ဝီရ / ၄ ဇွန် ၂၀၀၉
ကရင်နီပြည်တွင် အပစ်ရပ်အဖွဲ့များအနက် အင်အားအတောင့်တင်းဆုံး ဖြစ်သည့် ကရင်နီလူမျိုး
ပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) က စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး
နှင့် ရွေးကောက်ပွဲ ဝင်ရေး ကမ်းလှမ်းချက်အား လက်ခံလိုက်ပြီးသည့်နောက်အင်အားချည့်နဲ့သော
ကျန်အဖွဲ့ငယ်များကလည်း အလားတူ လိုက်လံဆောင်ရွက်ကြရန်သာ ရှိကြောင်း ကလလတအဖွဲ့ 
ခေါင်းဆောင်များနှင့် နီးစပ်သူတဦးက ပြောသည်။
“ဦးထွန်းကျော်က ကရင်နီအပစ်ရပ်အဖွဲ့တွေထဲမှာ သြဇာအရှိဆုံးပေါ့။ စီးပွားရေးအပိုင်းမှာလည်း အတောင့်တင်းဆုံးပဲ။ ဦးတေဇနဲ့ ဆက်စပ်ပြီး ဒီကရင်နီပြည်ထဲက အဖိုးတန် သယံဇာတတွေနဲ့ အခြေခိုင်နေတော့ သူ့ရှေ့ရေးကလည်း အဲဒီအပေါ်မှာ မူတည်နေတယ်။ နယ်ခြားစောင့်တပ်ပြောင်းဖို့ အလွယ်တကူပဲ လက်ခံခဲ့တယ်။ လွန်ခဲ့တဲ့မေလက သဘောတူညီမှု ရခဲ့တာပေါ့” ဟု ၎င်းက ပြောသည်။
ကရင်နီပြည်နယ်အတွင်း လှုပ်ရှားနေသော အပစ်ရပ်လက်နက်ချသည့် အဖွဲ့အားလုံး (၅) ဖွဲ့ ရှိသည်။ ထိုအဖွဲ့များမှာ ခန့်မှန်းအင်အား (၁,၆၀၀) ခန့် ရှိသော ဦးထွန်းကျော် ဦးဆောင်သည့် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး၊ လက်ရှိအင်အား (၆၀၀) ခန့်ရှိသော ဦးသန်းစိုးနိုင်နှင့် သန်းပလန်တို့ ဦးဆောင်သည့် ကယန်းပြည်သစ်ပါတီနှင့် အင်အား (၁၀၀) အောက်ရှိ အခြားအပစ်ရပ် အဖွဲ့ငယ် (၃) ဖွဲ့တို့ ဖြစ်သည်။
အင်အားကြီးအဖွဲ့ဖြစ်သည့် ကလလတ အဖွဲ့က နအဖ၏ ကမ်းလှမ်းချက်များကို လက်ခံလိုက်သဖြင့် အင်အားချည့်နဲ့ သော အဖွဲ့ငယ်လေးများကလည်း အလိုအလျောက် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် လက်ခံရမယ့် အနေအထား ရှိနေသည်ဟုလည်း ကရင်နီသတင်းအေဂျင်စီ ကန္တာရ၀တီတိုင်း(မ်)မှ အယ်ဒီတာတဦး ဖြစ်သူ ကိုစေးရယ်စိုးက ပြောသည်။
အဆိုပါ အဖွဲ့များမှာ ဒီမောဆိုမြို့နယ်၊ ဒေါတမကြီး၊ အမှတ် (၂) ခရိုင်၊ မောချီးဒေသ၊ ဘောလခဲအရှေ့
ဘက်ခြမ်း အခြေစိုက် ဗိုလ်လီးရယ် ဦးဆောင်သည့် နဂါးအဖွဲ့ (ကေအန်ဒီပီ) အဖွဲ့၊ အမှတ် (၃) ခရိုင် ဟို
ဟာအဖွဲ့ (ဦးဂိုရီ ဦးဆောင်) နှင့် အမှတ် (၂) ခရိုင် မောချီးဒေသ အခြေစိုက် ကရင်နီသွေးစည်းညီညွတ်ရေးအဖွဲ့(ကေအန်အက်စ်အို) တို့ဖြစ်သည်။
ကိုစေးရယ်စိုးက “ဒီအဖွဲ့ (၃) ဖွဲ့က အင်အားနည်းတာကြောင့်ရယ်၊ ပြီးတော့ နယ်မြေတွေကိုလည်း နအဖ
တို့က စီစဉ်ထားပေးပြီးသားဆိုတော့ နအဖ ကမ်းလှမ်းသလို လိုက်လုပ်ရမယ့် အနေအထားမှာပါ။ ဟိုဟာအဖွဲ့တို့ဆိုလို့ရှိရင် ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့အတွက် အဆင့်မရှိသလောက် ဖြစ်နေတယ်။ သူတို့အဖွဲ့တွေကို နအဖကလည်း ဖိအားပေးထားပြီးသားဆိုတော့လေ” ဟု ခေတ်ပြိုင်သို့ ပြောသည်။
နဂါးအဖွဲ့ ခေါ် ကရင်နီအမျိုးသားဒီမိုကရက်တစ်ပါတီ (ကေအန်ဒီပီ) သည် ပြီးခဲ့သည့် ၂ဝဝ၈ ခု စက်တင်
ဘာတွင် နအဖ စစ်အစိုးရ၏ လက်နက်သိမ်းဆည်းခြင်း ခံရသည့်အဖွဲ့ ဖြစ်သည်။
ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးက နအဖ၏ ကမ်းလှမ်းချက်ကို လက်ခံပြီး နယ်ခြားစောင့်တပ် ဖွဲ့စည်းလိုက်ခြင်းသည် အောက်ခြေအဆင့် အင်အားစုများကို ထိန်းသိမ်းသွားနိုင်ရန်
အတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့ဝင်တဦးက ပြောသည်။
သို့သော် ကယန်းပြည်သစ်ပါတီ (ကေအန်အယ်လ်ပီ) ကမူ နယ်ခြားစောင့်တပ် အသွင်ပြောင်းဖွဲ့စည်း
ရေးကို လက်မခံကြောင်း ကြေညာထားပြီး ပါတီအနေဖြင့် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်သော်လည်း အရပ်သားပါတီအဖြစ် ဝင်ပြိုင်ရန် အစီအစဉ်ရှိကြောင်း သိရသည်။
ကလလတ အဖွဲ့က နအဖ၏ ကမ်းလှမ်းချက်ကို လက်ခံလိုက်ခြင်းသည် ယင်းအဖွဲ့မှ ခေါင်းဆောင်အချို့က ၎င်းတို့ ကိုယ်ကျိုးစီးပွားအတွက် လက်ခံလိုက်ခြင်းဖြစ်ကြောင်း စွပ်စွဲမှုများရှိနေပြီး ခေါင်းဆောင်ဖြစ်သူ ဦးထွန်းကျော်သည် မြန်မာပြည်တွင်သာမက စင်ကာပူနှင့် ထိုင်းနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများနှင့် အိုးအိမ်များရှိကြောင်း မယ်ဟောင် ဆောင်နယ်စပ်မှ ကလလတ အဖွဲ့နှင့် နီးစပ်သူများက ပြောသည်။
စောဘဦးကြီး၏မူ(၄)ရပ်
For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
နယ်ခြားစောင့်တပ်ဖွဲ့ရန် အပစ်ရပ် ကရင်နီအဖွဲ့အများစု သဘောတူရန်ရှိ
Friday, June 5, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment