၁၁ နိုဝင်ဘာ၂၀၀၈
မေး။ ။ အမျိုးသမီး အထွေထွေအတွင်းရေးမှူးတဦး ဖြစ်လာတဲ့အချိန်ဟာ နိုင်ငံရေးအရ အတော့ကို နအဖ ဘက်က တင်းကျပ်နေတဲ့အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ နိုင်ငံရေးကို နိုင်ငံရေးအရ ဖြေရှင်းမယ်လို့ ကေအန်ယူက ပြောတဲ့အတွက် ဆရာမအနေနဲ့ ကရင်တမျိုးသားလုံးကို ကိုယ်စားပြုပြီးတော့ ဘယ်လိုကြိုးစားဆောင်ရွက်ဖို့ ရှိပါသလဲခင်ဗျ။
ဖြေ။ ။ အမျိုးသမီး အထွေထွေအတွင်းရေးမှူးတဦးအနေနဲ့ ပြောလိုတာက ကရင်တမျိုးသားလုံးရဲ့ စစ်မှန် တဲ့ ငြိမ်းချမ်းရေးရဖို့အတွက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင့်မယ့်ကိစ္စကို ကျမနေနဲ့ ကျမတို့ ကေအန်ယူရဲ့ (၁၄) ကြိမ်မြောက် ကွန်ဂရက်မှာ ချမှတ်ထားတဲ့ မူဝါဒနဲ့ ရှေ့လုပ်ငန်းစဉ်အတိုင်း ကြိုးပမ်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ကျမတို့ လုပ်ဆောင်ရမယ့် ကိစ္စအဝဝမှာ ကေအန်ယူရဲ့ ချမှတ်ထားတဲ့ လုပ်ငန်းစဉ်ကိုပဲ အကောင်အထည်ဖော်ပြီး လုပ်ဆောင်သွားရမှာ ဖြစ်တယ်။ မြန်မာပြည်ရဲ့ နိုင်ငံရေးပြဿနာပြေလည်ဖို့ရာ နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ ကျမတို့ ကေအန်ယူအနေနဲ့ အမြဲပဲ တံခါးဖွင့်ထားပါတယ်။ ဒါကိုအဖြေရဖို့ နအဖအပေါ်မှာ မူတည်ပါတယ်။
မေး။ ။ ကရင်အမျိုးသမီးတဦး အထွေထွေအတွင်းရေးမှူး ဖြစ်လာတဲ့အတွက် တချို့ကကြိုဆိုတဲ့လူရှိသ လို တချို့ကလည်း အားမလိုအားမရနဲ့ စိုးရိမ်သူတွေရှိပါတယ်။ ဆရာမအနေနဲ့ ဘာပြောချင်ပါသလဲခင်ဗျ။
ဖြေ။ ။ ဒါကတော့ အဆန်းမဟုတ်ပါဘူး။ လူဆိုတာ အကောင်းအဆိုး တခုခုတော့ အဝေဖန်ခံရမှာ ဖြစ် တယ်။ အမျိုးသမီးတဦး နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ ပါဝင်လာတဲ့အတွက် တချို့က အားမလိုအားမ ရနဲ့ စိုးရိမ်သူတွေရှိတယ်။ ဒါပေမယ့် ကျမပြောလိုတာက အမျိုးသားရော၊ အမျိုးသမီးပါ မြန်မာပြည်အရေးနဲ့ ကရင့်နိုင်ငံရေးမှာ ဦးဆောင်ဦးရွက်ပြုခဲ့တဲ့သူတွေ ဒါမှမဟုတ် နိုင်ငံရေးလောကမှာ လှုပ်ရှားခဲ့တဲ့သူတွေဟာ ဘယ်တဦးတယောက်ကမှ နိုင်ငံရေးတက္ကသိုလ်က အောင်မြင်လာတဲ့ နိုင်ငံရေးပါရဂူတွေ မဟုတ်ကြပါဘူး။ အမျိုးသားရေး၊ ဒီမိုကရေစီရေး၊ တိုင်းရင်းသားအရေး၊ မြန်မာပြည်အရေးအတွက် ဦးဆောင်မှုပြုခဲ့ကြတာဖြစ် ပါတယ်။ အဓိကလိုအပ်ချက်က တိုင်းရင်းသားအခွင့်အရေးနဲ့ ဒီမိုကရေစီပေါ်ထွန်းဖို့ ငြိမ်းချမ်းတဲ့မြန်မာပြည် ဖြစ်လာဖို့အတွက်သာ ဖြစ်ပါတယ်။
မေး။ ။ ဆရာမအနေနဲ့ နအဖနဲ့ တွေ့ဆုံဆွေးနွေးဖို့ အခြေအနေပေးလာရင် ဘယ်လိုစွမ်းစွမ်းတမံ ဆောင်ရွက်ဖို့ ပြင်ဆင်ထားပါသလဲ။
ဖြေ။ ။ တွေ့ဆုံဆွေးနွေးရေးဆိုင်ရာ စကားပြောတဲ့အချိန်ကျရင် ကေအန်ယူက ပြင်ဆင်ထားတဲ့ ပြင်ဆင်မှုအပေါ်မှာ မူတည်ပြီး ပြောဆိုရမှာ ဖြစ်ပါတယ်။ အကယ်၍ နအဖအနေနဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေးကို ဖန်တီးလာမယ်ဆိုရင် ကျမတို့ ကေအန်ယူတခုလုံးအနေနဲ့ သွားရောက်တွေ့ဆုံရမှာ ဖြစ်ပါတယ်။
မေး။ ။ ကေအန်ယူဟာ နအဖကို လက်နက်ကိုင်ပြီး တိုက်နေတဲ့အချိန်မှာ အမျိုးသမီးတဦး အထွေထွေအ တွင်းရေးမှူး ဖြစ်လာတဲ့အချက်ဟာ ကေအန်ယူရဲ့ စစ်ရေးအပေါ် ဘယ်လိုအကျိုးသက်ရောက်မှု ရှိမလဲဆိုတဲ့ မေးမြန်းမှုတွေရှိနေပါတယ်။ ဆရာမ ဘာများရှင်းပြချင်ပါသလဲခင်ဗျာ။
ဖြေ။ ။ ကေအန်ယူအတွက် အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စစ်ရေးတွေမှာ အထွေထွေအတွင်းရေးမှူး တဦးတည်း လုပ်ဆောင်သွားရမှာ မဟုတ်ပါဘူး။ ကေအန်ယူဟာ စုပေါင်းခေါင်းဆောင်မှုနဲ့ လုပ်ဆောင်နေတဲ့ အစည်းအရုံးတခုဖြစ်ပါတယ်။ အဲ့ဒီတော့ အထွေထွေအတွင်းရေးမှူးချုပ်ဟာ အမျိုးသမီးဖြစ်တဲ့အတွက် ဘာမှဆိုးရွားတဲ့ အကျိုးသက်ရောက်မှုကို ရှိစေမှာမဟုတ်ပါဘူး။ (၁၄) ကြိမ်မြောက် ကွန်ဂရက်မှာ ချမှတ်သွားတဲ့ နိုင်ငံရေးလမ်းစဉ်၊ စစ်ရေးလမ်းစဉ်အတိုင်း သွားမှာဖြစ်ပြီး တာဝန်အသီးသီး ပေးအပ်ထားတဲ့ ခေါင်းဆောင်တွေ လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။
မေး။ ။ ဆရာမအနေနဲ့ မဟာမိတ်ရေးရာ၊ အုပ်ချုပ်ရေးဆိုင်ရာ၊ ကရင်အမျိုးသားရေးဆိုင်ရာ စတဲ့လုပ်ငန်း စဉ်တွေကို ကိုင်တွယ်ရာမှာ တစုံတရာ အခက်အခဲရှိမယ်လို့ ထင်ပါသလား။
ဖြေ။ ။ ဘာမှ အခက်အခဲရှိမှာ မဟုတ်ဘူးလို့ ကျမထင်ပါတယ်။ ကျမပြောသွားတဲ့အတိုင်း ကေအန်ယူ ဟာ လူတဦးတယောက်တည်း လုပ်ရမယ့်အလုပ်မဟုတ်ဘူး။ ပြီးတော့ ကေအန်ယူ ရဲ့ လုပ်ထုံးလုပ်နည်းတွေဟာ စုပေါင်းခေါင်းဆောင်မှု (collective leadership) ဖြစ်တဲ့အတွက် အားလုံးဝိုင်းဝန်းပြီး လုပ်ဆောင်သွားရမှာ ဖြစ်တယ်။
မေး။ ။ နိုင်ငံတကာမှာရှိတဲ့ ကရင်အမျိုးသားထုနဲ့ ပြည်တွင်းမှာရှိတဲ့ ကရင်ခွဲထွက်အဖွဲ့တွေကို ဘာများ ပြောချင်ပါသလဲခင်ဗျ။
ဖြေ။ ။ ကျမအနေနဲ့ နိုင်ငံတကာမှာရှိနေတဲ့ ကရင်အမျိုးသားထုနဲ့ ပြည်တွင်းမှာရှိတဲ့ ကရင်အမျိုးသားတွေ နောက် ကရင်ခွဲထွက်အဖွဲ့တွေကို ပြောချင်တာက ကျမတို့ ကရင်အမျိုးသားတွေဟာ စစ်အာဏာရှင်စနစ်ရဲ့ ဖိ နှိပ်မှုအောက်မှာ ရှိနေဆဲဖြစ်တယ်။ ကရင်အမျိုးသားတွေအနေနဲ့ ကိုယ့်ကိုကိုယ် ကရင်လို့သိရှိဖို့ လိုပါတယ်။ ကရင်လူမျိုးတွေ ဖိနှိပ်မှုကလွတ်မြောက်ဖို့၊ တန်းတူအခွင့်အရေး ရရှိဖို့အတွက် လုပ်ဆောင်တာဝန်ယူရမယ့် လူတွေဟာ ကရင်လူမျိုးတွေသာ ဖြစ်ပါတယ်။
မေး။ ။ ကရင့်တော်လှန်ရေးနဲ့ မြန်မာ့ဒီမိုကရေစ်ီရေး အောင်မြင်မှုရရှိဖို့အတွက် ဘာတွေလိုအပ်မယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ ကရင့်တော်လှန်ရေးနဲ့ မြန်မာ့ဒီမိုကရေစီရေး အောင်မြင်ဖို့အတွက် တာဝန်ရှိတဲ့သူတွေဟာ ကရင် တမျိုးသားလုံးသာမကဘဲ မြန်မာပြည်မှာရှိနေတဲ့ တိုင်းရင်းသားအားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။ တိုင်းရင်းသား များနဲ့အတူ ဒီမိုကရေစီနဲ့ စစ်မှန်တဲ့ တရားမျှတမှုရှိတဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့သူတွေ ညီညီညွတ်ညွတ် ပူးပေါင်းလုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။ စစ်အာဏာရှင်ပြုတ်ကျရေးကို ရည်မှန်းပြီး တူညီတဲ့အမြင် ဝါဒနဲ့ လက်တွဲသွားဖို့ လိုအပ်ပါတယ်။
The NEJ မှကူးယူဖော်ပြသည်။
စောဘဦးကြီး၏မူ(၄)ရပ်
For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ၏ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်နှင့်
Tuesday, November 11, 2008
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment