စောဘဦးကြီး၏မူ(၄)ရပ်

For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

Archives

ဆယ်လမွန် ငါး တို့ ဘာလို့ အိမ်ကို ပြန်နိင်သလဲ

Friday, December 5, 2008



ကိုခင်ဝမ်းရဲ့ ဆယ်လမွန်ငါးတို့ အပြန်သီချင်းကို ကျနော်တို့ ငယ်ငယ်ကအားပါးတရဆိုခဲ့ကြတယ်။ ဆယ်လမွန်ငါးတွေ ဘာကြောင့် အိမ်ကို ပြန်နိင်သလဲဆိုတာထည့် မစဉ်းစားခဲ့ကြဘူး။ မသိခဲ့ဘူး။
ခုတော့ ဆယ်လမွန်းငါတွေ ဘာကြောင့် အိမ်ပြန်နိင်သလဲဆိုတာ ကို သိပ္ပံပညာရှင်တွေက ဖေါ်ထုတ်ပေးလိုက်ပါပြီ။ ဆယ်လမွန်ငါး တွေနဲ့ ပင်လယ်လိပ်ကြီးတွေက ကမ္ဘာ သံလိုက် စက်ကွင်း
ကို အသုံးပြု နေတယ်လို့ဆိုပါတယ်။

သူတို့ကဒီသံလိုက်စက်ကွင်းကိုအသုံးပြုပြီးသူတို့ရဲ့သားပေါက်ရာနဲ့မွေးရပ်မြေကိုပြန်လာနိင်စွမ်းရှိကြ
တာဖြစ်တယ်လို့ PNAS သိပံ္ပ ဂျာနယ်က ဒီနေ့ဖေါ်ပြလိုက်ပါတယ်။ ဆယ်လမွန်ငါးတွေ ပင်လယ်ထဲမှာ နေကြတယ်။ သားပေါက် တော့ ရေချို မြစ်ချောင်းဖျား တွေကို ပြန်လာပြီး သားပေါက်လေ့ရှိကြပါတယ်။

ဥပမာပြောရရင် ပင်လယ်ထဲမှာနေတဲ့ ဆလမွန်ငါးဟာ ရောဝတီမြစ်ထဲ ပြန်လာပြီး ဟိုးမြစ်ဖျားဒေသဖြစ်တဲ့ကချင်ပြည် မေခမေလိခ လို့မြစ်ဖျား တွေ ဆီကိုလျိုလ်မြောင်ချိုင်ဝှမ်းတွေစမ်းချောင်းတွေအထိဆန်တက်လာပြီးရေတိမ် ပိုင်းမှာ သားဥတွေ
ချကြတာ ဖြစ်ပါ တယ်။မြန်မာပြည်မှာ ဆယ်လမွန်းမရှိဘူးလို့ ထင်ပါတယ်။ အလွန်အေးတဲ့ မြောက်ပိုင်းနိင်ငံတွေမှာပဲရှိကြပါတယ်။

သားပေါက်ပြီး တဲ့အခါမှာတော့ပင်လယ်သမုဒရာထဲကိုပြန်သွားလေ့ရှိကြပါတယ်။ဆယ်လမွန်ငါးက
ိုမြန်မာလိုငါးသ
လောက်ယောက်ဖလို့ အဘိဓာန်မှာ အနက်ပေးထားတာ တွေ့ရပါတယ်။စားလို့အတော်ကောင်းပါတယ်။ဆယ်လမွန်ငါးကိုငါးဘတ်မွေ ချက်သလိုစပလင်
ထည့်ပြီး ချက် စားရင် သိပ်ကောင်းတယ်။

0 comments: