စောဘဦးကြီး၏မူ(၄)ရပ်
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
ဒေါ်အောင်ဆန်းစုကြည်ထိုကဲ့သို့မပြောခဲ့ပါ
Friday, November 26, 2010Posted by (လင်္ကာဒီပ) at 4:30 AM 0 comments
Labels: article
ဒုက္ခသည်များကူညီစောင့်ရှောက်ရေး ရံပုံငွေရှာပွဲ
Saturday, June 27, 2009ဇွန် ၂၇၊၂၀၀၉
သတင်း၊ဓါတ်ပုံ-စောကျော်ခွိ
ဒေါက်တာဂျိုးနှင့်သူဇနီးဇနီးရှယ်လီ
စစ်ပြေး IDP ဒုက္ခသည်များကူညီစောင့်ရှောက်ရေး ရံပုံငွေရှာပွဲတခုကို သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ 
ဂရမ်းဗေးYouth and Community Recreation Centre တွင် (၂၇.၀၆.၀၉)ရက်နေ့ က ဒေါက်တာ
ဂျိုး(နယ်ခြားမဲ့ဆရာဝန်)နှင့်ဆရာဝန်များက ကမကထပြုကျင်းပခဲ့ပါသည်။
ဒုက္ခသည် IDP များအတွက် အဝတ်အထည်ချုပ် အသေးစား အပ်ချုပ်စက်ရုံကို မဲဆောက်တွင် ဖွင့်လှစ်
ထားရှိပြီး ပုံမှန်လည်ပတ်နေနိုင်ရန်နှင့်လှုပ်ရှားမှုပြုနိုင်ရန် ထိုရံပုံငွေရှာပွဲကို ကျင်းပရခြင်းဖြစ်သည်။
ရင်သွေးငယ်များက ကရင့်ရိုးရာ ဒုံးအကနှင့်၎င်း၊ မုံရွှေရည် အကပဒေသာနှင့်၎င်း ဖျော်ဖြေတင်ဆက်
ခဲ့ကြပါသည်။
Hallခန်း အခက်အခဲဖြစ်၍ ရရှိသောနေရာသစ်သို့  ပြောင်းရွှေ့ ပြီး ထိုရံပုံငွေရှာပွဲကို ကျင်းပခဲ့ရာ
အခက်အခဲကြားမှ ပရိတ်သတ်(၄၀)ကျော် လာရောက်အားပေးခဲ့ကြပါသည်။ ဟင်းသီးဟင်းရွက်၊
အချိုပွဲ၊ ငါးပိထောင်းနှင့်အခြား အမှတ်တရပစ္စည်းများရောင်းချမှုပြုပြီး ရံပုံငွေရှာခဲ့ကြပါသည်။
မနက်(၁၀)နာရီမှ နေ့ လည်(၂)နာရီအထိ အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။
Posted by (လင်္ကာဒီပ) at 6:58 PM 1 comments
Labels: news
ဒီကေဘီအေ (၉၉၉) တပ်ရင်းမှူး ချုံခိုတိုက်ခိုက်ခံရသဖြင့် သေဆုံး
Friday, June 26, 2009NEJ / ၂၆ ဇွန် ၂၀၀၉တိုးတက်သော ကရင်ဗုဒ္ဓဘာသာအဖွဲ့ (ဒီကေဘီအေ) ၉၉၉ တပ်ရင်း (၇) မှ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး အဆင့်ရှိသူ စောစံပြုံး (ခေါ်) ဗိုလ်ဆန်ပြုတ်နှင့်အဖွဲ့ကို အမည်မသိအဖွဲ့တဖွဲ့က ယနေ့နံနက်၌ ချုံခိုတိုက်ခိုက်ရာ ၎င်း၏ရဲဘော်များနှင့်အတူ သောင်ရင်းမြစ်အတွင်း သေဆုံးသွားသည်။
ယနေ့နံနက်ပိုင်းက ဗိုလ်ဆန်ပြုတ်နှင့်အဖွဲ့သည် တပ်မဟာ (၇) ဒေသအား ထိုးစစ်ဆင်အပြီး ၉၉၉ အထူးတပ်ရင်းတည်ရှိရာ မြဝတီခရိုင် ရွှေကုက္ကိုရွာသို့ တပ်မဟာ (၇) ဒေသမှတဆင့် စက်လှေဖြင့် သောင်ရင်းမြစ်အတိုင်း ဆန်တက်ရာ မယ်တန်နှင့် မယ်လအကြားရှိ မောင်ကလာဝဲဟုခေါ်သည့် နေရာအရောက် တွင် မြန်မာနိုင်ငံဘက်အခြမ်းမှ အမည်မသိ လက်နက်ကိုင်အဖွဲ့ တဖွဲ့၏ ချုံခိုတိုက်ခိုက်မှုကြောင့် ဗိုလ်ဆန်ပြုတ် အပါအဝင် တပ်ဖွဲ့ဝင် (၁၀) ဦး သေဆုံးသွားသည်ဟု မျက်မြင်သက်သေ တဦးက ပြောသည်။
သေဆုံးသူများ၏ ဈာပနကို ရွှေကုက္ကိုရှိ ၉၉၉ အထူးတပ်ရင်းတွင် စစ်အခမ်းအနားဖြင့် ပြုလုပ်မည်ဖြစ်ပြီး သေဆုံးသူများအတွက် မဲဆောက်မြို့မှ ဝယ်ယူသွားသည့် အခေါင်း (၁၀) လုံးဖြင့် ပြင်ဆင်ထားသည်ဟု ဒီကေဘီအေ အရာရှိတဦးက ပြောသည်။
ယခုသေဆုံးသွားသူ ဗိုလ်ဆန်ပြုတ်သည် ၂၀၀၈ ခု ဖေဖော်ဝါရီလက မဲဆောက်မြို့တွင် လုပ်ကြံခံရသည့် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလားဖန်းအား လုပ်ကြံခဲ့ရာတွင် အဓိကဦးဆောင်သူဟု ကရင်အမျိုးသားထုအတွင်း သင်္ကာမကင်းခံရသူဖြစ်သည်။
ဗိုလ်ဆန်ပြုတ်နှင့်အဖွဲ့ တိုက်ခိုက်ခံရသည့်ဒေသမှာ ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့် နအဖတပ်များ လှုပ်ရှားသည့်နေရာဖြစ်သည့်အတွက် မည်သူမည်ဝါ၏လက်ချက်ဟု ပြောရန်ခက်ကြောင်း ဒေသခံ များက ပြောသည်။
တိုက်ခိုက်ခံရသည့် ဗိုလ်ဆန်ပြုတ်အဖွဲ့မှ ဒဏ်ရာအပြင်းအထန်ရရှိသည့် တပ်ဖွဲ့ဝင် (၈) ဦးကို ယနေ့ညနေပိုင်းတွင် မဲဆောက်ဆေးရုံသို့ ပို့ဆောင်ကုသရာ ဆေးရုံတွင် (၁) ဦး ထပ်မံသေဆုံးသွားသည်ဟု မျက်မြင်သက်သေတဦးက ပြောသည်။
ယခုလဆန်း (၂) ရက်နေ့မှစ၍ တပ်မဟာ (၇) ဒေသတွင် ဖြစ်ပွားသည့်တိုက်ပွဲများသည် ကရင်အဖွဲ့များအချင်းချင်း ဖြစ်ပွားသည့် တိုက်ပွဲသာဖြစ်ပြီး မိမိတို့အနေဖြင့် တစုံတရာပါဝင်ပတ်သက်မှုမရှိကြောင်း နအဖက ပြောကြားခဲ့သော် လည်း ဒီကေဘီအေတပ်ဖွဲ့ဝင်များကမူ ဤထိုးစစ်အား နအဖတပ်နှင့် ပူးတွဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု ပြောသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) ဘားအံခရိုင်ဒေသကို နအဖနှင့်ဒီကေဘီအေ ပူးပေါင်းအဖွဲ့က ယခုလဆန်း (၂) ရက်နေ့မှစတင် ထိုးစစ်ဆင်ရာတွင် ဗိုလ်ဆန်ပြုတ်သည် ဒီကေဘီအေတပ်ဖွဲ့ကို အဓိကဦးဆောင်ပြီး တိုက်ခိုက်ခဲ့သူဖြစ်သည်။
Posted by (လင်္ကာဒီပ) at 3:21 PM 0 comments
Labels: news
KNU တပ်စခန်းများ ထပ်မံ ထိုးစစ်ဆင်ခံရဖွယ်ရှိ
Thursday, 25 June 2009 19:25 သန်းထိုက်ဦး
မြန်မာ စစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) ပူးပေါင်းတပ်များသည် ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ KNLA တပ်မဟာ (၆)ဌာနချုပ်မှ တပ်စခန်းများကို ထပ်မံ၍ ထိုးစစ်ဆင် တိုက်ခိုက်ရန် ရှိကြောင်း သိရှိရသည်။
ဇွန်လ ၂၁ ရက်နေ့တွင် အဆိုပါ ပူးပေါင်းတပ်များသည် KNU ၏ တပ်မဟာ (၇) ဌာနချုပ်မှ တပ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ၎င်းတို့၏ တပ်မဟာ (၆) ဌာနချုပ်ရှိ တပ်စခန်းများကို ထပ်မံ ထိုးစစ်ဆင်တိုက်ခိုက်ရန် သတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။
အဆိုပါ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၆) ဌာနချုပ်မှ တပ်စခန်းများကို တိုက်ခိုက်မှု နှင့် ပတ်သက်၍ DKBA တပ်ဖွဲ့များက အကျိုးစီးပွားရေးအတွက်သော်လည်းကောင်း၊ နယ်မြေ စိုးမိုး ရေး အတွက်သော်လည်းကောင်း သိမ်းပိုက်နိုင်ရေး ဆက်လက်ကြိုးစားသွားရန်ရှိသည်ဟုလည်း DKBA နှင့် နီးစပ်သူ ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။
“DKBA ၉၉၉ လုံးက နယ်ခြားစောင့်တပ်လုပ်ဖို့ လက်ခံလိုက်ပြီ၊နယ်ခြားစောင့်တပ်ဖွဲ့ လုပ်ဖို့အတွက် လက်မှတ် လည်းထိုးလိုက်ပြီး၊ လုပ်မယ်ဆိုတော့ သူတို့ နယ်စပ်မှာ ရှိတဲ့သူတွေ(KNLA)ကို ဒါ နယ်ခြားစောင့်တပ်ရဲ့တာဝန် တိုက်ရမယ်ဆိုတော့ တိုက်လိုက်တာဖြစ်တယ်”ဟု ဆိုသည်။
ယင်း KNU တပ်မဟာ (၆) နှင့် တပ်မဟာ (၇) ဌာနချုပ်များသည် ကရင်ပြည်နယ် ဘားအံ ခရိုင်တွင် လှုပ်ရှားနေ ပြီး အဓိက တပ်စခန်းများလည်းဖြစ်သည်။
KNLA တပ်မဟာ (၇) ဌာနချုပ် တပ်စခန်းများကို သိမ်းပိုက်ရန် ကြိုးစားပြီးနောက်ပိုင်း DKBA တပ်ဖွဲ့ဝင်များက ထိုဒေသများတွင် ရှိသော သစ်များကို ထိုင်းနိုင်ငံနှင့် ဆက်သွယ်ပြီး စီးပွားရေးလုပ်ရန်ရှိကြောင်းလည်း DKBA နှင်းနီးစပ်သူက ဆက်လက်ပြောဆိုသည်။
“သူတို့က ထိုင်းဘက်မှာပဲ ရောင်းမှာပေါ့၊ ဖောက်သည်တွေ အများကြီးရှိတာကိုး၊ အခုတိုက်ပွဲမှာတောင် ဒဏ်ရာရ တာတို့ တိုက်ပွဲဖြစ်တဲ့ နေရာကနေမြဝတီ၊ မြ၀တီကနေ မဲဆောက်အထိရောက်လာကြတာပဲ”ဟုလည်း သူက ပြော သည်။
တချိန်တည်းမှာပင် တိုက်ပွဲများသည် KNLA တပ်ဖွဲ့များနှင့် DKBA သိမ်းပိုက်ထားသည့် တပ်မဟာ (၇) ဌာနချုပ် အနီး နှင့် တောင်ငူမြို့အပါအ၀င် ညောင်လေးပင်၊ သထုံ၊ ဖာပွန်မြို့နယ်များတွင် ပြောက်ကျားတိုက်ပွဲ အငယ်များ ဆက်လက် ဖြစ်ပွားနေကြောင်း သိရသည်။
KNU ဒု ဥက္ကဌ စောဒေးဗစ်တာကပေါကမူ“ မြန်မာစစ်အစိုးရအနေနဲ့ အခုလို တိုက်ခိုက်နေခြင်းဟာ KNU လက်အောက်ခံ တပ်စခန်းများကို အပြုတ်ချေမှုန်းရေး ဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာစစ်အစိုးရက DKBA ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်အရ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲရန် ပြောကြားခဲ့ရာ DKBA က သဘောတူခဲ့သည်။
DKBA သည် မြန်မာစစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်တွင် အပစ်အခတ် ရပ်စဲရန် သဘောတူညီခဲ့သည့် အဖွဲ့တဖွဲ့ဖြစ် သည်။
မြန်မာစစ်အစိုးရသည် အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ကိုနယ်ခြား စောင့်တပ်အဖြစ် အသွင်ပြောင်းလဲရန် မကြာသေးခင်က ညွှန်ကြားခဲ့သည်။
ဇွန်လဆန်းမှ စတင်၍ မြန်မာစစ်အစိုးရတပ်နှင့် DKBA ပူးပေါင်းတပ်များသည် KNLA တပ်မဟာ (၇) ဌာနချုပ်မှ တပ်စခန်းများကိုဆက်တိုက်ထိုးစစ်ဆင်ခဲ့ရာ ကရင်ရွာသားပေါင်း ၄၀၀၀ ကျော် စစ်ပြေး ဒုက္ခသည် အဖြစ် ထိုင်း နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
Posted by (လင်္ကာဒီပ) at 2:05 AM 0 comments
Labels: news
တိုင်းပြည်အကျိုးမျှော် ဒေါ်အောင်ဆန်းစုကြည် အသက်ရာကျော် ရှည်စေသော်
NEJ / ၁၈ ဇွန် ၂၀၀၉
ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သူပြည်သားအားလုံး မဆလ တပါတီအာဏာရှင်စနစ်ကို အမြစ်ပါမကျန် တွန်းလှန်ဖြိုဖျက်ရန် ကြိုးပမ်းနေချိန် ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကာလအတွင်း မြန်မာ့နိုင်ငံရေးလောကသို့ အချိန်ကိုက် ၀င်ရောက်လာသည့် နိုင်ငံရေးခေါင်းဆောင်ဖြစ်သည်။
ရှစ်လေးလုံးအရေးတော်ပုံ ဖြစ်ပွားနေချိန် ၁၉၈၈ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှလုံးရောဂါကုသဆောင်ရှေ့ရှိ စာပေအနုပညာရှင်များ၏ တရားဟောစင်မြင့်ပေါ်၌ ဗွေဆော်ဦးမိန့်ခွန်း မြွက်ကြားခြင်း ဖြင့် မြန်မာ့နိုင်ငံရေးလောကသို့ စတင်ခြေချခဲ့သူဖြစ်သည်။ ထိုနေ့က သူမ၏ မိန့်ခွန်းတွင် “စည်းကမ်းရှိ ညီညွတ်ပြီး အမှန်တရားနဲ့ ကိုက်ညီတဲ့ အင်အားမျိုးကို ကျမတို့ ထူထောင်ရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ထိုမှ နောက်တနေ့ ၁၉၈၈ ခုနှစ် သြဂုတ်လ (၂၆) ရက်နေ့တွင် ရွှေတိဂုံဘုရား အနောက်ဘက်မုခ်ရင်ပြင်၌ ကျင်းပသည့် (လူထုပရိသတ် သိန်းချီတက်ရောက်သည့်) လူထုအစည်းအဝေးပွဲကြီးသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။ ထိုလူထုအစည်းအဝေးကြီးတွင် ဒေါ်အောင်ဆန်းစုကြည်က “ကျမဖေဖေ ထူထောင်ခဲ့တဲ့ တပ်မတော်ဟာ ကျမတို့ပြည်သူလူထုဘက်က မားမားမတ်မတ် ရပ်တည်တဲ့ ပြည်သူ့တပ်မတော်အဖြစ် ကျမ မြင်ချင်ပါတယ်။ တပ်မတော်ဆိုတာ ပြည်သူလူထုကို စိတ်နဲ့တောင် မပြစ်မှားရပါဘူး” ဟု ထည့်သွင်း ပြောကြားခဲ့သည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည် မျှော်မှန်းသော သူမ၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့သည့် တပ်မတော်သည် ၁၉၆၂ ခုနှစ် မတ်လ (၂) ရက်မှ ယနေ့အထိတိုင် စစ်အာဏာရှင်အဆက်ဆက်၏ ကြိုးဆွဲရာ ကရသည့် ရုပ်သေးတပ်မတော်ဖြစ်ခဲ့ရပြီး ပြည်သူ့တပ်မတော်ဟူသည့် ဂုဏ်ပုဒ်နှင့် တဖြည်းဖြည်း ဝေးကွားခဲ့ရသည်ကို စိတ်မချမ်းမြေ့ဖွယ်ရာ မြင်တွေ့ရပေသည်။
စစ်အာဏာရှင် ဗိုလ်နေ၀င်းလက်ထက် (၂၆) နှစ်အတွင်း ဖြစ်ပွားခဲ့သည့် အရေးအခင်းအဆက်ဆက်တွင် တပ်မတော်ကို လိုရာကြိုးကိုင်၍ ကျောင်းသားပြည်သူများကို ပစ်ခတ်သတ်ဖြတ် နှိမ်နင်းခဲ့သလို ၁၉၈၈ ခုနှစ် န၀တ စစ်အုပ်စု အာဏာသိမ်းချိန်မှ ယနေ့အထိလည်း လက်တဆုပ်စာ စစ်အုပ်စုက တပ်မတော်ကို ခါးပိုက်ဆောင်တပ် အသွင် ခုတုံးလုပ်အသုံးချပြီး အာဏာရှင်စနစ်ကို ဆက်လက်ဆန့်ကျင်သည့် ရဟန်းရှင်လူ ကျောင်းသားပြည်သူ အပေါင်းအား ရက်ရက်စက်စက် သတ်ဖြတ်နှိမ်နင်းခဲ့၊ နှိမ်နင်းဆဲဖြစ်သည်ကို တွေ့ရမည် ဖြစ်ပေသည်။
ထို့အပြင် တပ်မတော်ကို ကုပ်ခွစီးထားသည့် န၀တ/နအဖ စစ်အုပ်စုသည် မြန်မာပြည် ဒီမိုကရေစီရရှိရေးအတွက် လူထုဘက်က မားမားမတ်မတ် ရပ်တည်၍ ဦးဆောင်တိုက်ပွဲဝင်နေသည့် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေအိမ်အကျယ်ချုပ် အကြိမ်ကြိမ်ချကာ ဖမ်းဆီးချုပ်နှောင်မှုများ ပြုလုပ်ခဲ့ပေသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ ခုနှစ် ဇူလိုင်လ (၂၀) ရက်မှ ၁၉၉၅ ခုနှစ် ဇူလိုင်လ (၁၀) ရက်အထိ တကြိမ်၊ ၂၀၀၀ ပြည့်နှစ် စက်တင်ဘာလ (၂၃) ရက်မှ ၂၀၀၂ ခုနှစ် မေလ (၆) ရက်အထိ တကြိမ်နှင့် ၂၀၀၃ ခုနှစ် မေလ (၃၀) ရက်မှ ယနေ့အထိတိုင်လည်း စစ်အုပ်စု၏ မတရားဖမ်းဆီး ထိန်းသိမ်းချုပ်နှောင်မှုကို ခံနေရဆဲဖြစ်သည်။
စစ်အုပ်စုအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား အချုပ်အနှောင်မှ မလွှတ်ရဲဘဲ ဆက်လက် ဖမ်းဆီးထိန်းသိမ်း ထားခြင်းသည် နိုင်ငံတကာနှင့် လူထုထောက်ခံမှု တနေ့ထက်တနေ့ ပိုမိုရရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်ကို လူထုနှင့် အဆက်ဖြတ်ရန် ကြံစည်လုပ်ဆောင်ခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်၊ နိုင်ငံရေးယုံကြည်ချက်၊ စိတ်ဓာတ်၊ ခံနိုင်ရည်စွမ်းအားတို့ မှေးမှိန်ကျဆင်း ပျောက်ကွယ်သွားစေရန် ကြိုးစားအားထုတ်ခြင်းဟုဆိုလျှင် မှားမည်မဟုတ်ပေ။
သို့သော် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျနေစဉ်မှာပင် သူမထူထောင်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ၁၉၉၀ ပြည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် (၈၂) ရာခိုင်နှုန်းကျော်ဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့၏။ အဆိုပါ ၁၉၉၀ ပြည့် အောင်ပွဲရလဒ်သည် ဒေါ်အောင်ဆန်းစုကြည်လှိုင်းလုံး တတိုင်းတပြည်လုံးသို့ ရိုက်ခတ်ခဲ့သည်ကို ပြဆိုခြင်းဖြစ်ပြီး တနည်းအားဖြင့် သူမ၏ အရှိန်အ၀ါ ကြီးမားမှုကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရခြင်း ဖြစ်ပေသည်။
၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ပဲရစ်ဒေကွေးလျားက ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန်တောင်းဆိုသည်ကို စစ်အုပ်စုက “သူမအနေဖြင့် ခင်ပွန်းသည်၊ ကလေးများနှင့် အတူတူနေထိုင်ရန် ဆန္ဒရှိလျှင် လူသားချင်း စာနာထောက်ထားသောအားဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာခွင့်ပြုမည်” ဟု တုံ့ပြန်ခဲ့သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်က စစ်အုပ်စု၏ ကမ်းလှမ်းချက်ကို ငြင်းပယ်ကာ သူမ၏ ခင်ပွန်းသည် ကွယ်လွန်ချိန်၌ပင် အင်္ဂလန်သို့ မသွားဘဲ ဒီမိုကရေစီတိုက်ပွဲအပေါ် သစ္စာစောင့်သိမှုကို အထင်အရှား ပြသခဲ့သည်။
၁၉၉၁ ခုနှစ် အောက်တိုဘာလ (၁၄) ရက်နေ့တွင် နော်ဝေနိုင်ငံ နိုဘယ်လ်ဆုရွေးချယ်ရေးအဖွဲ့မှ ပထမအကြိမ် အကျယ်ချုပ်ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်အား နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခဲ့လေသည်။ ဒေါ်အောင်ဆန်းစုကြည်အား နိုဘယ်လ်ဆုပေးအပ်ချီးမြှင့်ခြင်းနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် တဦးဖြစ်သည့် ချက်သမ္မတဟောင်း ဗားကလပ်ဟာဗဲလ်က “လွတ်လပ်မှုနှင့် လူ့ဂုဏ်သိက္ခာအတွက် စစ်အာဏာရှင် စနစ်အား ဆန့်ကျင်သည့် သူမ၏ တိုက်ပွဲကို ယခုအခါ အပြည်ပြည်ဆိုင်ရာက အသိအမှတ်ပြုလိုက်ခြင်းပင် ဖြစ်သည်” ဟု သူ၏ အမြင်သဘောထားကို ဒေါ်အောင်ဆန်းစုကြည်၏ ‘Freedom from Fear’ စာအုပ်အမှာစာတွင် ရေးသားခဲ့လေသည်။
ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်မှ ပြန်လွှတ်ချိန် အခိုက်အတန့်များတွင်လည်း ပြည်သူလူထုကြီးက ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီးသွားလေရာ၌ တခဲနက်လိုက်ပါ ထောက်ခံအားပေးသည်ကို တွေ့ရသည့်အတွက် စစ်အုပ်စုက အကြီးအကျယ် စိုးရိမ်ထိတ်လန့်ပြီး ဒီပဲယင်းအရေးအခင်းကို ဖန်တီးကာ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံဖို့ ကြိုးစားခဲ့လေသည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည် နောက်တွင်ရှိသည့် လူထုအင်အားကို စစ်အုပ်စု အကြီးအကျယ် ကြောက်ရွံ့နေမှန်း သိသာထင်ရှားလေသည်။ ထို့ကြောင့်လည်း ယနေ့အချိန်တွင် ယက်တောအမှုကို လုပ်ကြံဖန်တီးကာ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ဖမ်းဆီးချုပ်နှောင်ဖို့ စစ်အုပ်စု ကလိန်ဉာဏ်ဆင်နေခြင်းဖြစ်၏။
သို့သော် စစ်အုပ်စုက သူမအပေါ် မည်သို့ ကောက်ကျစ်ကောက်ကျစ်၊ မည်သို့ အပုပ်ချ ပြောဆိုရေးသား ၀ါဒဖြန့်စေ ကာမူ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ငြိုငြင်စိတ်လုံးဝမထားဘဲ မြန်မာပြည် အမျိုးသားပြည်လည်သင့်မြတ်ရေး အတွက် စစ်အုပ်စုနှင့် တွေ့ဆုံဆွေးနွေးရန် အကြိမ်ကြိမ် ကမ်းလှမ်းခဲ့သည်။ ပြည်သူလူထုကို သွေးထွက်သံယို မဖြစ်စေဘဲ ငြိမ်းချမ်းသောနည်းဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရန် စိတ်ရှည်သည်းခံစွာဖြင့် စောင့်ဆိုင်းခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာ့ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတိုက်ပွဲတလျှောက် ဘ၀ကို ပေးဆပ်မြှုပ်နှံမှု၊ လူထုနှင့် တသားတည်းရှိမှု၊ ဦးဆောင်စည်းရုံးနိုင်မှု၊ တိုက်ပွဲအပေါ် သစ္စာစောင့်သိမှု၊ ယုံကြည်ချက် ရပ်တည်ချက် ခိုင်မာမှု၊ အမြော်အမြင်ကြီးမှုတို့ကြောင့် ယခင်က ဒေါ်အောင်ဆန်းစုကြည်အား လူထုခေါင်းဆောင်အဖြစ် အသိအမှတ်ပြုရန် ၀န်လေးသူများပင် ယနေ့အချိန်အခါ၌ မြန်မာတနိုင်ငံလုံး၏ အရေးကိစ္စ ပြဿနာအ၀၀ကို ဦးဆောင်ဖြေရှင်းပေးနိုင် မည့် လူထုခေါင်းဆောင်အဖြစ် တညီတညွတ်တည်း လက်ခံယုံကြည်လာကြသည်ကို တွေ့ရပေသည်။ ဤသည်မှာ ရေရှည်တိုက်ပွဲအတွင်း အစမ်းသပ်ခံရင်း ထွက်ပေါ်လာသည့် အဖိုးမဖြတ်နိုင်သည့် ဆုလာဘ်ကြီးတခုကို မြန်မာပြည်သူလူထု ပိုင်ဆိုင်လိုက်ရခြင်းပင် ဖြစ်သည်။
ထိုသို့ ပေါ်တောင့်ပေါ်ခဲ၊ တိုင်းရင်းသားပြည်သူလူထုတရပ်လုံးက ယုံကြည်ကိုးစားသည့် လူထုခေါင်းဆောင်တဦး သက်ရှိထင်ရှားရှိနေဆဲ အချိန်အခိုက်အတန့်အတွင်း သူမအနေဖြင့် မြန်မာပြည် ငြိမ်းချမ်းသာယာဝပြောသည်အထိ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များတွင် ဦးဆောင်ပါဝင်နိုင်ဖို့ မျှော်လင့်တောင့်တမိပေသည်။ တနည်း အားဖြင့်ဆိုရလျှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သူ တရပ်လုံး၏ မျှော်လင့်အားထားရာ ဖြစ်သည့် အားလျော်စွာ အသက်ရှည်ကျန်းမာစွာဖြင့် တိုင်းပြည်အကျိုး သယ်ပိုးနိုင်စေရေးအတွက် သူမ၏ (၆၄) နှစ်မြောက် မွေးနေ့အခါသမယတွင် “တိုင်းပြည်အကျိုးမျှော် ဒေါ်အောင်ဆန်းစုကြည် အသက်ရာကျော် ရှည်စေသော်ဝ်” ဟု ခေတ်ပြိုင်က ဆုတောင်းပတ္ထနာ ပြုလိုက်ရပါကြောင်း …။
Posted by (လင်္ကာဒီပ) at 1:09 AM 0 comments
Labels: article
မြန်မာနိုင်ငံနဲ့  လူမျိုးတစ်ရပ်လုံးအပေါ်မှာ စော်ကားခဲ့တဲ့ မြောက်ကိုးရီးယား၏ လုပ်ရပ်ဖြစ်တဲ့ အာဇာနည်ဗိမာန်အား ဗုံးဖောက်ခွဲခဲ့မှုအပြီး မြင်ကွင်းမှတ်တမ်း။
Thursday, June 25, 2009
နစ်နေမန်းမှ ကူးယူဖော်ပြသည်။
Posted by (လင်္ကာဒီပ) at 2:45 AM 0 comments
Labels: video
ဒေါ်အောင်ဆန်းစုကြည်တရားခွင်ရွှေ့ဆိုင်းရဦးမည်
NEJ / ၂၄ ဇွန် ၂၀၀၉
ဒေါ်အောင်ဆန်းစုကြည်တို့အား ရုံးတင်စစ်ဆေးနေသည့် အင်းစိန်အထူးတရားရုံး၏ သောကြာနေ့တရားခွင်ကို ရွှေ့ဆိုင်းရဦးမည်ဖြစ်သည်။
ဗဟိုတရားရုံးချုပ်သို့ တင်ပြထားသော သက်သေထွက်ဆိုခွင့်အယူခံအတွက် နှစ်ဘက်ရှေ့နေများ၏ လျှောက်လဲ ချက်ကို ယနေ့ကြားနာခဲ့ပြီး တရားရုံးက စီရင်ချက်မချမှတ်သေးသဖြင့် အင်းစိန်တရားခွင် ရုံးချိန်းမှာ အလိုအလျောက် ရွှေ့ဆိုင်းပေးရလိမ့်မည်ဟု ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။
“ဒီနေ့ကတော့ နှစ်ဘက်ရှေ့နေတွေရဲ့ လျှောက်လဲချက်တွေကိုပဲ ကြားနာသွားပါတယ်။ အစိုးရဘက်က ရှေ့နေတွေ တင်ပြသွားတဲ့ အချက်နှစ်ခုရှိပါတယ်။ အဲဒါက ဦးတင်ဦးဟာ နေအိမ်အကျယ်ချုပ်ချခံထားရတဲ့အတွက် သက်သေ ထွက်ခွင့်မရှိပါဘူးတဲ့။ နောက် ဦးဝင်းတင်ကိုလည်း ပြည်ပမီဒီယာများကို အင်တာဗျူးများပေးနေခြင်းကြောင့် အစိုးရကို ဝေဖန်နေသဖြင့် သက်သေထွက်ခွင့် မပြုထိုက်ပါဘူးဆိုတဲ့ သဘောမျိုးတွေ ပြောပါတယ်” ဟု ဦးဉာဏ်ဝင်း
က တရားခွင် လျှောက်လဲချက်များကို ရှင်းပြသည်။
ယခုကဲ့သို့ သက်သေထွက်ဆိုခွင့်အယူခံ ပြင်ဆင်ခွင့် တင်ရခြင်းမှာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၂၅၇ (၁) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရန်နှင့် အောက်ရုံးများက ပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက်ခဲ့ခြင်း မရှိသဖြင့် တင်ပြရခြင်းဖြစ်ကြောင်း လျှောက်ထားခဲ့သည်ဟု သိရသည်။
“တကယ်တမ်းက ဥပဒေနဲ့ မလျော်ညီလို့ ထပ်မံလျှောက်ထားတာကို အစိုးရဘက်က ဒီကိစ္စကို တလုံးမှ မပြောဘဲနဲ့ ပုဂ္ဂိုလ်ရေးကိစ္စတွေပဲ ပြောနေတယ်။ ဦးတင်ဦးကို ပြောတဲ့ (၁၀/ခ) ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တရားရုံးကို တင်ပြခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ (၁၄) ရက် (၅) လက အင်းစိန်တရားရုံးကို တရားစွဲတင်ခံရတယ်။ အဲဒီအချိန်ဟာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အကျယ်ချုပ်ခံထားရဆဲဖြစ်တဲ့အတွက် အကျယ်ချုပ်ခံထားရသူဟာ ရုံးရှေ့မရောက်နိုင်ဘူးဆိုတာ မမှန်ဘူးလို့ တင်ပြခဲ့ပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။
ဦးဝင်းတင် အင်တာဗျူးပေးခြင်းနှင့် စပ်လျဉ်း၍လည်း ၎င်း၏ တသီးပုဂ္ဂလပြောဆိုခွင့်ဖြစ်ကြောင်း၊ တရားရုံးအား အနှောင့်အယှက်ပြုနေသည်မဟုတ်ကြောင်း ပြန်လည်လျှောက်ထားခဲ့သည်ဟု ၎င်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ရှေ့နေများက သက်သေ (၄) ဦး တင်သွင်းခဲ့သော်လည်း အင်းစိန်တရားရုံးက သက်သေတဦးသာ ခွင့်ပြုခဲ့သည့်အတွက် အထက်တရားရုံးများသို့ တင်ပြရာ ရန်ကုန်တိုင်းတရားရုံးက နောက်သက်သေ ဒေါ်ခင်မိုးမိုးကို ထပ်မံခွင့်ပြုခဲ့သည်။
ကျန်သက်သေ (၂) ဦးဖြစ်သည့် ဦးတင်ဦးနှင့် ဦးဝင်းတင်တို့ကို ထွက်ဆိုခွင့်မပြုခဲ့ခြင်းကြောင့် ဗဟိုတရားရုံးသို့ ထပ်မံအယူခံဝင်ထားခြင်းဖြစ်သည်။
ယနေ့တရားခွင်တွင် အစိုးရရှေ့နေများ၏ပြောဆိုချက်နှင့်ပတ်သက်၍ ဦးဝင်းတင်က “ကျနော်က ကျနော့်အမြင် သဘောထား လွတ်လပ်စွာပြောတာပဲဗျာ။ ဒီလိုပြောတာဟာလည်း တရားရုံးရဲ့လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်ပြီး ဝေဖန်နေတာလည်း မဟုတ်ဘူး။ တခြားပါတီအရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ပြောတာတော့ ပြောရမှာပဲလေ။ အဲလိုပြောတာနဲ့ တရားရုံးမှာ သက်သေထွက်ခွင့်မပြုနိုင်တာနဲ့တော့ မဆိုင်ဘူးဗျ” ဟု သူ့သဘောထားကို ပြောဆိုသည်။
Posted by (လင်္ကာဒီပ) at 2:27 AM 0 comments
Labels: news