သတင်းနှင့် ဓာတ်ပုံ - ကိုလတ်
ယနေ့ (၃၁-၁-၀၉) နေ့လည် ၁ နာရီဝန်းကျင်ခန့်က ရေစီးကြမ်းသော သောင်ရင်းမြစ်ထဲတွင် နှစ် (၆၀) ပြည့် ကရင့်အမျိုးသားတော်လှန်ရေးအခမ်းအနားမှ ပြန်လာကြသည့် ခရီးသည် (၂၀) ခန့် စီးနင်းလိုက်ပါလာသော စက်လှေတစီး နစ်မြုပ်ခဲ့ကြောင်း သတင်းရရှိသည်။ ထိုသို့ စက်လှေတစီးလုံး နစ်မြုပ်ခဲ့သော်လည်း စက်လှေ ပေါ်တွင် စီးနင်းလိုက်ပါလာသည့် အခမ်းအနားတက်ရောက်သူများအားလုံး အသက်ဘေးမှ လွတ်မြောက်ခဲ့ ကြကြောင်း သတင်းရရှိသည်။
နစ်မြုပ်ခဲ့သည့် စက်လှေတွင်စီးနင်းလိုက်ပါလာသည့် အမည်မဖော်လိုသူ အခမ်းအနားတက်ရောက်သူတဦးက “လူတွေက ပြန်ချင်ဇောကြီးပြီး စက်လှေပေါ် တိုးကြိတ်တက်ကြတယ်။ စက်လှေက သေး၊ လူကများပြီး ရေဆန် ဆိုတော့ လှေကလူးနေရော။ အဲဒီမှာ တချို့က ကြောက်လန့်ပြီး မတ်တပ်ထရပ်ကြတာမှာ စက်လှေက မြုပ် သွားတာပါ။ တော်သေးတယ်။ မြုပ်တဲ့နေရာက ကမ်းနဲ့နီးပြီး ရေအနက်က ရင်ညွန့်လောက်ပဲ ရှိပေလို့။ နို့မို့ဆို အကုန်သေနိုင်တယ်။ စက်လှေပေါ်မှာ ကလေးငယ်တွေ တယောက်မှ မပါတာလည်း ကံကောင်းတယ်။ အခု တော့ တကိုယ်လုံး ရေတွေစိုရွှဲပြီး ပါလာတဲ့ ကင်မရာတွေ၊ လက်ကိုင်ဖုန်းတွေ၊ တခြားအီလက်ထရွန်းနစ်ပစ္စည်း တွေ သုံးလို့မရ ပျက်စီးကုန်တာပေါ့။ ဒါပေမယ့် အဆိုးထဲက အကောင်းလို့ပဲ ပြောရမှာပါ။ မွန်မြတ်တဲ့ အခမ်းအ နားတခုကို တက်ရောက်ပြီး ပြန်လာကြတဲ့သူတွေမို့လို့ ဘုရားသခင်က ကယ်လိုက်တယ်လို့ပဲ ကျနော်ကတော့ ယူဆမိပါတယ်” ဟု ရှင်းပြသည်။
နစ်မြုပ်ခဲ့သည့် စက်လှေပေါ်တွင် မြန်မာနိုင်ငံရှေ့နေများကောင်စီမှ ရှေ့နေဦးအောင်ထူးနှင့် ဇနီး၊ မြန်မာနိုင်ငံ ဆေးပညာရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး မန်းစိန်ဟန်တို့လည်း စီးနင်းလိုက်ပါခဲ့ကြပြီး အသက် ဘေးမှ လွတ်မြောက်ခဲ့ကြကြောင်း သိရသည်။ နှစ် (၆၀) ပြည့် ကရင့်အမျိုးသားတော်လှန်ရေးအခမ်းအနားသို့ ပြည်တွင်းပြည်ပမှ လာရောက်သူ စုစုပေါင်း ၇၀၀၀ ကျော် တခဲနက်တက်ရောက်ဂုဏ်ပြုခဲ့ကြကြောင်း သတင်း ရရှိသည်။
စောဘဦးကြီး၏မူ(၄)ရပ်
For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
ကရင့်အမျိုးသားတော်လှန်ရေးအခမ်းအနားပြန် စက်လှေတစီး သောင်ရင်းမြစ်ထဲ နစ်မြုပ်
Saturday, January 31, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment