စောဘဦးကြီး၏မူ(၄)ရပ်

For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

Archives

အနားတောင်းစနစ်မဲ့ လက်ဝှေ့ပွဲတွင် ဂျပန်က သရေနှင့် အရှုံးရရှိ

Tuesday, May 5, 2009


NEJ / ၄ မေ ၂၀၀၉


မေလ (၂) ရက်နေ့နှင့် (၃) ရက်နေ့က ရန်ကုန် သုဝဏ္ဏအားကစားပြိုင်ကွင်းတွင် အနားတောင်းစနစ်မပါသော မြန်မာ-ဂျပန်ရိုးရာလက်ဝှေ့ပွဲကို ကျင်းပခဲ့သည်။

လက်ဝှေ့ပွဲကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ၊ အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံရိုးရာ အားကစားအဖွဲ့ချုပ်က ကြီးမှူးကာ H&S Group ဦးစိုင်းဇော်ဇော် (ဇော်ပစ်တိုင်းထောင် ဗီဒီယို) က စီစဉ်ခြင်းဖြစ်သည်။


လက်ဝှေ့ပွဲအတွက် တာဝန်ယူရသော အားကစားဝန်ကြီးဌာနက ၎င်းပွဲကျင်းပရန်အတွက် ရန်ပုံငွေ သိန်း (၈၀) ကျော်သွင်းရပြီး ပွဲကြည့်သူများမှာ (၂,၀၀၀) ကျော်သာ ရှိကြောင်း အဆိုပါဌာနမှ အရာရှိတဦးက ပြောသည်။

၎င်းတို့လက်ဝှေ့ပွဲတွင် အနားတောင်းစနစ် ထည့်သွင်းမထားကြောင်း၊ ယင်းမှာ မြန်မာနှင့် ဂျပန်သဘောတူထားသော စည်းကမ်းဖြစ်ကြောင်း လက်ဝှေ့နည်းပြ ဦးဝင်းဇော်ဦးက ပြောသည်။

မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ ပထမနေ့ ပွဲစဉ်တွင် တွေ့မရှောင်ကို အရှုံးပေးခဲ့ရသူ Crazy Hill (ခရေဇီဟေး) က စစ်မြေပြင်တွင် စစ်တိုက်သကဲ့သို့ မြန်မာ့လက်ဝှေ့ကျော် တွေ့မရှောင်၏ တိုက်ခိုက်မှုကို ခံခဲ့ရကြောင်း၊ နောင်တွင် လက်ဝှေ့ထိုးရန် အခွင့်ကြုံပါက ၎င်းတို့၏ နည်းစနစ်ကို သင်ခန်းစာယူမည်ဖြစ်ကြောင်း ပြောသည်။

အနားတောင်းစနစ်မပါရှိသည်ကို ရန်ကုန်ရောက်မှသာ သိရသည်ဟု ကြယ်လင်းအောင်နှင့် သရေထိုးခဲ့သူ Kurenai Toshiya (ကူရီနိုင်းတိုရှီယာ) က ပြောသည်။ “စည်းကမ်းသတ်မှတ်မှုတခုဆိုရင်တော့ လက်ခံပါတယ်။ နောင်လည်း မြန်မာ့လက်ဝှေ့ကို လာပြီး ထိုးချင်ပါသေးတယ်” ဟု ၎င်းက ပြောသည်။

0 comments: