Karen Women Organization
P.O.19,Mae Sariang,Mae Hong Son,58110,Thailand,
ွှTel;66-53-681084,fax:66-53-621410
Email:kwocentral@tttmaxnet.com
ွှWebsite:karenwomen.orgကရင်အမျိုးသမီးအစည်းအရုံး (ကေဒဗလျူအို)ကိုယ်စားပြု အလံနှင့်နော်ဘလူးမင်းနိုက်ဇန်
ဓါတ်ပုံ-စောကျော်ခွိ
ဇွန် ၁၆ရက်။ ၂၀ဝ၉ခုနှစ်၊
နန်းဖော့ဂေ(ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဖားအံခရိုင်အတွင်း နအဖစစ်တပ်၏ ထိုးစစ်ဆင်မှုများကြောင့် ဒေသခံပြည်သူများမှာ
နေရပ်ကို ထပ်မံစွန့် လွှတ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ နေရသည့်အပေါ် တိုက်ပွဲများ ချက်ချင်းရပ်တန့် 
သွားရေး နိုင်ငံတကာမှ ပိုမို ဖိအားပေးလာစေရန်အတွက်ကရင်အမျိုးသမီးအစည်းအရုံး (ကေဒဗလျူအို)
က တောင်းဆိုလိုက်သည်။
၂၀ဝ၉ ခုနှစ်။ ဇွန်လ (၂)ရက်နေ့ မှစ၍ နအဖ စစ်တပ်၏ တပ်ရင်း (၅)ရင်းနှင့် တိုးတက်သောဗုဒ္ဓဘာသာ
ကရင်အမျိုးသားတပ်ဖွဲ့ (ဒီကေဘီအေ)မှ တပ်ရင်း (၃)ရင်းသည် လက်နက်ကြီးငယ်များဖြင့် ထိုင်းနယ်စပ်
်အနီးတဝိုက်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။ ထိုတိုက်ခိုက်မှုများကြောင့် ရွာပေါင်း ၂၀မှ ရွာသူရွာသား
၎ဝ၀ဝနီးပါးမှာ ထိုင်းနိုင်ငံဘက်ခြမ်းသို့  ထွက်ပြေးလာခဲ့ရပြီး အများစုမှာအမျိုးသမီးနှင့် ကလေးသူငယ်
များ ဖြစ်ကြသည်။
ထိုဒုက္ခသည် ရွာသူရွာသားများအနက် လူဦးရေ ၈၀ဝကျော်မှာ အသက်ဆယ့်သုံးနှစ်အောက် ကလေးငယ်
များဖြစ်ကြပြီး နို့ စို့ ကလေး အတော်များများနှင့် ကိုယ်ဝန်ဆောင်သည် အမျိုးသမီး ၂၀ကျော် ပါဝင်
လျှက်ရှိသည်။ ၄င်းအပြင် မိုးတွင်းရာသီဖြစ်နေသဖြင့် လူဦးရေများပြားလှသည့် ဒေသခံပြည်သူများ၏
ကျန်းမာရေးနှင့် ခိုလှုံနေထိုင်ရေးတို့ အတွက် ကေဒဗလျူအိုအနေနှင့် လွန်စွာမှစိုးရိမ်ပူပန်မိသည်။
“လူတွေဟာ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာနေကြတာ ခြေကုန်လက်ပမ်းကျကုန်ပြီ။ နှစ်ရက်သားကလေး
ငယ်ကို သယ်ပိုးပြေးလွှားခဲ့ရတဲ့ မိခင်တဦးရဲ့ရင်ဆိုင်ဖြတ်သန်းမှုကို တွေ့ ရတော့ ဝမ်းနည်းမိသလို
နအဖနဲ့  ဒီကေဘီအေတို့ ရဲ့  တိုက်ခိုက်မှုကိုလည်းဒေါသဖြစ်မိတယ်”ဟု ကေဒဗလျူအိုမှ ပြောရေးဆိုခွင့်
