ကိုမျိုး
တနင်္လာနေ့၊ မေလ 04 2009 16:31 - မြန်မာစံတော်ချိန်
ရွှေလီ (မဇ္ဈိမ)။ ။ မြန်မာ-ဂျပန် နိုင်ငံတကာ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကို ရန်ကုန်မြို့ သုဝဏ္ဏ အမျိုးသား အားကစားရုံ၌ ယခုလ ၂ ရက်နှင့် ၃ ရက်နေ့တွင် ကျင်းပရာ မြန်မာများ ရှုံးပွဲမရှိ အနိုင်ရခဲ့သည်။
ပြိုင်ပွဲပါဝင်ကြသည့် မြန်မာလက်ဝှေ့ကျော် ၄ ဦးမှာ မျက်မှောက် မြန်မာလက်ဝှေ့လောကတွင် အကောင်းဆုံးဟု သတ်မှတ်ခံထားရသည့် အလွတ်တန်းချန်ပီယံ လုံးချော အပါအဝင် စောငမန်း တွေ့မရှောင်နှင့် ကြယ်လင်းအောင်တို့ ဖြစ်သည်။
မေလ ၂ ရက်နေ့တွင် ၂၇ နှစ်အရွယ် တွေ့မရှောင်နှင့် အသက်တူ ဂျပန်လက်ဝှေ့ကျော် Hiru Kawa Takashi အတွဲ၊ ၂၈ နှစ်အရွယ် ကြယ်လင်းအောင်နှင့် ၃၄ နှစ်အရွယ် Nakagawa တို့ ယှဉ်ပြိုင်ထိုးသတ်သည်။
ထိုပွဲစဉ်တွင် ပရိသတ်များ မျှော်လင့်ထားသည့်အတိုင်း တွေ့မရှောင်က Hiru Kawa ကို ဒုတိယအချီတွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ထိုးခဲ့ကာ၊ ကြယ်လင်းအောင်နှင့် Nakagawa မှာမူ ၅ ချီကစားကာ သရေကျခဲ့သည်။
မေလ ၃ ရက်နေ့တွင် မြန်မာ အလွတ်တန်း ချန်ပီယံ ၃၃ နှစ်အရွယ် လုံးချောနှင့် ၂၈ နှစ်အရွယ် Samukawa ၊ ၂၈ နှစ်အရွယ် စောငမန်းနှင့် ၃၁ နှစ်အရွယ် Takawa Hiroaki တို့ ယှဉ်ပြိုင်ကြသည်။
လုံးချောနှင့် ပွဲစဉ်တွင် ၅ ချီအထိ ကစားကာ Samukawa နှင့် သရေကျခဲ့ပြီး၊ စောငမန်းနှင့် ပွဲမှာမူ အမှတ်စဉ် ၃ ခါ ရေတွက်ပြီးနောက် မြန်မာရိုးရာ လက်ဝှေ့စည်းကမ်းအရ ဒိုင်ပွဲရပ်ဖြင့် Takawa Hiroki က ရှုံးနိမ့်သွားသည်။
လုံးချောနှင့် ထိုးသူသည် မြန်မာလက်ဝှေ့သမား ဘိလပ်မြေစတားနှင့် ထိုးဖူးကာ အနိုင်ရဖူးသူ ဖြစ်သည်။
ပြိုင်ပွဲတွင် ဂျပန်လက်ဝှေ့သမားများက မြန်မာ့ရိုးရာလက်ဝှေ့ ခေါင်းစည်းအောက်တွင် မြန်မာ့ရိုးရာ လက်ဝှေ့စည်းမျဉ်းများအတိုင်း ဗလာလက်သီးများဖြင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။
မြန်မာ့ရိုးရာလက်ဝှေ့ကို စိတ်ဝင်စားသည့် ဂျပန်ကစားသမား ၄ ဦးသည် ဂျပန်ကိုယ်ခံပညာ ကရာတေး (Karate)၊ ဂျူဒို (Judo)၊ ကစ်ဘောက်စင် (Kick boxing) ဖြင့် ဝင်ရောက် ထိုးသတ်ခဲ့ခြင်း ဖြစ်သည်။
Samukawa မှာ ကရာတေးပြိုင်ပွဲ ၂၈ ပွဲ ယှဉ်ပြိုင်ဖူးသူ ဖြစ်သည်။ နိုင်ပွဲ ၁၈ ပွဲ၊ ရှုံးပွဲ ၇ ပွဲနှင့် သရေ ၃ ပွဲ ရရှိထားကာ MMAAU ပြိုင်ပွဲ၌ ချန်ပီယံ ၃ ကြိမ်၊ J -network မစ်ဒယ်ဝိတ် ချန်ပီယံပွဲ၌ တကြိမ်၊ M-1 လိုက်ဟက်ပီးဝိတ် ချန်ပီယံပြိုင်ပွဲ၌ တကြိမ် ရွှေတံဆိပ်များ ဆွတ်ခူးခဲ့ကြောင်း မြန်မာပြည်ထုတ် ဒေးလီစပေါ့ Daily Sport အားကစားဂျာနယ်တွင် ရေးသားထားသည်။
ယခု ကျင်းပခဲ့သည့် ယှဉ်ပြိုင်ထိုးသတ်ပွဲသည် မြန်မာ့ရိုးရာ လက်ဝှေ့ စည်းကမ်းအတိုင်း နိုင်ငံခြားမှ လာပြိုင်သည့် ပဉ္စမမြောက် ပွဲစဉ်လည်း ဖြစ်သည်။
ဂျပန်လက်ဝှေ့သမားများနှင့် ယှဉ်ပြိုင်ခဲ့သည့် မြန်မာလက်ဝှေ့ကျော် ၄ ဦးအကြောင်းကို မဇ္ဈိမက လက်ဝှေ့လောကနှင့် အကျွမ်းတဝင်ရှိသူ တဦးထံ ဆက်သွယ်မေးမြန်းကာ ဆက်လက်၍ တင်ပြလိုက်ပါသည်။
တွေ့မရှောင်
တွေ့မရှောင် (ခ) ရန်နိုင်လင်းသည် တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ပုလောဇာတိဖွား မွန်လူငယ် ဖြစ်သည်။
KLN ကလပ်အသင်းမှ ဖြစ်ကာ၊ ၂ဝဝ၃ ခုနှစ်မှ စတင်၍ ပြည်နယ်နှင့် တိုင်း လက်ဝှေ့ချန်ပီယံ ဘဝမှ လက်ဝှေ့လောကတွင် အောင်မြင်ကျော်ကြားလာသည်။
ထိုးကြိတ်ခဲ့သည့် ပွဲပေါင်း ၃၆ ပွဲတွင် ရှုံးပွဲ တပွဲ၊ သရေပွဲ ၄ ပွဲ ရှိခဲ့ပြီး၊ ကျန်ရှိသည့် အနိုင်ပွဲ ၃၁ ပွဲအနက် အလဲထိုးပွဲ ၂၅ ပွဲဖြင့် အောင်ပန်းဆွတ်ခူးနိုင်သဖြင့် မြန်မာ လက်ဝှေ့ပရိသတ်များ၏ အသည်းစွဲ လက်ဝှေ့သမားတဦး ဖြစ်သည်။
တွေ့မရှောင်၏ မိတ်ဆွေဖြစ်ကာ လက်ဝှေ့လောကနှင့် ကျွမ်းဝင်သူတဦးက တွေ့မရှောင်သည် စည်းကမ်းလိုက်နာ၍ လျင်မြန်သွက်လက်သည့် လက်ဝှေ့သမားဖြစ်သဖြင့် မြန်မာပရိသတ်များ ကြိုက်နှစ်သက်ကြောင်း ပြောသည်။
တိကျသည့် တတောင်ရိုက်ချက်၊ ပြင်းထန်သည့် အောက်ခြေ ဖြတ်ကန်ချက်များ၊ ခေါင်းတိုက်ချက်များ၊ အတင်း ဝင်ပူးသတ်သည့် တွဲထိုးလုံး၊ သတ်လုံးနှင့် ကန်ချက်များက အင်မတန် တိကျလျင်မြန်သောကြောင့် ပြည်တွင်းရှိ သူ၏ ပြိုင်ဘက်များကိုယ်တိုင် အထူးသတိထား၊ လေးစားရသည့် လက်ဝှေ့ကျော်ဟု သူက ဆိုသည်။
နိုင်ငံခြားသား လက်ဝှေ့သမားများနှင့် ယှဉ်ပြိုင်အနိုင်ရ ပွဲ အတွေ့အကြုံများ ရှိသည်။
၂ဝဝ၈ ခုနှစ် မေလ ၂ ရက်နေ့က သြစတြီးယားနိုင်ငံတွင် ပြုလုပ်သည့် Cave Fight ပွဲ၌ သြစတြီးယားချန်ပီယံ သောမတ်ကို ဒိုင်ပွဲရပ်ဖြင့် အနိုင်ယူခဲ့ကာ၊ ၂ဝဝ၈ ခုနှစ် စက်တင်ဘာလက ထိုင်းနိုင်ငံမှ မွေထိုင်းချန်ပီယံ ပါဝီကို ၂ ချီမြောက်တွင် ခေါင်းတိုက်ချက်ဖြင့် အနိုင်ယူခဲ့သည်။
လက်ဝှေ့ပညာ စတင်သင်ကြားပေးသည့် ဆရာအရင်းသည် ဦးရေမြွေ (မြိတ်) ဖြစ်ပြီး၊ လက်ရှိဆရာမှာ ဦးကျော်စိုး ဖြစ်သည်။
ကြယ်လင်းအောင်
ကြယ်လင်းအောင်သည် ကရင်ပြည်နယ် ကျုံဒိုးဇာတိ ဖြစ်ပြီး၊ ကရင်လူမျိုး ဖြစ်သည်။
တောင်ကလေး ကလပ်အသင်းမှ ဖြစ်ကာ၊ လက်ဝှေ့လောက စကားအရ ပြောရလျှင် မာဂုဏ်မြင့်မားသည့် လက်ဝှေ့သမား ဖြစ်သည်။ လက်ရှိတွင် နာမည်ကျော်ကြားနေသည့် တွေ့မရှောင်ကိုပင် အလဲထိုး အနိုင်ရခဲ့ဖူးသည်။ သူသည် နိုင်ငံတကာပွဲ အတွေ့အကြုံများ အနေဖြင့် ထိုင်းနိုင်ငံမှ မွေထိုင်း လက်ဝှေ့သမားများနှင့် အမြဲထိုးလေ့ရှိသည်။
ခံနိုင်ရည် အလွန်ရှိသည့် လက်ဝှေ့သမားတဦး ဖြစ်သော်လည်း သတ်လုံးသတ်ကွက်များ လေးလံသဖြင့် ပရိသတ်အကြိုက် နည်းပါးကြောင်း သိရသည်။
ယခင်က တွေ့မရှောင်ကို အလဲထိုး အနိုင်ယူခဲ့ဖူးသည်။ နောက်ပိုင်းတွင် နယ်ဒေသတွင်သာ အနေများသဖြင့် ပွဲအတွေ့အကြုံ ကွာခြားမှု ရှိလာပြီး၊ ယခု တွေ့မရှောင်နှင့် ပွဲစဉ်များတွင် သရေကျရန်ပင် ခံစစ်အနေအထားဖြင့် ထိုးရသည့် အခြေအနေသို့ ရောက်လာနေကြောင်း လက်ဝှေ့ပညာ လေ့ကျင့်မှုနှင့် နည်းစနစ်ပိုင်းတွင် အားနည်းချက် ရှိလာခြင်းဖြစ်ကြောင်း လက်ဝှေ့လောကနှင့် အကျွမ်းတဝင် ရှိသူက ဆိုသည်။
နည်းပြဆရာမှာ ဦးစောရီလေး (တောင်ကလေး) ဖြစ်သည်။
လုံးချော
လုံးချောသည် ဧရာဝတီတိုင်း ညောင်တုန်းဇာတိ ဖြစ်ပြီး၊ ကရင်လူမျိုး ဖြစ်သည်။
၂ဝဝ၃ ခုနှစ်က စတင်၍ မြန်မာလက်ဝှေ့လောကတွင် ချန်ပီယံတဦး ဖြစ်လာသည်။ ညာဖြောင့် လက်သီးဖြင့် နာမည်ကြီးပြီး၊ ပြိုင်ဘက်များကို ပွဲတိုင်းလိုလို ပြတ်သားစွာ အနိုင်ယူနိုင်ခြင်း မရှိဘဲ၊ သရေပွဲစဉ် များကြောင်းနှင့် ထို့ကြောင့်လည်း လက်ဝှေ့လောကတွင် လုံးဒရောဟု လှောင်ပြောင်ခေါ်ဝေါ် ခံရကြောင်း သိရသည်။
သရေပွဲစဉ်များကြောင့် သူ့အပေါ် မြန်မာလက်ဝှေ့ ပရိသတ် အကြိုက်နည်းလာနေသည်။ ပြိုင်ဘက်များနှင့် ယှဉ်ပြိုင်ထိုးသတ်နေချိန်တွင် ညာလက်ကို ဆန့်တန်းပြီး၊ အမြဲလိုလို ထုတ်ထားလေ့ရှိကာ ပြိုင်ဘက်ကို ပင့်ဒူး၊ ပင့်လက်သီးများ တွင်တွင်သုံးတတ်သော်လည်း ထိထိမိမိ မရှိလှကြောင်း အကျွမ်းတဝင်ရှိသူက ဆိုသည်။
သို့သော် ယခု ဂျပန်နှင့် ပွဲစဉ်များမှာတွင် မာဂုဏ်လည်း ရှိ၊ ပွဲအတွေ့အကြုံလည်း ရှိခြင်းကြောင့် အနိုင်ရခဲ့သည်ဟု ဆိုကြသည်။
သင်ဆရာမှာ ဦးဝင်းဇင်ဦး ဖြစ်သည်။
စောငမန်း
စောငမန်း ကရင်ပြည်နယ် ဖားအံဇာတိ ကရင်လူမျိုး ဖြစ်သည်။
Ever Green ကလပ်အသင်းဝင်ဖြစ်ပြီး လက်ဝှေ့ထိုးသတ်သည့် သက်တမ်းမှာ လက်ရှိ ချန်ပီယံ လုံးချောထက် စီနီယာ ကျသော်လည်း ကံခေသူမို့ ချန်ပီယံဖြစ်ခွင့် မကြုံရသေးကြောင်း သိရသည်။
ပြင်းထန်သည့် ထိုးချက်များ၊ ကန်ချက်များနှင့် ဂျိုစောင်းတိုက်ချက်များကို အသုံးပြုလေ့ရှိပြီး ပြိုင်ဘက်များကို ချုပ်၍ ကိုင်ပေါက်သည့် နေရာတွင် အထူးကျွမ်းကျင်သူ ဖြစ်သည်။
သူ၏ ဆရာမှာ ဦးမောင်ကျော် ဖြစ်သည်။
စောဘဦးကြီး၏မူ(၄)ရပ်
For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
ဂျပန်နှင့် ထိုးသတ်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု မွန်၊ကရင် လက်ဝှေ့ကျော်များ အနိုင်ရ
Tuesday, May 5, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment