ဒယ်နီယယ်ပီဒါဆင်
အင်္ဂါနေ့၊ ဧပြီလ 21 2009 22:48 - မြန်မာစံတော်ချိန်
မဲဆောက် (မဇ္ဈိမ)။ ။ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ၏ ထိုင်းနယ်စပ်နှင့် ကပ်နေသော စခန်းတခုကို မြန်မာစစ်တပ်နှင့် ယင်း၏ မဟာမိတ် လက်နက်ကိုင်တပ်ဖွဲ့ တခုတို့က သိမ်းပိုက်နိုင်ရေးအတွက် တိုက်ခိုက် နေရာ ယခုအခါ ၉ ရက် ရှိသွားပြီဖြစ်ပြီး ယနေ့မွန်းလွဲပိုင်းတွင် ၂ ဘက်စလုံးတွင် အထိအခိုက် အကျအဆုံးများကြောင်း သိရသည်။
KNLA တပ်မှူးတဦးက အဝိုင်းခံထားရသော ဝါးလေခီး စခန်းမှ ပြောကြားရာတွင် သူတို့ဘက်မှ တပ်သားတဦး ကျဆုံး၍ ၃ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။
သို့သော် ထိုသို့ အထိအခိုက် အကျအဆုံးမှာ မြန်မာစစ်တပ်နှင့် သူတို့၏ မဟာမိတ်ဖြစ်သော ဒီမိုကရက်တစ် ကရင် ဗုဒ္ဓဘာသာ တပ်မတော် (DKBA) တို့ဘက်တွင် ပိုများသည်ဟု ဆိုသည်။
နောက်ဆုံး တိုက်ခိုက်မှုများ စတင်ခဲ့သည့် ဧပြီလ ၁၂ ရက်နေ့က စတင်၍ သေဆုံး ဒဏ်ရာရသူများကို သူ့တပ်ဖွဲ့ဝင်တို့က ရေတွက်ကြည့်ရာ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းအထိ ရန်သူဘက်မှ ၇ ဦးသေ၍ ၃၃ ဦး ဒဏ်ရာရှိခဲ့သည်ဟု အဆိုပါ တပ်မှူးက ပြောသည်။
စခန်း အနီးတဝိုက် ထောင်ထားသော မြေမြှုပ်မိုင်းများနှင့် ထောင်ချောက် မိုင်းများကြောင့် ထိခိုက် သေဆုံးမှုများမှာ အများဆုံး ဖြစ်သည်။
ပူးပေါင်းအင်အား ၂၅ဝ ခန့်ရှိသော မြန်မာစစ်တပ်နှင့် DKBA တပ်တို့သည် ၆ဝ မမ၊ ၈၁ မမ မော်တာ အများအပြားကို အသုံးပြုကာ တိုက်ခိုက်နေကြသည်။
စခန်းတွင်းရှိ တပ်မှူးက အင်္ဂါနေ့မွန်းလွဲ ၃ နာရီခန့်က ပြောကြားရာတွင် နောက်ဆုံး မော်တာဆံများ ကျရောက် ပေါက်ကွဲခဲ့သည်မှာ လွန်ခဲ့သော ၂၅ မိနစ်ခန့်ကဖြစ်ပြီး အခြေအနေမှာ မကောင်းဟု ဆိုသည်။ “သူတို့ ကျနော်တို့ကို နေ့တိုင်း လာတိုက်နေတာ”။
ဤသို့ လာရောက် တိုက်ခိုက်မည်ကို KNLA စစ်သားများက စောစီးစွာ ကတဲကပင် မျှော်လင့်ထားခဲ့ကြပြီး၊ အသင့် ပြင်ဆင်ထားခဲ့သည်ဟု ဆိုသည်။
ထိုဒေသတခုလုံးမှာ မြေမြှုပ်မိုင်းများ၊ ထောင်ချောက် ဗုံးများနှင့် ပြည့်နှက်နေပြီး၊ KNLA အနေဖြင့် သူတို့ကိုယ်ပိုင် ထုတ်လုပ်ထားသော ရှေ့ထွက် မိုင်းများဖြင့် ခုခံတိုက်ခိုက်နေကာ ယင်းသည် မီတာ ၂၅ဝ အကွာအဝေးအထိ ထိရောက်စွာ အသုံးပြု တိုက်ခိုက်နိုင်သည်ဟု KNLA ၏ ဒုဥက္ကဌ ဒေးဗစ်သာကပေါ က ပြောသည်။
ဝါးလေခီးစခန်းသည် KNLA တပ်မဟာ ၆၊ တပ်ရင်း ၂ဝ၁ ၏ စခန်းဖြစ်ပြီး၊ ထိုင်းနယ်စပ်နှင့် ခဲတပစ်သာ ဝေးသော်လည်း သီးခြားဖြစ်နေသော နေရာဖြစ်သည်။ ထိုင်းစစ်သားများက ဤစခန်းသို့ ချဉ်းကပ်လမ်းအဖြစ် အသုံးချနိုင်ဘွယ် လမ်းကြောင်း အားလုံးကို အင်အားအ လုံးအရင်းဖြင့် ပိတ်ဆို့ ကာကွယ်ထားသည်။
စောဘဦးကြီး၏မူ(၄)ရပ်
For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
KNLA နှင့် DKBA ပဋိပက္ခ အထိအခိုက် အကျအဆုံး များ
Wednesday, April 22, 2009
Subscribe to:
Post Comments (Atom)
1 comments:
ကျွန်တော်က ဘယ်လူ၊ ဘယ်သက်ရှိကိုမှ သေစေချင်လိုတဲ့ ဆန္ဒမရှိပါဘူး။ ဒါပေမယ့် KNU တွေကိုတော့ နိုင်စေချင်ပါတယ်ဗျာ။ ကရင်လူမျိုးတွေကို ကျွန်တော်အင်မတန် သနားတယ်ဗျာ။ သူတို့ဘ၀လေးတွေ ကောင်းစားကြပါစေလို့ပဲ ဆုတောင်းပါတယ်။
Post a Comment