ရှိသူ နော်ဘလူးမင်းနိုက်ဇန်က ပြောသည်။
နအဖစစ်တပ်သည် ကရင်လူမျိုးအပေါ် အခါအားလျော်စွာ အတင်းအဓမ္မ အမြစ်ပြတ်ချေမှုန်းရေးကို တိုက်ခိုက်လျှက်ရှိသည်။ ဤကဲ့သို့  သံသရာလည်နေသည့် နေရပ်စွန့် ခွာမှုများနှင့် ရင်ဆိုင်ခံစား
နေရမှုများမှာ အဆုံးသတ်ရန် လိုအပ်နေပြီဖြစ်သည်။ကုလသမဂ္ဂလုံခြုံရေးကောင်စီ အပါအဝင် နိုင်ငံတကာ
အစိုးရများမှလည်း ကြားဝင်ဖြေရှင်းပေးရန်။ နအဖ. လက်ရှိထိုးစစ်ကို ချက်ချင်းရပ်တန့် ရေး ဖိအားပေးရန်၊
နအဖ၊ ဒီကေဘီအေတပ်များအနေဖြင့် ကရင်ကျေးလက်တောရွာများမှ ပြန်လည်ဆုတ်ခွာပေးရန်နှင့်
တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲပေးရန် ကေဒဗလျူအိုအနေဖြင့် အဆောတလျင် တောင်းဆိုလိုက်သည်။
၎င်းအပြင် မြန်မာပြည်ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေးအတွက် စစ်အုပ်စု။ အမျိုးသားဒီမိုကရေစီအဖွဲ့ 
ချုပ်နှင့် တိုင်းရင်းသားကိုယ်စားလှယ်များ ပါဝင်သည့် တွေ့ ဆုံဆွေးနွေးရေးကို ဦးတည်လုပ်ဆောင်
်ရမည်ဖြစ်သည်။ အလားတူ မြန်မာပြည်တွင်းမှ ထွက်ပြေးလာသည့် ဒုက္ခသည်များအား ကာကွယ်
စောင့်ရှောက်မှု ဆက်လက်လုပ်ဆောင်ပေးရန်နှင့်ဒုက္ခသည်စခန်းဖွင့်လှစ်ခွင့်ပေးပါရန် ထိုင်းအစိုးရအား
လှိုက်လှဲစွာ တောင်းဆိုအပ်ပါသည်။ ကေဒဗလျူအိုသည် ထိုင်းနယ်စပ်တလျှောက်ရှိ ကရင်ဒုက္ခသည်
်စခန်းများနှင့် ပြည်တွင်းမှ ဌာနေမဲ့ဒုက္ခသည်များအတွက် ဖွံ့ ဖြိုးရေး၊ကယ်ဆယ်ရေးလုပ်ငန်းများ
လုပ်ဆောင်ပေးနေသည့် လူမှုအခြေစိုက် ကရင်အမျိုးသမီးလုပ်ငန်းအဖွဲ့ တခုဖြစ်သည်။ ကေဒဗလျူအို
သည် ကရင်အမျိုးသမီးများအတွက် ပညာရေးနှင့်လူနေမှုဘဝမြင့်တင်ရေး၊ ဗဟုသုတကြွယ်ဝရေး၊ နိုင်ငံရေး၊ ခေါင်းဆောင်မှုနှင့်စွမ်းရည်မြှင့်တင်သွားရန် ရည်ရွယ်လုပ်ဆောင်ခဲ့သည်။
ဆက်သွယ်ရန်
နော်ဘလူးမင်းနိုက်ဇန် - ဝ၈ ဝ၁၁၉၀၄၂၂
နန်းဒါးအဲ့ကလယ် - ဝ၈ ၅၇၂၆၉၂၉၁
စောဘဦးကြီး၏မူ(၄)ရပ်
For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
နအဖစစ်တပ်၏ ထိုးစစ်ဆင်မှုအပေါ် ကရင်အမျိုးသမီးအစည်းအရုံး၏ ထုတ်ပြန်ကြေညာချက်
Tuesday, June 16, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment