စောဘဦးကြီး၏မူ(၄)ရပ်

For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

Archives

ဒီကေဘီအေ အခြေအနေနှင့် ပတ်သက်၍ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး. ထုတ်ပြန်ကြေငြာချက်

Tuesday, June 9, 2009

OFFICE OF THE SUPREME HEADQUARTERS
KAREN NATIONAL UNION
KAWTHOOLEI
ဒီကေဘီအေ အခြေအနေနှင့် ပတ်သက်၍
ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး. ထုတ်ပြန်ကြေငြာချက်

ရက်စွဲ - ဇွန်လ (၈)ရက်။ ၂၀ဝ၉ ခုနှစ်။
(၁) ဒီကေဘီအေ ဟု စတင်ပေါ်ထွန်းလာချိန်မှစ၍ ယခုအထိ အခြေအနေမှန်များကို
ပြန်ကြည့်လျင်စစ်အစိုးရမှဒီကေဘီအေကို ကရင်အချင်းချင်း ပြန်လည်တိုက်ခိုက်သတ်ဖြတ်မှုတွင်
အသုံးချခဲ့သဖြင့် ဒီကေဘီအေတပ်ဖွဲ့ ဝင်များကိုယ်တိုင်နှင့် သက်ဆိုင်ရာမိသားစုများ အလွန်တရာ
ထိခိုက်နစ်နာခဲ့ကြရသည်။

(၂) ဒီကေဘီအေ ခေါင်းဆောင်နှင့်နောက်လိုက် ဒီကေဘီအေအဖွဲ့ ဝင်များအကြား မတူညီသော
အခွင့်အရေးများ ပေးသဖြင့် ဒီကေဘီအေ အတွင်း ဝင်ငွေရှိသူနှင့် မရှိသူ။ အခွင့်အရေးရသူ
နှင့်မရသူ။ အမှန်တရားကို ထိမ်းသိမ်းသူနှင့်မိုက်မဲရမ်းကားသူများအကြားအမြင်။ အယူအဆ။
စာရိတ္တများ ကွဲပြားလာပြီး ဒီကေဘီအေအချင်းချင်းညီညွတ်မှုလည်း အားနည်းလာခဲ့ပေသည်၊
(၃) ဒီကေဘီအေ အနေဖြင့် အစဦးတွင် ကရင့်ယဉ်ကျေးမှုဆိုင်ရာအမွေအနှစ်များကို ဖော်ထုတ်နိုင်ခြင်း။ ကရင်ပြည်သူလူထုကို နအဖ တို. ဖိနှိပ်ရမ်းကားမှုများကို တစုံတရာအကာအကွယ်ပေးဘို
့ ကြီုးစားဆောင်ရွက်နိုင်ခြင်းများရှိခဲ့သည်မှန်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဒီကေဘီအေတပ်ဖွဲ
့အတွင်း ကရင်မဟုတ်သောတပ်ဖွဲ့ ဝင်များပိုများလာသည့်ဖြစ်စဉ်သည် ကရင့်အမျိုးသားများ
ပပျောက်ရေးနှင့် ဒီကေဘီအေ အသိုင်းအဝိုင်းတခုလုံးကိုနအဖ စစ်အာ၏တိုက်ရိုက်ထိန်းချုပ်မှုအောက်သို့ 
အလျှင်အမြန်သွပ်သွင်းနေကြောင်း ထင်ရှားသောအထောက်အထားတရပ်အဖြစ် တွေ့ ရှိနိုင်သည်၊
(၄) ၂၀၁၀ ရွေးကောက်ပွဲမှတဆင့် စစ်အာဏာရှင်စနစ် တရားဝင်ခိုင်မြဲရေးအတွက် ဒီကေဘီအေ
အပါအဝင် ငြိမ်းအဖွဲ့ များ။ အပစ်ရပ်အဖွဲ့ များကို ဖျက်သိမ်းပြီး ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ
နယ်ခြားစောင့်တပ်ဖွဲ့ များအဖြစ် နအဖက ပြောင်းလဲဖွဲ့ စည်းတော့မည်ဖြစ်ရာ ဒီကေဘီအေသည်လည်း ဖောင်စီးရင်းရေငတ်ဘဝမှ နအဖ. လှည့်ကွက်ပရောဂကြောင့် နအဖ၏ ကျွှန်သဘောက်ဘဝသို့ လုံးလုံးလျားလျား ကျရောက်သွားရတော့မည့် အခြေအနေသို့ ဆိုက်ရောက်နေပြီးဖြစ်သည်။
(၅) ယခုအခါတွင်ဝတပ်ဖွဲ့ UWSA။ ကိုးကန့် နှင့် SSAမြောက်ပိုင်း အပစ်ရပ်အဖွဲ့ များက
မိမိတို့  အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့်များ မဆုံးရှုံးရအောင် သက်ဆိုင်ရာ ဒေသခံပြည်သူများနှင့်
လက်တွဲ၍ သီးခြားရပ်တည်နိုင်ရေး နအဖ.ကျွှန်သဘောက်မဖြစ်ရေးအတွက် ရပ်တည်လုပ်
ဆောင်မှုများကို ဒီကေဘီအေအနေဖြင့် များစွာနမူနာယူသင့်သည်။
(၆) မည်သို့ ပင်ဖြစ်စေ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် ဒီကေဘီအေ
အဖွဲ့ ဝင်များနှင့် မိသားစုများ.လက်ရှိ အခြေအနေကို များစွာစိုးရိမ်ခြင်း ဖြစ်မိသည်နှင့်အညီ အခြေအနေ
တရပ်လုံးကို ပြန်လည်သုံးသပ်ပြီးကရင်အမျိုးမပျောက်ရေးနှင့် ကရင်တမျိုးသားလုံး ကရင့်တော်လှန်ရေး
အလံတော်အောက်တွင် တစုတစည်းတည်းစည်းလုံးညီညွတ်စွာ နေထိုင်နိုင်ရေး သက်ဆိုင်သူများမှ
ပါဝင်လှုပ်ရှားဆောင်ရွက်ကြရန် အလေးအနက်အားပေးတိုက်တွန်းအပ်ပေသည်။
(၇) ဒီကေဘီအေ အနေဖြင့် မိမိအဖွဲ့ အစည်း. ရည်မှန်းချက်နှင့် လက်ရှိဖြစ်ရှိနေသည့်
အခြေအနေမှန်များကို ပကတိအတိုင်း သုံးသပ်ပြီး ကရင်ပြည်သူအသံကို နားထောင်ကြ၍ ကရင်ပြည်
သူများ၏အကျိုးစီးပွားအတွက် ရပ်တည်ကြရန် အချိန်တော်ပြီးဟု ဆော်သြလိုက်သည်။

0 comments: