Tue 06 Jan 2009, လွတ်လပ်သောမွန်သတင်းအေဂျင်စီ
ကရင်ပြည်နယ် ဘုရားသုံးဆူအခြေစိုက် ဟောင်သရောအထူးဒေသအဖွဲ့မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောလေးဝါး၏ယောက္ခမကို အမည်မသိသော လက်နက်ကိုင်တစ်စုက လွန်ခဲ့ သော ဇန္နဝါရီလ ၃ ရက်နေ့ညတွင် ပြန်ပေးဆွဲသွားခဲ့ပြီး မနေ့ညနေတွင် ပြန်လွှတ် ပေးလိုက်သည်ဟု ဆိုသည်။
ဒုဗိုလ်မှူးကြီးစောလေးဝါး၏ ဇနီးကို ဖမ်းဆီးမရသွားသဖြင့် ယောက္ခမ ဒေါ်နန်း အသက် ၅၀ ခန့်ကို သုံးဆူမြို့အဝင်လမ်းနားတွင်ရှိသော ဘုရားပွဲတော်ရှိ သူမ၏ လောင်းကစားဝိုင်းကနေ တဆင့် ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဟောင်သရောတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတို့က ဆိုသည်။
ဒုဗိုလ်မှူးကြီး စောလေးဝါးတို့အနေနှင့် ၎င်းအဖွဲ့နှင့် အပေးအယူလုပ်ပြီးမှသာ သူမကို ပြန် လွှတ်ပေးခဲ့သည်ဟု ဆိုသည်။ “ဒါကတော့သူတို့ရဲ့ စီးပွားရေး အတွင်းရေးသာဖြစ်တယ်” ဟု ၄င်းနီးစပ်သူက ရှင်းပြသည်။
မနေ့ညနေက ဒုဗိုလ်မှူးကြီးလေးဝါးအိမ်သို့ အလည်သွားရောက်ခဲ့သော ဟောင်သရော တပ်ရင်းမိတ်ဆွေတစ်ဦးက “သူမက ကျန်းကျန်းမာမာပဲ။ ဘာမှမဖြစ်ဘူး” ဟု ပြောသည်။ သို့သော်လည်း ပြန်ပေးဆွဲခံရခြင်းနှင့်ပတ်သက်၍ ပြောဆိုရန် ငြင်းပယ်ခဲ့သည်။
ဒေါ်နန်းကို မဖမ်းဆီးမီ ဗိုလ်လေးဝါး၏ ဒုတိယဇနီး မမိုးသူကို ထိုလက်နက်ကိုင်အဖွဲ့က ထိုနေ့ညနေ ၅ နာရီအခန့်တွင် သူမ၏ အိမ်စတိုးဆိုင်မှတစ်ဆင့် သေနတ်နှင့်ချိန်၍ လက်ထိပ်ခတ်ပြီး ခေါ်ဆောင်သွားခဲ့သည်ဟု မျက်မြင်တစ်ဦးက လွတ်လပ်သောမွန်သတင်းအေဂျင်စီကို ပြောပြသည်။
“ဒါပေမယ့် သူမပြေးလို့ လွတ်သွားတယ်၊ လက်နက်ကိုင်တဲ့သူနှစ်ဦးက သူမကို ကားပေါ် ကိုတင်တဲ့အချိန်မှာ သူမက ခြေနဲ့ ကားကိုတွန်းပြီး ထွက်ပြေးလွတ်သွားခဲ့တယ်၊ လက် နက်ကိုင်တဲ့သူတွေက သူမကို သေနတ်နဲ့လိုက်ပစ်တယ်” ဟု ၄င်းမျက်မြင်က ရှင်းပြပါ သည်။
၎င်းအဖွဲ့သည် မျက်နှာဖုံးစွပ်ထားသည့် လက်နက်ကိုင်ဆောင်သူနှစ်ဦး၊ ကားမောင်းသူ တစ်ဦး အပါအဝင် အနည်းဆုံး လူသုံးဦးပါဝင်သည်ဟု မျက်မြင်သက်သေတွေက ဆိုသော်လည်း စရဖ တပ်ဖွဲ့ဝင်များက နေကာမျက်မှန်တပ် လက်နက်ကိုင်လူနှစ်ဦးသာ ပါဝင်သည်ဟု ဆိုပါသည်။
မျက်မြင်များက တစ်ချက်မှာ သူမကို အသေပစ်ရန် ရည်ရွယ်ခဲ့ပြီး နှစ်ချက်ကို မိုးပေါ်ထောင်ပစ်သည်ဟု ဆိုသည်။ သို့သော်လည်း စရဖ၏ထုတ်ဖော်ပြောဆိုချက်အရ လက်နက်ကိုင်သူတို့က ငါး ချက်ပစ်သည်ဟု ဆိုပါသည်။
ဗိုလ်လေးဝါးသည် မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့်ပတ်သက်သူအဖြစ် ဒေသတွင် နာမည်ကြီးနေသူတစ်ဦးဖြစ်ပြီး တရားမဝင်စီးပွားရေးလုပ်နေသူလည်းဖြစ်သည်။ ပြန်ပေးဆွဲခံရသော သူ၏ယောက္ခမ ဒေါ်နန်းသည်လည်း လောင်းကစားဝိုင်းထောင်ထား သူဖြစ်သည်။
ယခုအဖြစ်ပျက်ကြောင့် ဗိုလ်လေးဝါး၏ သြဇာကျဆင်းလာနေသည်ဟု သုံးဆူမြို့ခံများက ဝေဖန်နေကြသည်။
--------------------------------------------------------------------------------
လွတ်လပ်သောမွန်သတင်းအေဂျင်စီ မှကူးယူဖြေပြသည်။
စောဘဦးကြီး၏မူ(၄)ရပ်
For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
ဟောင်သရောအထူးဒေသအဖွဲ့မှ တပ်ရင်းမှူးယောက္ခမ ပြန်ပေးဆွဲခံရ
Tuesday, January 6, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment