စောဘဦးကြီး၏မူ(၄)ရပ်

For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

Archives

KNU တပ်စခန်းများ ထပ်မံ ထိုးစစ်ဆင်ခံရဖွယ်ရှိ

Friday, June 26, 2009

Thursday, 25 June 2009 19:25 သန်းထိုက်ဦး

မြန်မာ စစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) ပူးပေါင်းတပ်များသည် ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ KNLA တပ်မဟာ (၆)ဌာနချုပ်မှ တပ်စခန်းများကို ထပ်မံ၍ ထိုးစစ်ဆင် တိုက်ခိုက်ရန် ရှိကြောင်း သိရှိရသည်။

ဇွန်လ ၂၁ ရက်နေ့တွင် အဆိုပါ ပူးပေါင်းတပ်များသည် KNU ၏ တပ်မဟာ (၇) ဌာနချုပ်မှ တပ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ၎င်းတို့၏ တပ်မဟာ (၆) ဌာနချုပ်ရှိ တပ်စခန်းများကို ထပ်မံ ထိုးစစ်ဆင်တိုက်ခိုက်ရန် သတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။

အဆိုပါ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၆) ဌာနချုပ်မှ တပ်စခန်းများကို တိုက်ခိုက်မှု နှင့် ပတ်သက်၍ DKBA တပ်ဖွဲ့များက အကျိုးစီးပွားရေးအတွက်သော်လည်းကောင်း၊ နယ်မြေ စိုးမိုး ရေး အတွက်သော်လည်းကောင်း သိမ်းပိုက်နိုင်ရေး ဆက်လက်ကြိုးစားသွားရန်ရှိသည်ဟုလည်း DKBA နှင့် နီးစပ်သူ ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။

“DKBA ၉၉၉ လုံးက နယ်ခြားစောင့်တပ်လုပ်ဖို့ လက်ခံလိုက်ပြီ၊နယ်ခြားစောင့်တပ်ဖွဲ့ လုပ်ဖို့အတွက် လက်မှတ် လည်းထိုးလိုက်ပြီး၊ လုပ်မယ်ဆိုတော့ သူတို့ နယ်စပ်မှာ ရှိတဲ့သူတွေ(KNLA)ကို ဒါ နယ်ခြားစောင့်တပ်ရဲ့တာဝန် တိုက်ရမယ်ဆိုတော့ တိုက်လိုက်တာဖြစ်တယ်”ဟု ဆိုသည်။

ယင်း KNU တပ်မဟာ (၆) နှင့် တပ်မဟာ (၇) ဌာနချုပ်များသည် ကရင်ပြည်နယ် ဘားအံ ခရိုင်တွင် လှုပ်ရှားနေ ပြီး အဓိက တပ်စခန်းများလည်းဖြစ်သည်။

KNLA တပ်မဟာ (၇) ဌာနချုပ် တပ်စခန်းများကို သိမ်းပိုက်ရန် ကြိုးစားပြီးနောက်ပိုင်း DKBA တပ်ဖွဲ့ဝင်များက ထိုဒေသများတွင် ရှိသော သစ်များကို ထိုင်းနိုင်ငံနှင့် ဆက်သွယ်ပြီး စီးပွားရေးလုပ်ရန်ရှိကြောင်းလည်း DKBA နှင်းနီးစပ်သူက ဆက်လက်ပြောဆိုသည်။

“သူတို့က ထိုင်းဘက်မှာပဲ ရောင်းမှာပေါ့၊ ဖောက်သည်တွေ အများကြီးရှိတာကိုး၊ အခုတိုက်ပွဲမှာတောင် ဒဏ်ရာရ တာတို့ တိုက်ပွဲဖြစ်တဲ့ နေရာကနေမြဝတီ၊ မြ၀တီကနေ မဲဆောက်အထိရောက်လာကြတာပဲ”ဟုလည်း သူက ပြော သည်။

တချိန်တည်းမှာပင် တိုက်ပွဲများသည် KNLA တပ်ဖွဲ့များနှင့် DKBA သိမ်းပိုက်ထားသည့် တပ်မဟာ (၇) ဌာနချုပ် အနီး နှင့် တောင်ငူမြို့အပါအ၀င် ညောင်လေးပင်၊ သထုံ၊ ဖာပွန်မြို့နယ်များတွင် ပြောက်ကျားတိုက်ပွဲ အငယ်များ ဆက်လက် ဖြစ်ပွားနေကြောင်း သိရသည်။

KNU ဒု ဥက္ကဌ စောဒေးဗစ်တာကပေါကမူ“ မြန်မာစစ်အစိုးရအနေနဲ့ အခုလို တိုက်ခိုက်နေခြင်းဟာ KNU လက်အောက်ခံ တပ်စခန်းများကို အပြုတ်ချေမှုန်းရေး ဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

မြန်မာစစ်အစိုးရက DKBA ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်အရ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲရန် ပြောကြားခဲ့ရာ DKBA က သဘောတူခဲ့သည်။
DKBA သည် မြန်မာစစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်တွင် အပစ်အခတ် ရပ်စဲရန် သဘောတူညီခဲ့သည့် အဖွဲ့တဖွဲ့ဖြစ် သည်။

မြန်မာစစ်အစိုးရသည် အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ကိုနယ်ခြား စောင့်တပ်အဖြစ် အသွင်ပြောင်းလဲရန် မကြာသေးခင်က ညွှန်ကြားခဲ့သည်။

ဇွန်လဆန်းမှ စတင်၍ မြန်မာစစ်အစိုးရတပ်နှင့် DKBA ပူးပေါင်းတပ်များသည် KNLA တပ်မဟာ (၇) ဌာနချုပ်မှ တပ်စခန်းများကိုဆက်တိုက်ထိုးစစ်ဆင်ခဲ့ရာ ကရင်ရွာသားပေါင်း ၄၀၀၀ ကျော် စစ်ပြေး ဒုက္ခသည် အဖြစ် ထိုင်း နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

0 comments: