များနှင့် ဇွန်လ(၂)ရက်နေ့ မှ ယနေ့ ထိ တိုက်ပွဲပေါင်း(၆)ကြိမ်ဖြစ်ပွားခဲ့ပြီး ထွက်ပြေးရောက်
ရှိလသည့်ကရင်ရွာသူ၊ရွာသားများကို ထိုင်းကျန်းမာရေးဌာနက လိုအပ်သည့် ဆေးဝါးကုသမှုများနှင့်
ကျန်းမာရေး စောင့်ရှောက်မှုများ လုပ်ဆောင်ပေးလျှက်ရှိသည့်အပြင် ထိုင်းနယ်ခြားစောင့်တပ်များကလည်း
ဇွန်လဆန်းပိုင်းမှစ၍ ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် တပ်အင်အားများ ထပ်မံတိုးချဲ့ ကာ စောင့်
ကြည့်လျှက်ရှိသည်။

အလားတူ ထိုင်းမြန်မာနယ်စပ် ဖားအံခရိုင်အတွင်းရှိ လယ့်ဘော်ဟဲပြည်တွင်းဒုက္ခသည်စခန်းမှ
ဒုက္ခသည်စုစုပေါင်း(၁၂၆၄)ဦးကလည်း တိုက်ပွဲများကြောင့် လုံခြုံမှုမရှိသည့်အတွက် ဇွန်လ ၅ ရက်နေ့ တွင်
ထိုင်းဖက်ကမ်းသို့  တိမ်းရှောင်လာခဲ့ကြပြီး ၄င်းတို့ အနက် ပြီးခဲ့သည့်မေလလယ်ပိုင်းအတွင်းက
ဒီကေဘီအေတပ်များ၏စစ်သားကောက်ခံမှုကြောင့် နေရပ်ရွာမှထွက်ပြေးလာသည့် ပိုင်ကျုံမြို့ နယ်၊
ထီးပယ်ကျေးနယ်မှရွာသားများလည်းပါဝင်သည်ဟု လယ့်ဘော်ဟဲစခန်းဥက္ကဌ စောတာစူးညား၏
ပြောပြချက်အရသိရသည်။

မြဝတီမြို့ နယ်၊သင်္ကန်းညီနောင်အခြေစိုက် နအဖ တပ်မ(၂၂)လက်အောက်ခံ တပ်ရင်းများနှင့်တိုးတက်
သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်(DKBA) တပ်မဟာ ၉၉၉လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့ များ
သည်KNUဖားအံခရိုင် တပ်မဟာ(၇)နယ်မြေကို အပြုတ်တိုက်မည့်ရည်ရွယ်ချက်ဖြင့် ထိုသို့ ထိုးစစ်ဆင်လျှက်ရှိ
ရာ KNLA ဘက်မှလည်း အသင့်အနေအထားတွင်ရှိနေပြီး တိုက်ပွဲမှာဆက်လက်ဖြစ်ပွားသွားမည်ဖြစ်ကြာင်း
KNUတပ်မဟာ(၇)မှပေးပို့ သည့်သတင်းများအရသိရသည်။

ဖားအံခရိုင်အတွင်း၌ နအဖတပ်မ (၂၂)လက်အောက်ခံ ခမရ(၃၃၈) ၊(၃၃၉)၊(၂၀၃)၊ခလရ(၈၁)နှင့်DKBA
တပ်မဟာ(၉၉၉)၊(၅၅၅)၊(၃၃၃)တပ်ဖွဲ့ ဝင်များအခြေစိုက်လှုပ်ရှားလျှက်ရှိသည်။

0 comments: