စောဘဦးကြီး၏မူ(၄)ရပ်

For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

Archives

နော်ခီးလာ၏ ဒုက္ခ

Thursday, June 11, 2009

Wednesday, 10 June 2009 20:21 သန်းထိုက်ဦး
မြန်မာစစ်အစိုးရနှင့် DKBA တပ်တို့၏ ထိုးစစ်များက အသက် ၃၅ နှစ်အရွယ် ကရင်အမျိုးသမီး နော်ခီးလာ၏ ရင်ထဲတွင် အမုန်းတရားများကို ပိုမိုဖန်တီးပေးခဲ့သည်။

“ကျမမိသားစုနဲ့ ကျမတို့တရွာလုံးထွက်ပြေးလာကြရတယ်၊ ရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်တယ်၊ မထွက်ပြေး လို့ ရှိရင်လည်း မြန်မာစစ်သားတွေက ကျမတို့ကို ပေါ်တာခေါ်မှာ ကြောက်လို့ ထွက်ပြေးလာကြရတယ်”ဟု နော်ခီးလာ က ဧရာဝတီသို့ ပြောသည်။

“မြန်မာအစိုးရတပ်သားတွေနဲ့ DKBA တပ်သားတွေကိုတွေ့ရင်ကြောက်လည်းကြောက်တယ်၊ အရမ်းလည်းမုန်း တယ်”ဟု ၎င်းက ဆက်ပြောသည်။

ဝါးမီးကလာ (Wa Mee Klar) ကျေးရွာမှ ထွက်ပြေးလာသည့် နော်ခီးလာသည် ဇွန်လဆန်းမှစတင်၍ မြန်မာစစ် အစိုးရတပ်နှင့်တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) ပူးပေါင်း တပ်များက ကရင်အမျိုးသား အစည်းအရုံး(KNU)လက်အောက်ခံ KNLA တပ်မဟာ(၇) တပ်စခန်းများကို ဆက်တိုက် ထိုးစစ်ဆင်ခဲ့သည့် အတွက် အသက်ဘေးမှ လွတ်မြောက်ရန် ထွက်ပြေးနေရသူ တဦးလည်း ဖြစ်သည်။

သူမသည် ဇွန်လ ၄ ရက်နေ့တွင် ထိုင်းနိုင်ငံရှိ နို့ဖိုး ဒုက္ခသည်စခန်းကို ရောက်လာခဲ့သည်။

ပြီးခဲ့သည့် နှစ်ပတ်အတွင်း နော်ခီးလာ ကဲ့သို့ ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသည့် ကရင်ဒုက္ခသည် စုစုပေါင်း ၆၀၀၀ခန့် ရှိကြောင်းသိရသည်။ အများစုမှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ကျေးရွာများမှဖြစ်ပြီး ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အတွင်းရှိ မဲ့သဝေါနှင့်မဲ့သလေမြို့နယ်များသို့ ထွက်ပြေးပုန်းရှောင်နေကြရသည်။

အဆိုပါ ထွက်ပြေးလာသူများထဲတွင် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီး အများစုပါဝင်သည်ဟု နော်ခီးလာက ပြောသည်။ ဇွန်လ ၇ ရက်နေ့က ထိုင်းနိုင်ငံရှိ ဘုန်းကြီးကျောင်းတွင် ထွက်ပြေးလာသူများထဲမှ ကိုယ်ဝန်ဆောင် အမျိုးသမီး တဦးကလေးမွေးဖွားခဲ့ကြောင်းလည်း ၎င်းက ဆက်လက် ပြောပြသည်။

ကရင်လူငယ်အစည်း အရုံး (KYO) ဥက္ကဌ စောလှထွန်းက ထွက်ပြေးလာသည့် ကရင်ဒုက္ခသည်တွေထဲက အမျိုး သမီးတချို့နှင့် ကလေးငယ်များသည် မိုးရေထဲတွင်ပင် ထွက်ပြေးတိမ်းရှောက်နေခဲ့ရပြီး လမ်းတလျှောက်တွင် အမိုးအကာ မရှိဘဲ တောထဲ၌ အိပ်ခဲ့ရသည်ဟု ပြောသည်။

“တချို့ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ ငှက်ဖျား ဖြစ်နေကြတယ်လို့လည်း ကြားရတယ်”ဟု စောလှထွန်းက ဆို သည်။

ကရင်ဒုက္ခသည်များ၏ စားသောက်နေထိုင်ရေးနှင့် ပတ်သက်၍ မိုးတွင်းကာလဖြစ်သည့်အတွက် ကျန်းမာရေး အခက်အခဲများနှင့်လည်း ရင်ဆိုင်ရဖွယ်ရှိကြောင်း သိရှိရသည်။

၎င်း ကရင်ဒုက္ခသည်များကို ကရင်ဒုက္ခသည်များ ကော်မတီ (KRC) နှင့် ထိုင်း-မြန်မာနယ်စပ် တလျှောက် ကူညီ စောင့်ရှောက်ရေးညွန့်ပေါင်းအသင်း ( TBBC ) တို့က ကူညီဆောင်ရွက်ပေးထားကြောင်းသိရသည်။

မြန်မာစစ်အစိုးရတပ်မ (၂၂) လက်အောက်ခံတပ်တချို့နှင့် DKBA (၉၉၉)တပ်ဖွဲ့ဝင်များသည် တပ်မဟာ(၇) ထိန်း ချုပ်နယ်မြေရှိ တပ်ရင်း ၆ ခုအနီးမှ တပ်စခန်းများကို လက်နက်ကြီးများဖြင့်သော်လည်းကောင်း၊ လူအင်အား စုစု ပေါင်း ၁၀၀၀ခန့် ဖြင့် ထိုးစစ်ဆင်ရန်ကြိုးစားနေကြောင်းလည်း သိရှိရသည်။

ယင်း နှစ်ဘက် တိုက်ပွဲများကြောင့် အကျအဆုံး မည်မျှရှိသည်ကိုမူ မသိရှိရသေးပေ။ သို့သော် ၎င်းတိုက်ပွဲများ ကြောင့် ထိုင်း-မြန်မာနယ်စပ်တွင်လည်း ထိုင်းစစ်တပ်မှ လုံခြုံရေးများ တင်းကျပ်ထားကြောင်းသိရှိရသည်။

KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က“KNU ကိုမြန်မာစစ်အစိုးရရဲ့ထိုးစစ်ဆင်မှုတွေကို ကြည့်ခြင်း အားဖြင့် တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့မလိုဘူးဆိုတဲ့သဘောထားက ပေါ်လွင်နေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဆက်လက်၍ မြန်မာစစ်အစိုးရက ကရင်တိုင်းရင်းသား အချင်းချင်းပြန်တိုက်ခိုက်အောင် အကွက်ဆင်ထားသည် မှာ ထင်ရှားကြောင်း DKBA တပ်ဖွဲ့ဝင်များကို မိုင်းရှင်းရာတွင်လည်းကောင်း တပ်ဦးမှလည်းကောင်း အသုံးပြုနေ ခြင်းသည် စစ်အစိုးရက လက်ကိုင်တုတ်အဖြစ် အသုံးပြုခြင်းဖြစ်ပြီး ယင်းသို့ မဖြစ်စေရန် ပြန်လည်စဉ်းစားသင့် ကြောင်း၎င်းက ဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံ၌ လက်ရှိ ကြုံတွေ့နေရသည့် နိုင်ငံရေးနှင့် စစ်ရေးပြဿနာများကို အမြန်ဆုံး ဖြေရှင်းရေး အတွက် ကုလသမဂ္ဂ အပါဝင် နိုင်ငံတကာနှင့် ဒေသတွင်း အိမ်နီးချင်း နိုင်ငံများက တညီတညွတ်တည်း စစ်အစိုး ရအား ဖိအားပေးရန် KNU က တနင်္လာနေ့က တောင်းဆိုခဲ့သည်။

အဆိုပါ တောင်းဆိုထားသည့် KNU ၏ ကြေညာချက်တွင် ၁၉၉၀ ခုနှစ် အနိုင်ရပါတီ၊ တိုင်းရင်းသား ခေါင်းဆောင် များနှင့် စစ်အစိုးရပါဝင်သော သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကိုလည်း အမြန်ဆုံးအကောင်အထည်ဖော် ဆောင် ရန် တိုက်တွန်း တောင်းဆိုထားခြင်းဖြစ်သည်။

ထို့အပြင် စစ်ပြေး ဒုက္ခသည်များအတွက် အရေးပေါ်အကူအညီများကို အမြန်ဆုံးထောက်ပံ့ပေးရန် နိုင်ငံတကာရှိ (NGO) များ ပြည်တွင်းပြည်ပရောက် ကရင်အမျိုးသားများနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် အဖွဲ့ အစည်းများကိုလည်း ၎င်း KNU အဖွဲ့က တောင်းဆိုကြောင်း ရေးသားထားသည်။

ကမ္ဘာ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ၀ီလျံ စပင်ဒ်လား(William Spindler) က “ဒုက္ခသည် ၂၀၀၀ မှ ၆၄၀၀ လောက် အတွက် ကျနော်တို့က ထိုင်းအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး တော့ အကောင်းဆုံးဖြစ် အောင် ဆောင်ရွက် နေပါတယ်”ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။

“အသစ်ရောက်လာတဲ့ ဒုက္ခသည်တွေက သူတို့ရွာနဲ့ အနီးဆုံးမှာ နေချင်ကြတယ်၊ အခြေအနေငြိမ်သက်သွားတာ နဲ့ တပြိုင်နက် သူတို့အိမ်ကိုပြန်ဖို့ဆန္ဒစောနေကြတယ်၊ အခုအချိန်ဟာ စပါးစိုက်ချိန်ဖြစ်သလို ကျွဲ၊ နွားတွေကို လည်း ရွာမှာ ဒီအတိုင်းထားခဲ့ကြရတယ်”ဟုလည်း ၀ီလျံ စပင်ဒ်လား က ဆိုသည်။

ကရင် ဒုက္ခသည် နော်ခီးလာ က မူ “တိုက်ပွဲဖြစ်တာတွေကို ကျမတို့ ခဏပြီး ခဏကြုံနေရတယ်၊ဒီလိုတိုက်ပွဲမျိုး တွေ ကိုမဖြစ်စေချင် ဘူး၊ ဖြစ်နိုင်ရင် ကိုယ့်ရွာမှာ အေးအေးဆေးဘဲ နေချင်တယ်”ဟု ဆိုသည်။

ဧရာဝတီမှ ဖေါ်ပြသည်။

0 comments: