ကျမဖြတ်သန်းခဲ့ရသော ဘန်ကောက်ခရီးလမ်း
လွန်ခဲ့သော ၂၀၀၃ခုနှစ်ကာလ ကျမအသက်၁၆နှစ်အရွယ် ၈တန်းကျောင်းသားဘ၀ စာမေးပွဲဖြေပြီးခါစ နွေဦးအခါတွင် ဘန်ကောက်မြို့ မှ ပြန်လာသောဝမ်းကွဲအစ်မတစ်ယောက်၏ အပြောကောင်းမှုဖြင့် ကျမဘန်ကောက်မြို့ သို့ လိုက်သွားရန်စိတ်ဆန္ဒပြင်းပြခဲ့ရ၏။
မှန်ပါသည် ဘန်ကောက်မှာအလုပ်လုပ်ပြီး ငွေအသင့်အတင့်စုဆောင်းမိ၍ မိသားစုမောင်နှမကို ထောက် ပံ့နိုင်သောဝမ်းကွဲအစ်မကိုသဘော ကျမိသည် ။
ဘန်ကောက်သို့ မလိုက်သွားရန် မိုးမိုးနဲ့ ပါးပါးတားမြစ်သော်လည်း ကျမဆန္ဒများမလျော့ခဲ့။ နွေရာသီရောက်တိုင်းအားလပ်သောလယ်ယာပြီးစီးချိန်ဖြစ်၍ပါးပါးမှာထင်းခုတ်သွား၍ မိုးမိုးနဲ့ ကျမ မှာတောအရက်ချက်ချင်းဖြင့် အချိန်ကုန်ခဲ့ရလေသည်။ မိသားစုမောင်နှမ ၄ယောက်အနက်ကျမမှာ ဒုတိယ မြောက်သမီးဖြစ်၍ အစစအရာရာ မိုးမိုးနဲ့ ပါးပါးကိုဝိုင်းဝန်းကူညီခဲ့ရလေသည်။ အဦးဆုံးအစ်ကိုတစ်ယောက်မှာကိုယ်ရင်ဝတ်သွား၍ကျန်ရှိနေသောမိသားစုမှာမိုးမိုးနဲ့ပါးပါးအကြီး ဆုံး ကျမမှာ မောင်လေး၂ဦး ၅ယောက်သာဖြစ်သည်။ ခေတ်စားလာသော ဘန်ကောက်ခေတ်သည် ကျမတို့  ဘားအံမြို့ နယ် ကော့ကသောင်ကျေးရွာ မောင်မယ်များ မလွန်ဆန်နိုင်ခဲ့ပါဘူး။ ရေကြည်ရာ မြက်နုရာ မဆိုခဲ့ပေမဲ့ မတူကွဲပြားခြားနားလှသော နိုင်ငံရေးခေတ်ရေစီးကြောင်း ၊ စီးပွားရေးရေစီးကြောင်းများကြောင့်ကျမတို့  လည်း လူတောထဲမှ လူသားတစ်ဦးမို့  မတူညီသော ဘ၀အနိမ့်အမြင့်ကို ခါးသီးစွာ မရင်ဆိုင်ရဲပါ။ လူမှာအ၀တ် တောင်းမှာ အကွတ် ဆိုသလို လူဖြစ်လာမှ အရှက်နဲ့ အကြောက်ရှိတတ်စမြဲပါ။
ပူပြင်းလှသော တန်ခူး၊ ကဆုန် နွေဦးကာလမို့  လောကဟင်းလင်းပြင်တစ်ခုလုံး ပူလောင် ခြောက်သွေ့ လှပေသည်။ ကျမမှာအဖို့ ဘန်ကောက်တက်ရန်ဖြင့် တက်ကြွပြီး စိမ်းစိုလမ်းဆန်းလျက်ရှိနေ ပါသည်။ ဤသို့ ဖြင့် မိုးမိုးက အိမ်နီးနားချင်းဆီမှ လမ်းစရိတ် ၃ သိန်း ၈သောင်းကို ချေးယူကာ ဘန်ကောက် ခရီးဆန်ခဲ့ရလေသည်။ မနက်ပိုင်းတွင် မိုးမိုးနဲ့ ပါးပါးကို ရှိခိုးကန်တော့ကာ ရွာမှမြ၀တီမြို့ သို့ ညနေစောင်း ၄ နာရီအချိန်တွင် ရောက်ခဲ့သည်။ မြ၀တီမှာ ၁ရက်နားပြီး ဘန်ကောက်သို့  သွားရန်လူစုသည်။ လူအားလုံးမှာ (၈၀) ခန့် ဖြစ်သည်။ ညနေပိုင်းအချိန်တွင် သောင်းရင်းမြစ်ကို တိတ်တဆိတ် ဖြတ်ကူးပြီး ဘန်ကောက်မြို့ သို့  ခြေလျင်သွားခဲ့ရသည်။ နေ့ ရောညပါ မအိပ်တမ်း လမ်းလျောက်ခဲ့ရသည်။ ၂ ရက်မြောက်သောနေ့  တွင် အချို့ သောသူများလမ်းမလျောက်နိုင်၍ အယောက်(၄၀)ခန့် ပြန်လည့်သွားခဲ့သည်။ (၃)ရက်မြောက် သောနေ့ တွင်လမ်းပြက လမ်းခရီးတ၀က်ရောက်ပြီးဟုဆိုကာ ထိုည၌ တောထဲတွင် အိပ်ခဲ့ရသည်။ သန်း ခေါင်ယံအချိန်တွင် ကျမတို့ အုပ်စုအိပ်မောကျနေစဉ် လူအုပ်စုတစ်စုရောက်လာ၍ ယိုးဒယားလိုစကားပြောကာ ကျမတို့ထဲမှအချောဆုံးအလှဆုံး ကရင်မ လေးသုံးဦးကို အတင်းအဓ္ဓမ ဆွဲခေါ်သွားခဲ့သည်။ မိန်းခလေး၃သုံးမှာ အသက်ထွက်မက ငိုယိုတောင်းပန်၍ အတင်းဆွဲခေါ်သွားခဲ့သည်။ မည်သူတစ်ဦး တစ်ယောက်မျှ မလှုပ်ရဲမတောင်းပန်ရဲကြ။ကျမ များစွာ တုန်လှုပ်ခြောက်ခြားမိပါသည်။ ကံကောင်းထောက်မ၍ ၀မ်းကွဲအစ်မပါမသွားခြင်းဖြစ်သည်။ အကယ်၍ အစ်မပါသွားခဲ့ပါမူ ကျမမည်သို့ ဖြစ်မည်နည်း။ ဘန် ကောက်ဆိုတာလည်းကြားဖူးရုံသာ တစ်ခါမှ မရောက်ဖူးခဲ့။ အသိမိတ်ဆွေလည်းမရှိ။ ကျမမည်သို့  ဖြစ်သွားမည်းနည်း။ ကျမအတွေးများ တောမီးလောင်သလို ပူပြင်းရိုက်ခတ်နေပါသည်။ လူအုပ်ထဲ မှာ ကျမတစ်ဦးသာအငယ်ဆုံးဖြစ်သည်။ ထိုအချိန်၌ ကျမမှာ အပျိုရုပ်ပင် မပေါက်သေးပါ။ ထိုခဏ မှာ လမ်းပြတစ်ဦးက ကရင်လိုပြောကာ“ ဘာချနော မိုင်အေး ၊ ဘာချနော မိုင်အေး၊ ကဲ လီလော့” “ဘာမှမဖြစ်ပါဘူး ၊ ဘာမှမဖြစ်ပါဘူး၊ ကဲဆက်သွားမယ်” ဟုဆိုကာ ညသန်းခေါင်းအချိန်ခရီးထွက် ခဲ့ရသည်။ ကျမအရမ်းပင် ငိုချင်လှပါသည်။ မောလည်းမော၊ အိပ်ရေးလည်းမ၀၊ အားလည်းကုန် အစားအစာမ၀တ၀၊ ရေလည်းငတ်မျိုးစုံဖြင့် ကျမတသက်တာတွင် မကြုံဘူးသေးသည်. ဘန်ကောက်လမ်းခရီး ဘ၀ဇတ်ဆရာကို ကခဲ့ရပါသည်။ အားမငယ်ပါနဲ့ ညီမလေး ဟိုဘက်ရောက် ရင် အားလုံးအဆေပြေမှာပါဟု ကျမကိုအစ်မ အားပေးစကားပြောခဲ့ပါသည်။ ကျမအိမ်ကို အရမ်းပဲ လွမ်းတယ်၊ မိုးမိုးနဲ့ ပါးပါးကို အရမ်းသတိရတယ်၊ ကျမအိမ်ပြန်လှည့်ချင်လိုက်တာ။ ၀မ်းကွဲအစ်မက လမ်းခရီး တ၀က်ကျော်ပြီး လမ်းစရိတ်လည်း အကြွေးနဲ့ အတိုးနဲ့ ချေးထားတာ ၊ မင်းအိမ်ပြန်လှည့်ရင် လမ်းစရိတ်လည်း ပြန်မရတော့ဘူး။ မင်းတို့ မိဘ မွဲပြီးသာမှတ်ဟု ကျမကို ဆူပူကြီမ်းမောင်းလေသည်။(၄) ရက် မြောက်သောနေ့ တွင် ကျမလမ်းမလျောက်နိုင်တော့ပါ။ စီးလာသောဖိနပ်လည်းကြိုးပြတ်၊ လမ်းမှာ ပုလိပ်လည်းကြောက်ရ၊ သူခိုးဓါးပြလည်းကြောက်ရ၊ မြင်းဆေးသမားတွေးလည်းကြောက်ရ၊ ညအချိန် ကျွတ်၊ကင်း၊ မြွေဆိုးတွေလည်းကြောက်ရ မျိုးစုံဖြင့် ခရီးဆက်ခဲ့ရသည်။ ဖိနပ်မရှိသဖြင့် ခြေဖ၀ါးများနီရဲရောင်ရမ်းကာ နာကျင်နေပါသည်။ ထိုအထဲတွင် ဦးကြီးတစ်ယောက်က လာသမီး ဦးကျောပိုးထမ်းသွားမည်ဟုဆိုကာ ကျမကို ကျေပိုးထမ်းသွားခဲ့လေသည်။ဦးကြီးကိုကျမအရမ်းအားနာပါတယ်ကျမအတတ်နိုင်ဆုံးကြိုးစားပြီး လမ်းလျောက်သွားပါမည် ဟုဆိုကာ ဦးကြီးစီးသော ဖိနပ်ကို ကျမကိုပေးစီးကာ တစ်ယောက်တစ်လှည်စီ စီးခဲ့ရလေသည်၊၊ ကျမကို ကျမအားတင်းကာ လမ်းလျောက်ခဲ့ရပါသည်။ ၅ရက် ၅ည လုံးလမ်းလျောက်ခဲ့ရသည်။ ဘန်ကောက်မြို့ ရောက်ခါနီး ဦးကြီးကို ကျမကန်တော့ကာ ကိုယ်စီကိုယ်ငှ လမ်းခွဲကာ လိုရာခရီး ဆက်ထွက်ခဲ့ရလေသည်။
ကျမဘန်ကောက်တွင် အလုပ်မျိုးစုံဖြင့်အလုပ်လုပ်ခဲ့ရပြီး ရွာမှကျန်ရှိနေတဲ့ မိုးမိုးနဲ့ ပါးပါး ရယ်၊ မောင်လေး၂ယောက်ရယ်ဖြင့် သတိရလွမ်းဆွတ်လျက်ရှိနေပါတယ်။ ၂၀၀၉ ခုနှစ် နှစ်သစ်ကူးမှာ ဘန်ကောက်မြို့ ဘုရင့်ပန်းခြံ မှာ ရွာမှာရှိတဲ့သူငယ်ချင်းတစ်ချို့ နှင့်ဆုံတွေ့  ဖြစ်ခဲ့သည်။ နှစ်တိုင်းလိုလိုပင် ပန်းခြံမှာ ကျမသွားဖြစ်ခဲ့သည်။ တစ်ဦးနှင့်တစ်ဦးတွေ့ ကြခင်ကြ အချင်းချင်းမိတ်ဆက်ကြဖြင့် ထောင်းသောင်းမက များပြားလှစွာသော ကရင်မောင်မယ်လေးများ လာဆုံတွေ့ ကြသည်။ တိုင်းတပါးနိုင်ငံမှာ ကြောက်ရွံ့ မှုပေါင်းများစွာ၊ အခက်အခဲပေါင်းများစွာ၊ဒုက္ခ ဆင်းရဲ ပေါင်းများစွာရပ်တည်ခဲ့ရသော တရားမ၀င်ရွေ့ ပြောင်းအလုပ်သမားအဖြစ် တိုင်းပြည် မရှိသောလူသားများကဲ့သို့ ရပ်တည်ခဲ့ရခြင်းကို ရွာကျန်ရှိနေတဲ့ ရွာသူကြီးများ၊ ဘုန်းကြီးရဟန်းများ၊ လူကြီးသူမများ၊ မိဘဆွေမျိုးအသိုင်းအ၀ိုင်းများ၊ ကလေးသူငယ်များ မျှဝေခံစား ပြောပြချင်လှပါဘိ။
ရက်၊ လ၊ နှစ်ပြောင်းလဲလာသည်နှင့်အမျှ ကျမတို့ ဘ၀ပြီးပြည့်စုံခြင်းမရှိခဲ့ပါဘူး။ မိသားစု တို့ ၏ စားရေး၊ ၀တ်ရေး၊ နေရေး အစစအရာရာကျမတို့ ပံပိုးခဲ့ရတယ်။ ဘန်ကောက်မှာ ၆နှစ်ကာ လမျှကြာသွားခဲ့လေပြီး၊၊ အိမ်ကိုလည်းအရမ်းလွမ်းနေတာပဲ။ နောက်ပြီး လမ်းခရီးမှာ ကျမကို ကယ် တင်ခဲ့တဲ့ဦးကြီးကို ကျမအမြဲသတိရနေပါတယ်။ ဦးဦးရဲ့ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်ကိုလည် ကျမ မရ ခဲ့ပါဘူး။ လမ်ခွဲပြီး ဦးကြီးကို ထိုင်ပြီးရှိခိုးကန်တော့ချိန်မှစပြီး ဦးဦးနဲ့ တခါမှ မဆုံဖြစ်ခဲ့ပါဘူး။ ဦးကြီးနဲ့ အဆက်အသွယ်လုပ်ချင်လဲ ဘယ်သူနဲ့ မှအဆက်အသွယ်မရခဲ့ပါဘူး၊၊ ဦးဦးကို ကျေးဇူး ဆပ်ချင်တယ်၊၊ ဦးဦးနဲ့ တွေ့ ချင်တယ်။ နေရပ်လိပ်စာ မယူမိခဲ့တဲ့သမီးရဲ့ အားနည်းချက်ကို နားလည် ပေးပါနော် ဦးဦးရယ်……………………….။
(ဘားအံမြို့ နယ်+ကော့ကသောင်ကျေးရွာ)
လောကနိယာမတရားတို့ ၏
လိုတာမရ ရတာမလို၊ ကြုံရ ဆုံရ တခဏ၀ယ်
မှန်ကန်သစ္စာ၊ ရိုင်းပင်းကူညီ၊ သနားညှာတာ
ဖြစ်စေကာမူ ကုသိုလ်ပါရမီ ဖြစ်မည်သာတည်း။ ။
လူသားအချင်းချင်းကူညီတတ်မှု၊စာနာထောက်ထားမှုကို ရှေးရှုလျက်။
ကရင့်အမိမြေ မှရှာဖွေတင်ပြသည်။
စောဘဦးကြီး၏မူ(၄)ရပ်
For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
ကျမဖြတ်သန်းခဲ့ရသောဘန်ကောက်ခရီးလမ်း
Saturday, April 18, 2009
Subscribe to:
Post Comments (Atom)
1 comments:
သူမအတွေ့ အကြုံမျိုးတွေ ရင်ဆိုင်ခဲ့ရသော မိန်းခလေးတွေအများကြီးဘဲလေ။ ဘယ်လိုဖြေရှင်းကြမလဲ နိုင်ငံတကာကို ရောက်သွားပြီးတဲ့ ကရင်အမျိုးသားများနဲ့မြန်မာ ပြည်သားအားလုံး ဒီလို ရင်နင့်စရာတွေ ထိုင်ဖတ်ပြီး စုတ်သတ်ရုံဘဲလုပ်မှာလား။ ဘာတွေလုပ်ရင်ကောင်းမလဲ ဘယ်လိုပန့် ပိုးမလဲ ။ ဒီမိန်းခလေးရဲ့ ခံစားချက်ကို ဘယ်သူမှတုံ့ ပြန်မရေးသေးတာတွေ့ ရတော့ အံသြမိသေးတယ် ။ ဒါက ကရင်ဝက်ဆိုက်မှာ ကရင်မိန်းခလေးတယောက်ရဲ့ ခံစားချက်ကို ကရင်တွေတောင် မခံစားရသေးဘူးလား ဒါမှမဟုတ် အရထူသွားလို့ လား။ ရင်နာစရာပါလား
Post a Comment