NEJ / ၂၄ ဇွန် ၂၀၀၉
ဒေါ်အောင်ဆန်းစုကြည်တို့အား ရုံးတင်စစ်ဆေးနေသည့် အင်းစိန်အထူးတရားရုံး၏ သောကြာနေ့တရားခွင်ကို ရွှေ့ဆိုင်းရဦးမည်ဖြစ်သည်။
ဗဟိုတရားရုံးချုပ်သို့ တင်ပြထားသော သက်သေထွက်ဆိုခွင့်အယူခံအတွက် နှစ်ဘက်ရှေ့နေများ၏ လျှောက်လဲ ချက်ကို ယနေ့ကြားနာခဲ့ပြီး တရားရုံးက စီရင်ချက်မချမှတ်သေးသဖြင့် အင်းစိန်တရားခွင် ရုံးချိန်းမှာ အလိုအလျောက် ရွှေ့ဆိုင်းပေးရလိမ့်မည်ဟု ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။
“ဒီနေ့ကတော့ နှစ်ဘက်ရှေ့နေတွေရဲ့ လျှောက်လဲချက်တွေကိုပဲ ကြားနာသွားပါတယ်။ အစိုးရဘက်က ရှေ့နေတွေ တင်ပြသွားတဲ့ အချက်နှစ်ခုရှိပါတယ်။ အဲဒါက ဦးတင်ဦးဟာ နေအိမ်အကျယ်ချုပ်ချခံထားရတဲ့အတွက် သက်သေ ထွက်ခွင့်မရှိပါဘူးတဲ့။ နောက် ဦးဝင်းတင်ကိုလည်း ပြည်ပမီဒီယာများကို အင်တာဗျူးများပေးနေခြင်းကြောင့် အစိုးရကို ဝေဖန်နေသဖြင့် သက်သေထွက်ခွင့် မပြုထိုက်ပါဘူးဆိုတဲ့ သဘောမျိုးတွေ ပြောပါတယ်” ဟု ဦးဉာဏ်ဝင်း
က တရားခွင် လျှောက်လဲချက်များကို ရှင်းပြသည်။
ယခုကဲ့သို့ သက်သေထွက်ဆိုခွင့်အယူခံ ပြင်ဆင်ခွင့် တင်ရခြင်းမှာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၂၅၇ (၁) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရန်နှင့် အောက်ရုံးများက ပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက်ခဲ့ခြင်း မရှိသဖြင့် တင်ပြရခြင်းဖြစ်ကြောင်း လျှောက်ထားခဲ့သည်ဟု သိရသည်။
“တကယ်တမ်းက ဥပဒေနဲ့ မလျော်ညီလို့ ထပ်မံလျှောက်ထားတာကို အစိုးရဘက်က ဒီကိစ္စကို တလုံးမှ မပြောဘဲနဲ့ ပုဂ္ဂိုလ်ရေးကိစ္စတွေပဲ ပြောနေတယ်။ ဦးတင်ဦးကို ပြောတဲ့ (၁၀/ခ) ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တရားရုံးကို တင်ပြခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ (၁၄) ရက် (၅) လက အင်းစိန်တရားရုံးကို တရားစွဲတင်ခံရတယ်။ အဲဒီအချိန်ဟာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အကျယ်ချုပ်ခံထားရဆဲဖြစ်တဲ့အတွက် အကျယ်ချုပ်ခံထားရသူဟာ ရုံးရှေ့မရောက်နိုင်ဘူးဆိုတာ မမှန်ဘူးလို့ တင်ပြခဲ့ပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။
ဦးဝင်းတင် အင်တာဗျူးပေးခြင်းနှင့် စပ်လျဉ်း၍လည်း ၎င်း၏ တသီးပုဂ္ဂလပြောဆိုခွင့်ဖြစ်ကြောင်း၊ တရားရုံးအား အနှောင့်အယှက်ပြုနေသည်မဟုတ်ကြောင်း ပြန်လည်လျှောက်ထားခဲ့သည်ဟု ၎င်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ရှေ့နေများက သက်သေ (၄) ဦး တင်သွင်းခဲ့သော်လည်း အင်းစိန်တရားရုံးက သက်သေတဦးသာ ခွင့်ပြုခဲ့သည့်အတွက် အထက်တရားရုံးများသို့ တင်ပြရာ ရန်ကုန်တိုင်းတရားရုံးက နောက်သက်သေ ဒေါ်ခင်မိုးမိုးကို ထပ်မံခွင့်ပြုခဲ့သည်။
ကျန်သက်သေ (၂) ဦးဖြစ်သည့် ဦးတင်ဦးနှင့် ဦးဝင်းတင်တို့ကို ထွက်ဆိုခွင့်မပြုခဲ့ခြင်းကြောင့် ဗဟိုတရားရုံးသို့ ထပ်မံအယူခံဝင်ထားခြင်းဖြစ်သည်။
ယနေ့တရားခွင်တွင် အစိုးရရှေ့နေများ၏ပြောဆိုချက်နှင့်ပတ်သက်၍ ဦးဝင်းတင်က “ကျနော်က ကျနော့်အမြင် သဘောထား လွတ်လပ်စွာပြောတာပဲဗျာ။ ဒီလိုပြောတာဟာလည်း တရားရုံးရဲ့လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်ပြီး ဝေဖန်နေတာလည်း မဟုတ်ဘူး။ တခြားပါတီအရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ပြောတာတော့ ပြောရမှာပဲလေ။ အဲလိုပြောတာနဲ့ တရားရုံးမှာ သက်သေထွက်ခွင့်မပြုနိုင်တာနဲ့တော့ မဆိုင်ဘူးဗျ” ဟု သူ့သဘောထားကို ပြောဆိုသည်။
စောဘဦးကြီး၏မူ(၄)ရပ်
For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
ဒေါ်အောင်ဆန်းစုကြည်တရားခွင်ရွှေ့ဆိုင်းရဦးမည်
Thursday, June 25, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment