စောဘဦးကြီး၏မူ(၄)ရပ်

For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

Archives

ကရင်အမျိုးသမီးအစည်းအရုံးဥက္ကဌသစ်အဖြစ် ကွယ်လွန်သူဗိုလ်ချုပ်ကြီးစောဘိုမြ၏ဇနီးကိုရွေးချယ်

Thursday, November 6, 2008

NEJ/ ၆ နိုဝင်ဘာ ၂၀၀၈

ယမန်နေ့က ကျင်းပပြီးစီးသွားသည့် (၅)ကြိမ်မြောက် ကရင်အမျိုးသမီးအစည်းအရုံး ညီလာခံတွင် ကွယ်လွန်သူ ဗိုလ်ချုပ်ကြီး စောဘိုမြ၏ဇနီး ဆရာမနော်လားဖိုးကို ကရင်အမျိုးသမီးအစည်းအရုံး၏ ဥက္ကဌအဖြစ် ရွှေးချယ်တင်မြောက်လိုက်သည်။


အောက်တိုဘာ (၃၀)ရက်နေ့မှ နိုဝင်ဘာ (၅)ရက်အထိ ကရင်အမျိုးသား အစည်းအရုံးလက်အောက်ခံ ခရိုင်တစ်ခုတွင် ကျင်းပသည့် ညီလာခံမှ ဗဟိုကော်မတီ (၃၅)ဦးကိုလည်း တဆက်ထည်း ရွေးချယ်တင်မြှောက်ခဲ့ကြသည်။



ကျင်းပပြီးစီးသွားသည့် (၅)ကြိမ်မြောက် ညီလာခံတွင် မူဝါဒရေးရာ အပြောင်းအလဲမရှိပေ၊ ကရင်အမျိုးသမီးအစည်းအရုံး KWO အနေနှင့် ကရင်အမျိုးသားအစည်းအရုံး KNU ကို အဘက်ဘက်မှ ဝိုင်းဝန်းပံ့ပိုး ကူညီမှုများကို တိုးမြှင့်လုပ်ဆောင်သွားမည်ဟု ဆုံးဖြတ်ခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များအား ရေးဆွဲချမှတ်ခဲ့သည်ဟု အဖွဲ့ ၏ ဒုဥက္ကဌ နော်ဖောဒေးတိုးက ခေတ်ပြိုင်သို့ ပြောသည်။

ညီလာခံသို့ KWO ဗဟိုနှင့် ဘားအံခရိုင်၊သထုံခရိုင်၊တောင်ငူခရိုင်၊ညောင်လေးပင်ခရိုင်၊ဖါပွန်ခရိုင်၊ဒူးပ လာယာခရိုင်၊ဘိတ်ထားဝယ်ခရိုင်တို့မှညီလာခံကိုယ်စားလှယ်များလေ့လာသူများအပါအ၀င် (၈၇)ဦး တက်ရောက်ခဲ့ကြသည်။

ကရင်အမျိုးသမီးအစည်းအရုံးကို (၁၉၈၅)ခုနှစ်က မာနယ်ပလောဌာနချုပ်တွင် ပြန်လည်ဖွဲ့စည်းခဲ့ပြီး ညီ လာခံကို (၄)နှစ်တစ်ကြိမ် ကျင်းပခဲ့သည်။ သို့သော် နိုင်ငံရေး၊ စစ်ရေး အခြေအနေများအပေါ် မူတည်၍ ပြောင်းလဲ ကျင်းပမှုများလည်း ရှိသည်။

The NEJ မှကူးယူဖော်ပြသည်။

0 comments: